Saturday, August 19, 2017

ရွှေ၊ ငွေ၊ ငွေစက္ကူ၊ ငွေဒင်္ဂါး လှူဒါန်းခြင်း။

    ရဟန်းတော်များသည် ရွှေတုံး၊ ရွှေထည်အသုံးအဆောင်၊ ရွှေဒင်္ဂါး၊ လက်ဝတ်ရတနာ
စသော ရွှေဖြင့်ပြုလုပ်သော ပစ္စည်းအမျိုးမျိုး၊ ငွေတုံး၊ ငွေထည်အသုံးအဆောင်၊ ငွေဖြင့်ပြုလုပ်
ထားသော ပစ္စည်းအမျိုးမျိုး၊ လှူဒါန်းလာလျှင် လက်မခံကောင်း၊ မသာယာကောင်း၊ မကိုင်
ကောင်းပေ။
         ခေတ်ကာလအလိုက် ရောင်းဝယ်ရေးတွင် အသုံးပြုသော ငွေစက္ကူ၊ ငွေဒင်္ဂါးအမျိုးမျိုး။
(န၀ကမ္မအတွက် လှူဒါန်းပါသည်ဘုရားဟု လျှောက်ထားကာ ကပ္ပိယကာရကညွှန်၍ အပ်နှံပြီး
စီမံသုံးစွဲနိုင်သည်။)
         ငွေကြေးများကို န၀ကမ္မ၀တ္ထုအဖြစ် တိုက်ရိုက်လှူဒါန်းခြင်းကို ၀ိနည်းတော်က ခွင့်မပြု
ပါ။ ယခုအခါ လူအများ လုပ်ရိုးလုပ်စဉ်က စက္ကူအိတ်တွင် ငွေစက္ကူကိုထည့်ပြီး ကပ်လှူကြသလို
အကပ်ခံသူကလည်း ယပ်တောင်၊ အိတ်တို့ဖြင့်ခံယူကြသော်လည်း ၀ိနည်းတော်အရ အပြစ်ရှိ
ပါသည်။
မိမိတို့ ဒကာ/ဒကာမတို့၏ နားမလည်မှားယွင်းမှုကြောင့် ရဟန်းသံဃာများ အာပတ် (အပြစ်)
မသင့်စေရန် မိမိတို့ကိုယ်တိုင် သိထားသင့်ပါသည်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ကောတုဟလမင်္ဂလာနှင့် မိုးခါးရေမသောက်နဲ့မှ ကူးယူရေးသား
  ပူဇော်ပါသည်။ }

  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment