Monday, December 31, 2018

နဂါးရုံဘုရားပုံတော် ပြုသင့်-မပြုသင့်

အရှင်ဘုရား။ နဂါးရုံဘုရားပုံတော်သည် မဟာယာနမှ ဆင်းသက်လာသော ပုံတော်ဖြစ်၍ ထိုပုံတော်များ မပြုလုပ်သင့်ကြောင်း တချို့က ပြောဆိုနေကြပါသည်။ မှန်-မမှန် ဖြေကြားပေးတော်မူပါဘုရား။
( အရှင်နန္ဒာသီရိ-ဦးလှမျိုးနိုင်-တောင်ငူ)

မြတ်စွာဘုရားအလောင်းတော်ရဲ့ ဆရာတွေ။

      မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ

Sunday, December 30, 2018

သာသနာကွယ်ကြောင်း ငါးပါး

အရှင်ဘုရား၊ သာသနာကွယ်ကြောင်း ငါးပါးကို တပည့်တော် သိပါသည်ဘုရား။ သာသနာကွယ်ပြီးချိန်တွင် လူ့ပြည်၌ သူတော်ကောင်းဆိုတာ ရှိပါဦးမလား။ နတ်ပြည်ရောက်ကြောင်း အကျင့်ကောင်းမရှိလျှင် သေလွန်ပြီး နတ်ပြည်ရောက်သည့်ပုဂ္ဂိုလ် ရှိ-မရှိနှင့် သာသနာတွင်း သာသနာပ အခါ၌ နတ်၊ ဗြဟ္မာ ဦးရေ ကွာခြားမှု ရှိ-မရှိ သိလိုပါသည်ဘုရား။
( ဦးသာရှိ (ခ) စိုင်းသန်းရွှေ-တမူးမြို့)


(ဖြေ)
သာသနာပအချိန်နှင့် သာသနာကွယ်ချိန်တို့မှာလည်း သူတော်ကောင်းတွေ ရှိပါသေးသည်။ ကံ ကံ၏အကျိုးတရားကို ယုံကြည်သော သူတော်ကောင်းများသည် မကောင်းကံတွေက မကောင်းကျိုးကို ပေးလိမ့်မည်။ ကောင်းကံတွေက ကောင်းကျိုးတွေကို ပေးလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် မကောင်းမှုကို ရှောင်ကြဉ်၍ ကောင်းမှုကို ပြုလုပ်သော သူတော်ကောင်းတွေ ရှိနိုင်ပါသည်။

မိစ္ဆာဝိတတ်ရဲ့ သဘောတရား။

   မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတတ်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ

Saturday, December 29, 2018

အားကိုးစရာ ၀ိပသနာ

ဝိပသနာအလုပ်ဟာ ဘယ်လောက်ထိ အားကိုးစရာကောင်းတယ်။ အားထုတ်သင့်တယ်ဆိုတဲ့အကြောင်းကို အင်္ဂုတ္တရ အဋ္ဌကထာထဲမှ ထုတ်ပြီး ၀တ္ထုသက်သေပြပါမယ်။

ရှေးရှေးတုန်းက မုဆိုးကြီး တစ်ယောက်ဟာ အမဲလိုက် အလွန် ၀ါသနာပါတယ်။ အသားလည်း အင်မတန်မှကြိုက်တယ်။

လိုချင်တာကို ရှေ့တန်းတင်ပြီး အဓိဌာန်ဝင်နေကြသူများ။

  ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ

Friday, December 28, 2018

အချိန်ကာလသည် တကယ်ရှိသလော

အရှင်နာဂသေနဘုရား၊ အချိန်ကာလဟူသည် အဘယ်နည်း။

မင်းမြတ်၊ အတိတ်သည် အချိန်ကာလမည်၏။ အနာဂတ်သည် အချိန်ကာလမည်၏။ ပစ္စုပ္ပန်သည် အချိန်ကာလမည်၏။

အရှင်ဘုရား၊ အချိန်ကာလ သုံးမျိုးလုံးသည် ရှိနေကြပါသလော။

ဂင်္ဂါမြစ်ဘေး ရေလိုက်ရှာနေသူ။

  “ကာလကဉ္စိကာ”ဆိုတဲ့ ပြိတ္တာကြီး တစ်ကောင် အကြောင်း အဋ္ဌကထာမှာပါတယ်။ ဗုဒ္ဓမြတ်စွာ
လက်ထက်တော် အခါကာလတုန်းက ဂင်္ဂါမြစ်ကမ်းခြေမှာ တောင်ပြေးလိုက်၊   မြောက်ပြေးလိုက်နဲ့
ကမ်းခြေတလျှောက်မှာ ပြေးလွှားနေတဲ့ ပြိတ္တာကြီးတစ်ကောင်ကို ဆွမ်းခံကြတဲ့  ကိုယ်တော်တွေက

Thursday, December 27, 2018

ဘုရားကအရင်လား တရားကအရင်လား

တချို့က မေးတတ်ကြသေးတယ်။
ဘုရားနဲ့ တရား ဘယ်သူက အရင်ပေါ်လာတာလဲတဲ့။
★ ဒီမေးခွန်းကို မေးတတ်ကြတယ်၊ 
ဘာဖြစ်လို့ မေးလဲလို့ဆိုရင် တရားကျင့်လို့ ဘုရားဖြစ်တယ်၊ 
အဲဒီတော့ တရားကျင့်လို့ ဘုရားဖြစ်တယ်ဆိုရင် 
ဘုရားမဖြစ်ခင်က တရားရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ရတယ်။
ဘုရားမဖြစ်သေးခင် ဒီတရားကို ကျင့်ရတယ်၊
အဲဒီတော့ တရားက အရင်ပေါ်တယ်လို့ တစ်ဖက်ကကြည့်ပြီး ပြောစရာရှိတယ်။

ဝိပဿနာအတု (ဒုဗ္ဗလ၀ိပဿနာ)။

      ဒု = မကောင်းသဖြင့် သို့မဟုတ် မှားမှားယွင်းယွင်း ရုပ်နာမ်တို့သဘောကို ပိုင်းခြား
သိမ်းဆည်း ဝေဖန်ခြင်း မရှိဘဲ၊ “ငါ” လဲမဖြုတ်နဲ့ (ဗလ) အားကောင်းကောင်းနဲ့ သို့မဟုတ်
ကြိုးကြိုးစားစား “ငါ” တန်းလန်းနဲ့ အတ္တမှ ကင်းဆိတ်ခြင်း သုံညသဘောကို ကြားနာရှုမှတ်

Wednesday, December 26, 2018

မစ္ဆရိယပြိတ္တာမ


♦မစ္ဆရိယသည် သေးငယ်လျှင် “မိမိပစ္စည်း”
ကိုသာ ဝန်တိုသည်။
♦ကြီးလာလျှင် “သူတပါး၏ ပစ္စည်း”ကိုပါလိုက်ပြီး
ဝန်တိုလာတတ်သည်။
ကျွန်ုပ်၏ တပည့်မလေးတစ်ယောက်မှ
တစ်ဆင့်သိရသော အဖွားကြီးတစ်ယောက်၏
အဖြစ်သည်ကား သနားစရာလည်းကောင်း၊
သံဝေဂရစရာလည်း ကောင်းလှပါသည်။
ထိုအဖွားကြီးသည် မစ္ဆရိယ၏ နှိပ်စက်မှုကြောင့်
မပေးနိုင်မကမ်းနိုင် နှမြောစေးနည်း ဝန်တိုလှသည်။

ဝမ်းကြာတိုက်ထဲကပင် သရဏဂုံဆောက်တည်ခဲ့သူ။

     မြတ်စွာဘုရား လက်ထက်တော်က ဗောဓိကုမာရ မင်းသားဆိုတာရှိတယ်။ ဗောဓိကုမာရမင်း
သား  အမေ့ဝမ်းကြာတိုက် ထဲမှာရှိတုန်း အမေလုပ်တဲ့သူက ဘုရားရှင်ရဲ့ ကျောင်းတော်ကို  သွား
တယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးထံ ရောက်တော့ သရဏဂုံ သီလတွေ ဆောက်တည်တယ်။

Tuesday, December 25, 2018

သမိတိဂုတ္တမ မထေရ်၏ နှုတ်ကြမ်းဝဋ်ကြွေး

သမိတိဂုတ္တမ မထေရ်လောင်းသည် ၀ိပဿီ
ဘုရားလက်ထက်တွင် အမျိုးကောင်းသားတစ်ဦး ဖြစ်ခဲ့လေပြီး ဘုရားရှင်ကို ဖူးတွေ့ရသောအခါ ကြည်ညိုသဖြင့် မြတ်လေးပန်းများဖြင့် ပူဇော်ခဲ့သည်။

ထိုကုသိုလ်ကြောင့် ဖြစ်လေရာ ဘ၀တိုင်းဝယ် အမျိုး၊ အဆင်း၊ အခြံအရံတို့နှင့်ပြည့်စုံကာ သူမတူအောင်နေထိုင်ခဲ့ရသည်။

ကောင်းတဲ့ကုသိုလ်ဖြစ်ဖို့ အခွင့်အရေး ဆုံးရှုံးနေသူ။

   တိရစ္ဆာန် ဖြစ်နေသူဟာ  ငရဲလောက်တော့ မဆင်းရဲပါ။ သို့သော်..ဘုရားပွင့်ပြီးတော့ တရား
ဟောနေတဲ့အချိန် တိရစ္ဆာန်ဘုံ ရောက်နေတယ်၊ နွားဖြစ်နေတယ်၊ ခွေးဖြစ်နေတယ်၊ ကြက်ဖြစ်နေ
တယ်၊ ၀က်ဖြစ်နေတယ်ဆိုရင် တရားနာလို့ သိရမယ့်တရားကို သိနိုင်စွမ်း မရှိပါ။

Monday, December 24, 2018

ကမ္မဠ္စာနုပစာရတရား ၁၅ ပါး (ကမ္မဌာန်း အခြေခံတရား)


၁။ ကမ္မဌာန်းအလုပ် အားထုတ်နိုင်စွမ်းရှိခြင်း။
၂။ ကိုယ်နှုတ်ဖြောင့်မတ် ရိုးသားခြင်း။
၃။ တည်ကြည်သောစိတ် ရှိခြင်း။
၎။ ပညာရှိစကားကို နာယူလွယ်ခြင်း။
၅။ နူးညံ့သိမ်မွေ့စွာ နေထိုင်လေ့ ရှိခြင်း။
၆။ အလွန်မာန မကြီးခြင်း။

ရက်စက်ကြမ်းကြုတ်ခြင်းမှ အကြင်နာတရားသို့။

    မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက် နှစ်ပေါင်း (၂၀၀)ခန့်လောက်တွင် အာသော
ကမင်းကြီးသည် အိန္ဒိယပြည်တ၀ှမ်း စစ်ရေးများဆင်နွဲပြီး ရက်စက်ကြမ်းကြုတ်မှုများ သူများနှင့်
မတူအောင် လုပ်ခဲ့သည်။

Sunday, December 23, 2018

အရဟံဂုဏ်တော် သုံးမျိုး

(၁) အရဟံ-ဟူသောပုဒ်သည် သူ့အတိုင်းထားလျှင် ကိလေသာတို့မှ ဝေးသည်-ဟူသော အနက်၊ အပူဇော်ခံထိုက်သည် ဟူသောအနက် တို့ကို ပြ၏။
(၂) အရ+ဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ကိလေသာရန်သူတို့ကို သတ်သည်ဟူသော အနက်ကို ပြ၏။
(၃) အ+ရဟံ-ဟု ပုဒ်ခွဲလိုက်လျှင် ဆိတ်ကွယ်ရာ၌သော်ပင် မကောင်းမှုကို ပြုလေ့မရှိ ဟူသောအနက်ကို ပြ၏။

၂။ အရ=ရန်သူ (ကိလေသာရန်သူ) ကို၊ ဟံ=သတ်ဖြတ်တတ်၏။
၃။ ရဟ=ဆိတ်ကွယ်ရာ။ အ=မရှိ။

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၅)။

   “အဓိဌာန်”
     ========
ငါ့တွက်များမြောက်  ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ်  အားမထုတ်ဘူး
ဗုဒ္ဓ မြတ်စွာ   သာသနာ၏

Saturday, December 22, 2018

ကိုယ်တွင်းသာသနာနှင့် ကိုယ်ပသာသနာ

သာသနာဆိုသည့် ဘုရားရှင်၏ အဆုံးအမစကားများကို မိမိရင်ထဲ၊ နှလုံးသားထဲမှာ အမြဲကပ်ထားနိုင်လျှင် ကပ်ထားနိုင်သလောက် ကိုယ်တွင်းသာသနာ ဖြစ်နိုင်သည်။
ဥပမာ-ငါးပါးသီလထဲက မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ-မုသားပြောခြင်းမှ ရှောင်ကြဉ်ပါ၏ ဆိုသော သာသနာ့အဆုံးအမ စကားလေးတခုကို မိမိကိုယ်ထဲ စိတ်နှလုံးထဲ အမြဲကပ်ထားဆောင်ထားလျှင် မုသားပြောဖို့ ကြုံတိုင်း ငါက မုသားပြောခြင်းကို ရှောင်ထားတာဖြစ်လို့ ဘယ်တော့မှ မပြောဘူး။ ဒီသီလ၊ ဒီသိက္ခာပုဒ်ကို စိတ်နှလုံးထဲ အမြဲကပ်ထား၊ ဆောင်ထားမယ်။ ဘယ်တော့မှ ကွာမသွားစေရ၊ ပျက်မသွားစေရ၊ မကျိုးမပေါက် မပြောက်မကျားစေရဘူးဆိုလျှင် ကိုယ်တွင်းသာသနာ ဖြစ်ပါပြီ။

အခွင့်အရေးဆုံးရှုံးနေတဲ့သူ။

        ဘုရားပွင့်တဲ့အချိန် ငရဲကျနေတဲ့ ပုဂ္ဂိုလ်ဟာ မြတ်စွာဘုရားဟောတဲ့  တရားကို နာယူပြီး
မြတ်သောအကျင့်ကျင့်ပြီး   နိဗ္ဗာန်ရဖို့ ဆိုတဲ့ အခွင့်အလမ်းတွေ သူ့မှာ မရှိပါ။ အဲဒီ ငရဲကျနေတဲ့ 
ပုဂ္ဂိုလ်တစ်ယောက်ဟာ လုံးဝ အခွင့်အရေး ဆုံးရှုံးနေသူ ဖြစ်ပါတယ်။

Friday, December 21, 2018

ကိုယ်စောင့်နတ်နှင့် သာဝက ဆုရှင်များ

။ ကုသိုလ်အဖို့ဘာဂကို အမျှဝေရာတွင် ကိုယ်မှာစောင့်ကြပ် ကိုယ်စောင့်နတ်မှ အရင်းစ၍-
စသည်ဖြင့် ပေးပို့လေ့ရှိကြရာ ခန္ဓာကိုယ်ကို စောင့်ကြပ်သော ကိုယ်စောင့်နတ် တကယ် ရှိ-မရှိ သိလိုပါသည်ဘုရား။
၂။ အဂ္ဂသာဝက၊ မဟာသာဝက၊ ဧတဒဂ်ရ ရဟန္တာအရှင်၊ အရှင်မ အလောင်းများသည် မိမိတိုပတောင့်တသော ဆုကို ဘ၀တိုင်း သတိရနိုင်ကြပါသလား ဖြေကြားတော်မူပါရန်။
( မမီးမီး-ဗိုလ်တထောင်မြို့နယ် )


( ဖြေ )။ ၁။ အရက္ခဒေ၀တာ-ဟူသော ကိုယ်စောင့်နတ်ရှီကြောင်း ဗုဒ္ဓစာပေတွင် အထင်အရှားရှိသည်။
သို့သော် ကိုယ်စောင့်နတ်ဆို၍ စောင့်ရှောက်အပ်သောသူ၏ ကိုယ်တွင် အမြဲကပ်မှီ၍နေသည်-ဟု မမှတ်ရာ၊ အခြေအနေအရ ကြည့်ရှုစောင့်ရှောက်ခြင်းမျိုးသာဖြစ်၍ ယင်းတို့ကုသိုလ်အားလျော်စွာ ဘုမ္မဋ္ဌ၊ ရုက္ခဋ္ဌ စသည်ဖြင့် ဘုံဗိမာန်များ၌ နေကြသော နတ်များသည်ဖြစ်သည်၊

မူကြိုတို့အတွက် ၀ိပဿနာ။

      မူလတန်းပညာကို တက်ရောက်သင်ယူရန်အတွက် အသင့်ပြင်ဆင်မှုအဖြစ် ကလေးများ
ကျောင်းနေပျော်အောင် မူကြိုကျောင်းကို တက်ရောက်သင်ကြားလေ့ရှိပါသည်။ ဒီနေရာ၌
မူကြိုတို့အတွက် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်တို့ ၀ိပဿနာတရား အားထုတ်ရန် တာစူနေသူတို့ကို

Thursday, December 20, 2018

နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား

အမေး။ ။ဆရာတော်ဘုရား….လူအတော်များများဟာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး နိဗ္ဗာန်ရောက်ပါစေ၊ နိဗ္ဗာန်ရရပါလို၏ လို့ ဆုတောင်းကြတယ်ဘုရား၊ တပည့်တော်သိလိုတာက နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့(ဘုံ)နေရာလား။ ရနိုင်တဲ့(အခြား)အရာကို ခေါ်တာလားဘုရား၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့


အဖြေ။ ။နိဗ္ဗာန်ဆိုတာ တည်နေရာ (ဘုံ)မရှိပါဘူး။ လူအများရောက်နိုင်၊ ရနိုင်ပြီး တကယ်လဲရှိတဲ့ သဘာဝအမှန်တရားတစ်ခုဖြစ်တယ်။ ဒါနဲ့စပ်ပြီး မိလိန္ဒမင်းက ရှင်နာဂသိန်ကို “ နိဗ္ဗာန်ဆိုတာ အမြဲအစွဲတည်ရာ ရှိပါသလား”လို့မေးတော့ ရှင်နာဂသိန်က “နိဗ္ဗာန်ဆိုတာ တည်ရာမရှိဘူး” လို့ မိန့်တော်မူတယ်။ဒီအခါ မိလိန္ဒမင်းက “အရှင်ဘုရား…တကယ်လို့နိဗ္ဗာန်ဟာ တည်ရာမရှိဘူးဆိုရင် နိဗ္ဗာန်လဲရှိမှာ မဟုတ်ဘူး။

မိသားစုလုံး ငြိမ်းအေးလိုလျှင်။

    လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ

Wednesday, December 19, 2018

အကြွေးမဆပ်ရင် သံသရာမှာဘယ်လိုခံရမလဲ

အမေး။ ။အရှင်ဘုရား…..တပည့်တော်က လူတယောက်မှာ အကြွေးရဖို့ရှိပါတယ်။ အကြွေးယူတဲ့သူက ပြန်ပေးရမှာစိုးလို့ မသိသလိုလုပ်နေ ပါတယ်။ တပည့်တော် စိတ်ထဲကသိကအောက်ဖြစ်မိပါတယ်ဘုရား။ ရှင်းရှင်းပြောရရင် အကြွေးယူတဲ့သူကို ခွင့်မလွတ်ချင်ဘူးဘုရား။ ဒါဆိုရင် သံသရာမှာ အကြွေးဆပ်ရမဲ့သူက ဘယ်လိုဖြစ်နိုင်ပြီး၊ တပည့်တော်က ခွင့်မလွတ်နိုင်တဲ့အတွက် ဘယ်လိုဖြစ်မှာပါလဲဘုရား။
မျိုးမင်းထွန်း
မြိတ်


အဖြေ။ ။ အကြွေးမဆပ်ဘဲ သေဆုံးသွားရင် သံသရာမှာ အကြွေးဆပ်ရတတ်ပါတယ်။ အထူးသဖြင့်အပါယ်ကျရောက်တတ်ပါတယ်။ အကြွေးပေး သူက ခွင့်မလွတ်ဘဲ ဒေါသအာဃာတတရားထားနေမယ်ဆိုရင်လဲ အပါယ်ကျတတ်ပါတယ်။ ဒေါသအာဃာတဆိုတာ မထားကောင်းပါဘူး။ ဘုရားရှင်လက်ထက်က ဒေါသအာဃာတကြောင့် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်သတ်ရင်း တစ်ဘ၀ပြီးတစ်ဘ၀ ဖြစ်ခဲ့သေခဲ့ရတယ်ဆို တဲ့အကြောင်းကို ဓမ္မာပဒအဋ္ဌကထာ ကာဠယက္ခိနီဝတ္ထုဖြင့် သိနိုင်ပါတယ်။တကယ်လို့ ခွင့်လွတ်မယ်ဆိုရင်တော့ စိတ်ထားကောင်းတဲ့အတွက် ဘ၀သံသရာမှာ ကျင်လည်ရပေမဲ့လဲ ခုနင်ကလို ဒုက္ခမဖြစ်နိုင်ပါ။

မာနစိတ်၏ ထွက်ပေါက်များ။

       လောကမှာ ဒီမာနဆိုတာက ကျန်နေတတ်တယ်။ မာနဆိုတာ ကိုယ့်ရဲ့အရည်အသွေး  အရည်
အချင်းပေါ်မှာ အခြေစိုက်ပြီးတော့ ဖြစ်ပေါ်နေတဲ့ သဘောတရားတစ်ခုပဲ။ ဒါကို စာပေက “အသ္မိမာန”
လို့ ပြောကြပါတယ်။

Tuesday, December 18, 2018

ကျမ်းဂန်လာသာသနာဖျက်နတ်များ

နတ်ဟုဆိုလိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်
အများစုက ကိုးကွယ် ဆည်းကပ်စရာသူ
တော်ကောင်းနတ်များဟုသာ ထင်နေကြ
သည်။ တကယ်ကျတော့ သာသနာဖျက်
သူယုတ်မာနတ်များ အများအပြားရှိသည်။
သာဓကနှစ်ခုထုတ်ပြပါမည်။

အဓိပ္ပါယ်မသိတဲ့ “ဥုံမဏိပဒ္ဓေဟုံ”။

        “ဥုံမဏိပဒ္ဓေဟုံ” စာတန်းကို မော်တော်ကားမှာကပ်သူကပ်၊ လ္ဘက်ရည်ဆိုင်မှာချိတ်သူချိတ်၊
ဘုရားခန်းမှာထားသူထား၊ အဆောင်အယောင်အဖြစ် ကိုယ်နဲ့မကွာ ဆောင်သူဆောင်နှင့် ရိုးရိုး
စက္ကူကပ်ပြားအဆင့်သာ မဟုတ်တော့ဘဲ တန်ဖိုးရှိပစ္စည်းများဖြင့် သားသားနားနားပင် လုပ်ပြီး

Monday, December 17, 2018

ဝိပဿနာ အမေးအဖြေများ


မေး။ ။ တရား အားထုတ်သူတိုင်း ထိုင်နေပြီး နှာသီးဝ နှုတ်ခမ်းဖျားကိုသာ ကြည့်နေရမှာပါလား။

ဖြေ ။ ။ ကုသိုလ်တရားအတွက် ဒါနကုသိုလ်က အလှူခံပုဂ္ဂိုလ်၊ လှူဖွယ် ၀တ္ထုကိုအာရုံပြုပြီး ပေးလိုတဲ့စေတနာနဲ့ လှူရတယ်။ သီလကုသိုလ်က စောင့်ထိန်းစရာ ရှောင်ကြဉ်စရာတွေကို အာရုံပြုပြီးကိုယ်နဲ့နှုတ်ကို စောင့်ထိန်းရတယ်။ သမထ ကုသိုလ်က ကသိုဏ်း နိမိတ် ပညတ်အာရုံကို အာရုံပြုပြီးတည်ကြည်မှု သမာဓိအားကောင်းအောင် သတိနဲ့ကြည့်ရတယ်။ 

ရွှေလက်မြဲမြဲ တွဲကြစို့။

  ဘယ်လောက်ရုပ်ချောချော၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက် ပညာတက်တက်၊ တစ်နေ့ကျ သေမှာပဲ၊
  ဘယ်လောက် ပစ္စည်းရှိရှိ၊ တစ်နေ့ကျ သေမှာပဲ၊

Sunday, December 16, 2018

ချစ်တာနဲ့ မေတ္တာ

-ချစ်တာနဲ့ မေတ္တာဟာ တူသလိုနဲ့ ကွဲပြားလှပါတယ်။

- ချစ်တာက သံယောဇဉ်ကို အရင်းခံပြီး မေတ္တာကတော့ ဗြဟ္မစိုရ်တရားကို အရင်းခံပါတယ်။ 
- သံယောဇဉ်ဟာ ပူလောင်စေတတ်ပြီး ဗြဟ္မစိုရ်ကတော့ အေးမြစေတတ်ပါတယ်။
- ချစ်တာက ကိုယ့်အတွက်ဖြစ်ပြီး မေတ္တာက သူများအတွက်ပဲ ဖြစ်ပါတယ်။ 

အခွင့်ကောင်းကို ရအောင်အသုံးချယူသူ။

          သံသရာဝဋ်က လွတ်ကင်းဖို့ တရားဓမ္မတွေကို မြတ်စွာဘုရားက ဟောပေးခဲ့ပါတယ်။   ထို
ဟောထားတဲ့ တရားဓမ္မတွေကိုကျင့်ဖို့  အခွင့်အလမ်း  မရရှိတဲ့ ပုဂ္ဂိုလ်တွေ ရှိကြပါတယ်။  လောက
မှာ လူဖြစ်လာသော်လည်း အခွင့်အရေးဆုံးရှုံးနေတဲ့ ပုဂ္ဂိုလ်တွေက အများကြီးပါ။ သံသရာလည်နေ

Saturday, December 15, 2018

ကိုယ်လုပ်မှ ကိုယ်ရမယ်


**တန်ခိုး ပညာအထူးကဲဆုံး ဘုရားရှင်သော်မှ သူတစ်ပါးဒုက္ခကို ကယ်တင်မပေးဘဲ ဘယ်လိုလုပ်ဆိုတာလောက်ပဲ လမ်းညွှန်ပေးပြီး" ကိုယ်လုပ်မှ ကိုယ်ရမယ်"လို့ ပြောခဲ့ပါတယ်**

သိကြားမင်းကတောင် ရှိခိုးတယ်ဆိုမှတော့.....
ဗေဒင်သုံးးပုံတက်ကျွမ်းသူ၊ မင်းဘုရင်၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်စသူတို့က ရှိခိုးရတဲ့ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ပြုလုပ်သူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊ တရားနဲ့အညီ မိဘ၊ သားမယားကို လုပ်ကိုင်ကျွေးမွေးသူတို့ကို ရှိခိုးပါတယ်။ 
(သံ၊ ၁၊ ၂၃၆)

ဒယ်အိုးဆရာတော်၏ ဖြစ်သမျှအကြောင်း ကောင်းအောင်လုပ်ပါ။

        ဗုဒ္ဓမြတ်စွာဘုရားက “သတ္တာနံ ၀ိသုဒ္ဓိယာ ” သတ္တ၀ါတို့ရဲ့ စင်ကြယ်ဖို့ရာ “ဧကယနော ယံ
ဘိက္ခဝေ မဂ္ဂေါ” တဲ့၊ ဘိက္ခဝေ ငါ၏ချစ်သား တပည့်များတို့ ဧကယနော တစ်ကြောင်းတည်းသော
လမ်းသည် မဂ္ဂင်လမ်းပဲရှိပါတယ်။ ဒို့တွေကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ဟာ လမ်းပြပုဂ္ဂိုလ်ကြီးပါ။

Friday, December 14, 2018

တရားနာတာနဲ့တရားအားထုတ်တာ ဘယ်ဟာကကုသိုလ်ပိုရပါလဲ

အမေး။ ။အရှင်ဘုရား...တပည့်တော် မသိလို့မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ကုသိုလ်ရနိုင်ပါသလားဘုရား။
တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော်သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ
နေရပ်မ်ရှိ

“တရားပွဲတော်မှ ဖိတ်ကြားပါသည်။”

၁။   သာသနာနှင့်  လူ့ဘ၀၊
      တွေ့ဆုံဖို့ရန်  လွန်စွာခက်ခဲလှ။
      သာသနာနှင့်  တွေ့ဆုံတုန်း၊
      တရား များများ  နာကြအုန်း။

Thursday, December 13, 2018

မိမိစိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူဖြစ်အောင် ကျင့်ရမည်

ရဟန်းတို့ သင်တို့သည် သူတစ်ပါး၏ စိတ်ဖြစ်ပုံ၌ လိမ္မာ ကျွမ်းကျင်မှု မရှိလျှင် မိမိစိတ်ဖြစ်ပုံ၌ လိမ္မာကျွမ်းကျင်သူဖြစ်အောင် လုပ်မည်ဟု ကျင့်ဆောင်အပ်၏။

ချစ်စိတ်၊ မုန်းစိတ်၏ ထွက်ပေါက်။

    လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း
မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့   စိတ်
ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် “ဥပေက္ခာ” ပွားရပါမယ်။

Wednesday, December 12, 2018

ထေရ၀ါဒ စစ်တမ်း

မီးကွင်းသည် လို့ ယူဆ၍ ဒက္ခိဏသာခါရုပ်ပွားကိုထုလုပ်လျှင် ဗုဒ္ဓ၏သပ္ပါယ်သော ရုပ်လက္ခဏာကိုဖျက်ဆီးရာရောက်သည်။ စီးပွားတတ်သည် လို့ ဆင်စီး မြင်းရံဘုရားကို ထုလုပ်လျှင် ဘုရားရှင်၏မဟာကရုဏာကို ပြက်ရယ်ပြုရာရောက်သည်။ ရာထူးတတ်သည်ဟု ယူဆ၍ မကိုဋ်စလွယ်ဆင်ရုပ်ပွားကိုထုလုပ်လျှင် ရဟန်းတစ်ပါးကို ယုတ်နိမ့်သော အ၀တ်အစားများဖြင့် ၀တ်ဆင်ပေးရာရောက်သည်ဟု တွေးခေါ်မြော်မြင်ပြီး ထိုပုံမျိုးကို မကိုးကွယ်ဘဲရဟန်းနှင့်တူသောထိုရုပ်ပွားတော်ကိုသာ ကိုးကွယ်ခြင်းသည် ဗုဒ္ဓ၀ါဒ။

ဥူးသုမင်္ဂလ၏ ၀ိတက် တို့ရဲ့ သဘောတရား။

      အဲဒီအတွက် ဗုဒ္ဓဘုရားရှင်က “ဒွေဓါဝိတက္ကသုတ်” မှာဟောထားတာက= ၀ိတက်ဆိုတာ
အတွေးအကြံကိုပြောတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဟာ ဘုရားမဖြစ်ခင် ဗောဓိပင်နှင့်
ရွှေပလ္လင်ပေါ်မှာ သဗ္ဗညုတ ရွှေဉာဏ်တော် မရောက်ခင် ကြံစည်ခြင်း ၀ိတက်နဲ့ ပတ်သတ်ပြီး

Tuesday, December 11, 2018

မထီမဲ့မြင် မပြုနှင့်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီရာ တစ်ခုသော လွင်ပြင်၌ အလွန့်အလွန် ကျယ်ပြန့်သော ညောင်ပင်ကြီးတစ်ပင်အောက် 
ရောက်သွားပါတယ်။

(မိခင်လောင်း၊ ဖခင်လောင်းများအတွက်) သားသမီးရတနာတွေရအောင် နည်းကောင်းများ။

    ဦးဇင်းတို့အမေ  မှားခဲ့တာတစ်ခု  ရှိခဲ့တယ်။ ဦးဇင်းတို့ ငယ်ငယ်တုံးက  ပြောပြီးပြီ၊ အရက်မ
သောက်တတ်ဘူး၊ ဆေးလိပ်မသောက်တတ်ဘူး ပြောသလိုဘဲ၊ ဖဲမရိုက်တတ်ဘူးလို့ မပြောလိုဘူး။
ဖဲရိုက်တတ်တယ်၊ ဘာဖြစ်လို့ ဖဲရိုက်တတ်သလဲ ဆိုတော့ ဖဲရိုက်တာ ၀ါသနာကို ပါလာတယ်။ အဲဒါ

Monday, December 10, 2018

အယူတိမ်းလို့ နတ်စိမ်းဖြစ်


နည်းနည်း ကိုးကွယ်တဲ့ထဲက သာသနာပြုဆိုတဲ့ဟာလေးလည်း ကြည့်လိုက်ကြရအောင်ပါ၊ နတ်တွေထဲက နတ်ကိုးကွယ်တဲ့ထဲကပေါ့၊ ဘုရားဒကာကိုကြီးကျော်၊ ကျောင်းဒကာ ကိုကြီးကျော်တဲ့၊ အရက်သမား၊ ဖဲသမား၊ ကြက်တိုက်သမား သေတာတောင် လမ်းဘေးမှာ အန်ဖက်ဆို့သေခဲ့တဲ့ သူ၊ ဘယ်လိုလုပ်ပြီး ဘုရားတည်ခဲ့ပါသလဲ၊ ကျောင်းဆောက်ခဲ့ပါသလဲ၊ ကိုကြီးကျော်ဆောက်ခဲ့တဲ့ ကျောင်း၊ တည်ခဲ့တဲ့ဘုရား သမိုင်းထဲမှာ မကြားဘူးခဲ့ပါ။

မနာလိုစိတ်၏ ထွက်ပေါက်များ။

   လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။

Sunday, December 9, 2018

အသက်ရှည်စေသည့် ကုသိုလ်များ

သူ့အမည်ကား စဝ်နွံကြည်၊ ကျိုင်းတုံမြို့သား၊ ရှမ်းအမျိုးသား တစ်ယောက်ပင်ဖြစ်ပါ၏။ သူသည် ယခင်က ရှမ်းသောင်းကျန်းသူ တစ်ယောက်ပင်။ နောက်လက်နက်ချ အလင်းဝင်၍ ကျိုင်းတုံမြို့မှာပင် အခြေတည်ကာ သမ္မာအာဇီဝဖြင့် လုပ်ကိုင်စားသောက်နေခဲ့သည်။ စဝ်နွံကြည် အလင်းဝင်ပြီး မကြာမီမှာပင် ငယ်ဆရာတော်အား လှူဖွယ်ဝတ္တုမျိုးစုံဖြင့် သွားရောက် ကန်တော့သည်။

နိဝရဏတရား ၅ ပါး။

     နိဝရဏတရား ၅ ပါးမှာ ==
၁။ ကာမ စ္ဆန္ဒ နိဝရဏ = မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ မနော(စိတ်)ဟူသော ခြောက်ပါးသော
                             ဒွါရတို့ဖြင့် ဝေဒနာခံစားချင်သောစိတ် ခံစား၍ အားမရ တင်းမတိမ်
                             နိုင်သောစိတ်။

Saturday, December 8, 2018

သူတော်ကောင်းရတနာ ခုနှစ်ဖြာ အပြည့်ကိန်းနေတဲ့သူ ။

   ဗုဒ္ဓဘုရားရှင်က အကုသိုလ်ဖြစ်မယ့် အလုပ်မျိုးကို လုံးဝမလုပ်ကြပါနဲ့။ ကြောက်ကြစမ်းပါ၊
ကုသိုလ်ဖြစ်မယ့် အလုပ်မှန်သမျှ လုပ်ဖြစ်အောင် လုပ်ကြ။ အခု လောကီမှာရှိတဲ့ ရာထူးတွေ၊
စည်းစိမ်တွေ၊ ဂုဏ် ပါဝါတွေနဲ့ ဘုရားရဲ့အဆုံးအမမှာ ဘုရားအဆုံးအမက တန်ဘိုးရှိပါတယ်။

ဓမ္မရေးရာ မေးစရာ

ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား။
၁။ နတ်တွေ နတ်ပြည်ဆင်းပြီး အလှူပေး
ကြောင်း မှတ်သားဖူးပါသည်။ နတ်ဘုံတွင် 
ဒါန သီလ ဘာဝနာ လုပ်လို့ရနိုင်မရနိုင်သိ
လိုပါသည်။

၂။ သူတစ်ပါးပစ္စည်းကို စိတ်ထဲကယူမိရင်
ငါးပါးသီလ ပျက်သလား။

Friday, December 7, 2018

သြကာသဘယ်နှစ်မျိုးရှိလဲ...?

ဗုဒ္ဓဘာသာဝင် မှန်သမျှ သြကာသ ကန်တော့ချိုးကို ငယ်စဉ်ကပင် ရထားကြသည်။ သို့သော် ထိုသြကာသ ကန်တော့ချိုးသည် တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဆိုသည့် စကားနှင့်အညီ နေရာဒေသတစ်ခုနှင့်တစ်ခု မတူ ကွဲပြားနေသည်လည်း ရှိကြသည်။ ထိုသြကာသ မူကွဲတို့သည် ၈ မျိုးရှိကြောင်းသိရှိရပေသည်။
၎င်းတို့မှာ-

အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။

       မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ

Thursday, December 6, 2018

စူဠသောတာပန်အဖြစ်နဲ့ သေဆုံးသွားရင် မပုပ်မသိုးဘဲ ဖြစ်နေနိုင်ပါသလား?

 စူဠသောတာပန်အဖြစ်နဲ့ သေလို့ မပုပ်မသိုးဘဲ ဖြစ်နေတာတော့ ဟုတ်ဟန်မတူပါ၊ ဘာကြောင့်လဲဆိုရင် မဟာသောတာပန်ဖြစ်တဲ့ သိရိမာတောင် သေ၍ လေးရက်မြောက်မှာ ဖူးဖူးရောင်လာပြီး ဒွါရကိုးပေါက်တို့မှ ပိုးလောက်တွေ ယိုထွက်လာကြောင်း ဓမ္မပဒအဋ္ဌကထာ ဒုတိယအုပ် သိရိမာဝတ္ထု (၆၈)၌ ပါရှိပါတယ်။
သုတ္တနိပါတ်အဋ္ဌကထာနှင့် အင်္ဂုတ္တိုရ်ဋီကာတို့အရ “ကိလေသာထူပြောသူတို့ရဲ့ ရုပ်အလောင်းများသည် ပုပ်သော်လည်း ကိလေသာကင်းစင်တဲ့ ဘုရား, ရဟန္တာတို့ရဲ့ ရုပ်အလောင်းများကား မပုပ်ကြောင်း” သိရတယ်။

စံပြုထိုက်သော မဟာဝိဟာရကျောင်းတိုက်။

   မြန်မာပြည်ရှိ စံပြုထိုက်သောကျောင်းတိုက်များထဲတွင် မဟာဝိဟာရကျောင်းတိုက်ကြီးသည်လည်း
တစ်တိုက်ပါဝင်လာပါသည်။ အဘယ်ကြောင့်စံပြုထိုက်ပါသနည်း ?။ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်
သောကြောင့်ပင်တည်းဟုဖြေလျှင် မှန်ကန်ပါမည်။

Wednesday, December 5, 2018

သရဏဂုံ တည်သူကို ဘယ်လိုနည်းနဲ့ သိရမှာလဲ

ဒကာ။ ။ ဘုရားလက်ထက်တော်က မည်သူတွေဟာ သရဏဂုံ တည်သွားကြပြီ၊ မြတ်စွာဘုရားထံတရားနာယူရ၍ မည်သူဟာဖြင့် သရဏဂုံတည်သွားပြီဟု ဗုဒ္ဓစာပေတွေမှာ ဖတ်ရပါတယ်၊ သရဏဂုံတည်သူကို ဘယ်လို သိမှတ်ရမှာလဲ ဆရာတော်။

ဆရာ။ ။ သရဏဂုံတည်သူကို ပါဠိလို “သရဏဂတ” လို့ ခေါ်ဆိုတယ်၊ သရဏဂုံ က သုံးပါးရှိတယ်…..

အရှင်ဆေကိန္ဒ၏ ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုးတရားတော် ။

      ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်

Tuesday, December 4, 2018

လူသေလျှင် အိမ်မှာ (၇)ရက် နေ...မနေ ?

လူသေလျှင် အိမ်မှာ (၇)ရက် နေသည်ဟူသော ယူဆချက်ကား ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်းက လက်ခံထားသော ယူဆချက်ဖြစ်သည် ဆိုလျှင် မှားအံ့မထင်၊ ဗုဒ္ဓဘာသာဝင် (၉၀)ရာခိုင်နှုန်း တို့သည်လည်း ဗုဒ္ဓဘာသာတရားတော်၏ အဆုံးအမ၊ အနှစ်သာရကို နားမလည် ကြသူများ ဖြစ်ကြသည် ဆိုလျှင်လည်း လွန်အံ့မယ်မထင်ပါ။

ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။

        လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ

Monday, December 3, 2018

ဘုန်းကံဘာကြောင့်နိမ့်သလဲ



★ လူတွေငယ်စဉ်သိတတ်သောအရွယ်မှစ၍ ယခုအရွယ်အထိ
ဘုန်းကံဟူသော စကားကို ကြားသိခဲ့ရဖူးမှာပါ၊ ဘုန်း နှင့် ကံ သည်
အတူတူပင်ဖြစ်ပါသလား၊ဘုန်းကံနိမ့်ခြင်း မြင့်ခြင်းဟူ၍ ရှိပါသလား
ဆိုသောအတွေးတစ်ချို့ ရှိတတ်ပါတယ်။

သီလသိက္ခာ သာသနာ ရှည်ကြာတည်တံ့ပါစေသော်။


   ဗုဒ္ဓ၏ အဆုံးအမအောက် ခိုလှုံရောက်ရှိလာကြသော ဘုရား၏သားတော် ရဟန်း သာမဏေများ
သည် သံသရာ ၀ဋ်ဒုက္ခမှ လွတ်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း အကျိုးငှာ တောင်းပန်ခဲ့ကြ
သည်ချည်းသာ ဖြစ်ကြ၏။ ထို့ကြောင့် မိမိ၏ မူလရည်ရွယ်ချက် မပျက်ပြားစေရန် နိဗ္ဗာန်၏ ဖီလာကန့်

Sunday, December 2, 2018

အသက်ကြီးခြင်းနှင့် အကျင့်သိက္ခာကြီးခြင်း


လူရဲ့ ခန္ဓာမှာ အတိုချုပ်ရင် (၂)မျိုးရှိတယ်။

(၁) အသက်အားဖြင့် ကြီးခြင်း

(၂) ကိုယ်ကျင့်သိက္ခာအားဖြင့် ကြီးခြင်း လို့ (၂)မျိုးရှိတယ်။

(၁) အသက်အားဖြင့်ကြီးခြင်းဆိုတာက တမင်ကြိုးစားရတာမှ မဟုတ်ပဲ ဇရာကြိုးက သူ့ဟာသူ ဆွဲသွားတာ။ အားအား မအားအား စိတ်ပါပါ မပါပါ အသက်မကြီးမှာတော့ မပူပါနဲ့လေ။ မအားလဲ အသက်ကတော့ကြီးမှာပဲ။ 

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၃)။

 “သင်တန်းဖွင့်ကြစို့”
  ============
  တို့သာသနာ၊ တို့ဘာသာကို
  မျက်နှာလွှဲထား၊ မကြိုးစားက
  တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့

Saturday, December 1, 2018

တရားမဟောအပ်သူ(၁၆)ဦးနှင့် ၅၅၀ဇတ်တော် ဘာကြောင့်မပြည့်

အမေး။ ။စိတ်ထားမကောင်းသူကို တရားဟောရင် ဟောတဲ့သူမှာ အပြစ်ရှိ-မရှိသိချင်ပါတယ်ဘုရား။ နောက်တစ်ခုက ၅၅၀နိပါတ်တော်လို့ အရေ အတွက်ရှိပါလျှက် ၄၈၀ ကျော်ပဲရှိတယ်ဆိုတာ မှန်-မမှန် တပည့်တော်သိချင်ပါတယ်ဘုရား။
ဖိုးလပြည့်
မြိတ်

အမုန်းစိတ်၏ ထွက်ပေါက်။

    တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ

Friday, November 30, 2018

ဆွမ်းတော်ကို နေ့၁၂ နာရီကျော်တဲ့အထိ ထားကောင်းပါသလား

အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့ ၁၂ နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။တပည့်တော်က နံနက် ၈-နာရီမှာအလုပ်သွားပြီး ညနေ ၆-နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး ၁၀-မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ် ၃၀ အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက် ၈-နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့၁၂-နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အားပြန်လည် ဖြေကြားပေးတော်မူပါဘုရား
ရိုလေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

ရှင်မဟာသီလ၀ံသ ဆုံးမစာ (၁)

၁။ တိလောကဟု၊ မရနှိုင်းတူ
ဖက်မပြူသည်၊ သုံးဆူရတနာ
မာတာပိတ၊ ဆရာစ,သား
အရှင်များကို၊ ပြစ်မှားမဆို

Thursday, November 29, 2018

သီလရှင်ဘယ်အချိန်ကပေါ်ပေါက်လာပါလဲ

အမေး။အရှင်ဘုရား… တပည့်တော်သိချင်တဲ့အောက်ပါပြဿနာများကို ဖြေကြားပေးတော်မူပါဘုရား။
(၁)။ သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။
(၂)။ ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။
(၃)။ သီလရှင်ကို လူယောင်္ကျားက ရှိခိုးသင့်ပါသလားဘုရား။
(၄)။ ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။
အေးသီတာဝင်း
MCC-မြိတ်

သာသနာတော်တွင်မှေးမှိန်အားနည်းလာခဲ့သည့် ၀ိနည်းဆိုင်ရာ ချို့ယွင်းမှုအား တစ်ပိုင်တစ်နိုင် ပြန်လည်ဖေးမမြင့်တင်လိုသော မဟာဝိဟာရကျောင်းတိုက်ဆရာတော် အရှင်ဝိဇ္ဖာနန္ဒ၏ ထေရုပ္ပတ္တိ။


     ဆရာတော် အရှင်ဝိဇ္ဖာနန္ဒသည် တောရဆောက်တည်၍ ၀ိနည်းသာသနာ ပိုမိုထွန်းကား
တိုးတက်ပြီး အရှည်တည်တံ့စေရန်အတွက်လည်းကောင်း၊ ဆုတ်ကပ်ကာလ၌ သာသနာတော်တွင်
မှေးမှိန်အားနည်းလာခဲ့သည့် ၀ိနည်းဆိုင်ရာ ချို့ယွင်းမှုအား စွမ်းနိုင်သလောက် တစ်ပိုင်တစ်နိုင်

Wednesday, November 28, 2018

သမထနဲ့ ၀ိပဿနာ ကွဲနေရတဲ့ သဘော

ဘာဝနာချင်း တူပါလျက် သမထနဲ့ ၀ိပဿနာ ကွဲနေရတဲ့ သဘောကို
ရှင်းပြပါ။

လောဘ ဒေါသ မာန်မာနစတဲ့မကောင်းတဲ့သတ္တိတွေလျော့နည်းစေပြီး ကင်းစေပြီး သဒ္ဓါ ၀ီရီယ သတိ ပညာဆိုတဲ့သတ္တိကောင်း ဓါတ်ကောင်းတွေမိမိရဲ့စိတ်ဓါတ်မှာ တိုးပွားတိုးပွားပြီးလာစေတာက ဘာဝနာ အလုပ်ပါ။

သမထ ဘာဝနာက အာရုံကိုမထင်ရှား မသိသာအောင်ဖုံးကွယ်ထားတဲ့ နီဝရဏတွေကို ဖယ်ခွါနိုင်တယ်။ ၀ိပဿနာဘာဝနာကတော့ မကောင်းကျိုးဆင်းရဲဒုက္ခ အမျိုးမျိုးကို ပေးနိုင်တဲ့ ကိလေသာတွေ
ကိုဖယ်နိုင်တယ်။ သမထရော ၀ိပဿနာပါ ကုသိုလ်စိတ်ဓါတ်ကောင်းတွေကို တိုးပွားလာစေတာခြင်းက အတူတူပါပဲ။ သတိတရားကို အခြေခံထားပြီး အားထုတ်ရတာလည်း အတူတူပါပဲ။

သတိအားကောင်းတဲ့အခါ အာရုံပေါ်မှာ စိတ်ရဲ့တည်နေမှု၊ အဲဒီတည်နေမှုမှာ ကြည်လင်စေတဲ့သဘော တည်ကြည်မှု သမာဓိဟာ အားကောင်းလာတတ်တယ်။ သမာဓိအားကောင်းလို့သမာဓိကသာ ဦးဆောင်ပြီး ရှုပွားတဲ့ဘာဝနာကို သမထဘာဝနာလို့ခေါ်တယ်။

သတိအားကောင်းတဲ့အခါ အာရုံရဲ့အရှိအတိုင်း အမှန်သဘောတရားကို ရှိတဲ့၊ မှန်တဲ့အတိုင်း သိတတ်တဲ့ အသိဉာဏ်ပညာဟာလည်း အားကောင်းလာတတ်တယ်။ အားကောင်းတဲ့အသိဉာဏ်ပညာက ဦး
ဆောင်ပြီးရှုပွားတဲ့ဘာဝနာကိုတော့ ၀ိပဿနာဘာဝနာလို့ခေါ်ပါတယ်။

သမထအာရုံက ကသိုဏ်းနိမိတ် ပညတ်အာရုံများတယ်။ မိမိနုလုံးသွင်းလိုတဲ့ အာရုံကိုရွေးချယ်ပြီး နှလုံးသွင်းတယ်။ ၀ိပဿနာအာရုံက ရုပ်နာမ်သင်္ခါရ ပရမတ်တရားတို့ရဲ့အရှိအတိုင်းအာရုံတွေကို အရှိအမှန်အ
တိုင်းသိအောင် ကြည့်ရတာဖြစ်တယ်။ သမထအားထုတ်ရင် အလုပ် နေရာ အချိန် ဣရိယာပုတ် ရွေးနေရတာများတယ်။ ၀ိပဿနာက အလုပ်မရွေး လုပ်ကိုင်ရင်းရှုနိုင်တယ်။ နေရာမရွေးနေထိုင်ရင်း ပွားများ
နိုင်တယ်။ အချိန်အခါမရွေးအမြဲတမ်းအားထုတ်နိုင်တယ်။ ဣရိယာပုတ် အမူအရာမရွေး ပြောင်းပြင်ရင်းလည်း ရှုမှတ်ပွားများ အားထုတ်နိုင်တယ်။

သမထနဲ့ ၀ိပဿနာကွာခြားတာကို သိသာအောင်ဆိုရင် မိမိက မိမိအိမ်မှာ မိမိပိုင်တဲ့ အပေါ်စက်တီဗွီ အောက်စက်ဗီဒီယိုနဲ့ ဗီဒီယိုတိတ်ခွေ ရုပ်ရှင်ကားကို ထည့်ပြီးကြည့်နေတယ်ဆိုပါစို့။

အသံတိုးနေရင် အကျယ်ချဲ့ပေးလိုက်မှာပဲ။ အရောင်မှိတ်နေရင် အရောင်တင်ပေးလိုက်မှာပဲ။ နောက်ပြီးပြနေတဲ့ကားကို မကြိုက်ရင်
ကြိုက်တဲ့ကားနဲ့ ပြောင်းပြစ်လိုက်တာပဲ။ အငြိမ့်ကား ကြည့်ချင်ရင် အငြိမ့်ကား၊ စစ်ကားကြည့်ချင်ရင် စစ်ကားပေါ့။ မိမိကြည့်ချင်နေတဲ့ အခွေကို မိမိကြိုက်သလိုကြည့်နေတတ်ပါတယ်။

တကယ်လို့ သူများအိမ်ရောက်နေတဲ့အချိန်မှာ သူများတွေကလည်း အပေါ်စက် အောက်စက်နဲ့ ဗီဒီယိုကြည့်နေရင် မိမိလည်းကြည့်နေမိမှာပဲ။ အဲဒီအခါ အသံတိုးရင်ဝင်ပြီးအသံချဲ့မလား။ အရောင်မှိန်ရင် အရောင်တင်မလား။ မိမိမကြိုက်တဲ့အခွေဖြစ်နေရင်ကြိုက်တဲ့အခွေ
နဲ့အစားထိုးလဲပြီး ကြည့်မလား။

ဘယ်ကြည့်မလဲ။သူပြတဲ့အတိုင်းကြည့်မှာပေါ့။ မိမိရဲ့အိမ်။ မိမိပိုင်တဲ့ ဆိုင်တဲ့ ပစ္စည်းတွေမှ မဟုတ်ဘဲ။ ဒီလောက်တော့ သဘောပေါက်နား
လည်ပါတယ်။

အဲဒီလို သဘောပေါက်ရင် သမထဆိုတာက မိမိကြည့်ချင်တဲ့ ကသိုဏ်းနိမိတ် ပညတ်အာရုံကို နှလုံးသွင်းကြည့်တာ။ ၀ိပဿနာဆိုတာ
က ကိုယ်နဲ့မဆိုင်တဲ့ ကိုယ်မပိုင် သူ့သဘောအတိုင်းပြနေတဲ့ ရုပ်နာမ်ပရမတ်အာရုံရဲ့အရှိကို အရှိအတိုင်းသိနေတာ။ ကြည့်နေတာကို
ခေါ်ပါတယ်။ ဘာဝနာသဘောချင်းတူပေမယ့် အာရုံခြင်း နှလုံးသွင်းခြင်း ဦးဆောင်မှုခြင်းကွာခြားပါတယ်။

ဓမ္မဒူတအရှင်ဆေကိန္ဒ
ဝိပဿနာအမေးအဖြေများ - ၁။

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။

  မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား

Tuesday, November 27, 2018

သောတာပန် ဘာကြောင့် အပါယ် မကျသနည်း

သောတာပန်တည်လျှင် အပါယ် မကျနိုင်ကြောင်းကို ဗုဒ္ဓဘာသာတိုင်း နီးပါးသိကြ၏။ ဘာကြောင့် အပါယ် မကျသနည်းဟု ဆစ်ပိုင်းပြီး မေးလျှင် သေချာစွာ ဖြေတတ်သူ အလွန် နည်း၏။ လယ်တီဆရာတော်ကြီး ရေးသားသော အနတ္တဒီပနီကျမ်းသစ်ကိုမှီး၍ ထိုမေးခွန်းကို အကျဉ်းချုပ်ဖြေအံ့။ သံသရာသည် သုံးမျိုးရှိ၏။ ယင်းတို့ကား အောက်သံသရာ၊ အလယ်သံသရာ၊ အထက်သံသရာတို့ဖြစ်၏။

မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၄)။

 (၁)စူးစိုက်သမျှ၊ ကပ်၍ရှု၊
            ဈာန်ဟုခေါ်ဝေါ်သည်။ ။
        (၂)သမထဈာန်၊ ၀ိပသ်ဈာန်၊
            နှစ်တန်ကွဲပြားသည်။ ။

Monday, November 26, 2018

သင်သိရမယ့် အမှန်တရား

✔ ပြဿနာဆိုတာ အလုပ်ကို
သေသေချာချာ လုပ်တတ်ဖို့အတွက်
အသုံးချစရာပဲ။

✔ ဥစ္စာပျောက်တာတောင်
ခံနိုင်ရည်မရှိရင်၊
အသက်ပျောက်ရင် ပိုဆိုးမှာပေါ့။

သာသနာအတွက်စံပြုထိုက်သည့် မဟာဝိဟာရ(၀ိနည်း)ကျောင်းတိုက်။





            မဟာဝိဟာရကျောင်းတိုက်၏ သာသနာပြု အဓိကရည်ရွယ်ချက်မှာ လဇ္ဇီသူတော်
ကောင်းများ ပေါ်ထွန်းရန်နှင့် မြတ်ဗုဒ္ဓမိန့်တော်မူထားခဲ့သည့်သာသနာ အဓွန့်ရှည်တည်တန့်စေရန်
ဖြစ်ပါသည်။

Sunday, November 25, 2018

ဒေါသဆိုတဲ့ တရား

“ဒေါသဆိုတဲ့တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုကဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့်တူတယ်။ ဘယ်လိုပင် ဝှေ့ကြသော်လဲ ဒေါသကို ဘယ်သောအခါမှ မထိဘူး။ ”

ဒုက္ခဖြစ်ကြောင်း အကြောင်းတရားများ။

     ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီး
ရှိပါတယ်။ အဲဒီ နိဂုံးရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဘဒြက ဆိုတဲ့ ရွာ
သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက်ပါတယ်။

Saturday, November 24, 2018

ဒက္ခိဏသာခါ ဆင်းတုတော် နှင့် ထေရဝါဒ ဗုဒ္ဓဘာသာ၏ စပ်လျဉ်းမှု

ဤဆင်းတု၏မူလဇစ်မြစ်မှာမြန်မာ့လက်ရာမဟုတ်ပေ။"မုံးရွှေဇေတ၀န်ဆရာတော်ဘုရားကြီး"က"သမန္တစက္ခုဒီပနီကျမ်း"၌သက္ကရာဇ်(၇၇၈)ခုနှစ်"မိုးညှင်းမင်းတရားကြီး"လက်ထက်၊ဒက္ခိဏသာခါဆင်းတုများ"သီဟိုဠ်(သီရိလင်္ကာ)နိုင်ငံ"မှ"မြန်မာနိုင်ငံ"သို့စတင်ရောက်ရှိလာကြောင်းမိန့်ဆိုထားသည်။

နိကာယ် ၅ ပါး။

     နိကာယ် ၅ ပါးမှာ ==
၁။ ဒီဃနိကာယ် = သုတ်သုံးကျမ်း။
၂။ မဇ္ဈိမနိကာယ် = ပဏ္ဏာသသုံးကျမ်း။
၃။ သံယုတ္တနိကာယ် = သံယုတ်ငါးကျမ်း။