Friday, July 14, 2017

( ၄ ) ရတနဃရသတ္တာဟ -

    ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မုပြီး၍ ရတနာဃရသတ္တာဟ၌ ( ၇ ) ရက်ပတ်လုံး
စံနေတော်မူသည် ။ ၎င်းရတနာဃရသည် မဟာဗောဓိပင်၏ အနောက်ဘက် အတောင် ( ၄၀ )
အကွာ ပေ ( ၃၀၀ ) ခန့်ဝယ် တည်ရှိနေပေသည် ။ နတ်တို့ဖန်ဆင်းသည့် ရတနာရွှေအိမ်၌
( ၇ ) ရက်ပတ်လုံး သီတင်းသုံးတော်မူ၍ အဘိဓမ္မာပိဋကတ်ကို ဆင်ခြင်တော်မူသည်။
        အထူးသဖြင့် အဆုံးမရှိသော နည်းအသွယ်သွယ်နှင့် ပြည့်စုံသည့် ပဋ္ဌာန်းတရားတော်ကြီးကို
သုံးသပ်ဆင်ခြင်သောအခါ နီလ - အပြာရင့်ရောင်၊ ပီတ - အ၀ါရောင်၊ လောဟိတ - အနီရောင်၊
သြဒါတ - အဖြူရောင်၊ မဉ္ဇေဋ္ဌ - မဲ , နီ , ညို ( ၃ ) ခုအပေါင်း မောင်းသောအရောင် (ပန်းရောင်)၊
ပဘဿသရ၊  ပြိုးပြိုးပြက်ပြက်အရောင် ( အရောင်ငါးမျိုးပေါင်း ) ဟူသော ရောင်ခြည် ( ၆ ) သွယ်
တို့လည်း ခန္ဓာကိုယ်မှ ကွန့်မြူးတော်လာခဲ့သည်။ ၎င်းရောင်ခြည်တော်တို့သည် ယနေ့အထိ
စကြာဝဠာ အာကာသအတွင်းသို့ပြေးသွားနေကြဆဲဖြစ်၏ ။
 (သုဓမ္မသိင်္ဂီ ခင်ဆွေလဲ့၏ ဗုဒ္ဓဂယာမြေမြတ်မဟာ တရားစခန်းပွဲဓမ္မခရီးမှ ကူးယူရေးသား
      ပူဇော်ပါသည်။)

 ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment