၁။ ရတနာ မြတ်သုံးပါးနှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိသည့် လူကောင်းတစ်ယောက်ဖြစ်ရန်။
၂။ လောကီအသိပညာနှင့် လောကုတ္တရာအသိပညာများ (နှစ်ဖက်မြင်) ပြည့်ဝစုံလင်သော လူတော်တစ်ယောက်
ဖြစ်ရန်။
၃။ အသိအမြင် မှန်ကန်၍ ယဉ်ကျေးနူးညံ့သိမ်မွေ့သော လူလိမ္မာတစ်ယောက်ဖြစ်ရန်။
၎။ သဘောတရားပိုင်၍ အမြင်ရှင်းပြီး ဘ၀အခက်အခဲကို အမှန်အတိုင်း ကိုင်တွယ်ဖြေရှင်းတတ်ရန် နှင့်
၅။ အကျင့်မှန်ကန်မြင့်မား၍ သံသရာမှ လွတ်ငြိမ်းချမ်းသာရန် ဖြစ်ပါသည်။ ။
* ကြီးပွားတိုးတက်၊ တရားနက်
မိန့်မြွက် ဘိဓမ္မာ။ ။
* အမှတ်အသား၊ မြတ်တရား
ဟောကြား ဘိဓမ္မာ။ ။
* ပူဇော်ထိုက်ပေ၊ တရားတွေ
ဟောလေ ဘိဓမ္မာ။ ။
* ပိုင်းခြားသတ်မှတ်၊ တရားမြတ်
ဟောအပ် ဘိဓမ္မာ။ ။
* ထူးခြားကဲလွန်၊ တရားမွန်
ဟောညွှန် ဘိဓမ္မာ။ ။
{ ဒေါက်တာခင်ယုနွယ်၏ ဘ၀အလင်းရောင်အဘိဓမ္မာမှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment