Thursday, February 15, 2018

ဘုရားရှင်၏ဆန္ဒ

 - စေတီအဆူတစ်ထောင်တည်ခြင်း၊
ကျောက်တိုင်အဆူတစ်ထောင်စိုက်ခြင်း
ဆိုတာတွေဟာ ငါဘုရားရှင်ရဲ့ သာသနာ
တော်ကို ယာဂုတနပ်စာတောင်
အထောက်အပံ့မဖြစ်ဘူး ။

   - ငါဘုရားရှင်ကိုချစ်ရင်
ငါဘုရားရှင်ရဲ့ ကျေးဇူးကိုဆပ်ချင်ရင်
ဝိပဿနာကိုသာ ပွားများအားထုတ်ကြ တဲ့။
   တကယ်တော့-
    - ဒါန သီလ သမထ ဆိုတာတွေဟာ
သာသနာပမှာလည်း ရနိုင်ပါတယ်။
   - ဒေဝီလရသေ့တို့ ၊ ဥဒကရသေ့တို့ဟာ
ဘုရားမပွင့်ခင်ကတည်းက
ရှိနေသူတွေပါ။
သူတိုဟာ ရှေ့ နောက် ကမ္ဘာလေးဆယ်
ကိုတောင်မြင်နိုင်ကြတယ်တဲ့။
   - ဒါဟာ ဘုရားရှင်မပွင့်ပေမဲ့လည်း
သာသနာပမှာ ရနိုင်တယ်ဆိုတဲ့
သက်သေတွေပါပဲ။
   - သတ္တဝါတွေကိုသာ ကယ်တင်လိုစိတ်မရှိခဲ့ဘူးဆိုရင် သုမေဓါ ရသေ့ဘဝ ကတည်းက တစ်ပါးတည်းနိဗ္ဗါန်ကို ကူးမြောက်သွားမှာပါ။
   - အခုက သတ္တဝါတွေကို ကယ်တင်ချင်လို့ လေးသင်္ချေ ကမ္ဘာတစ်သိန်းတောင်
ပါရမီဖြည့်ခဲ့ရတာ။
   - ဘုရားရှင်ရဲ့ ဆန္ဒတော်က သတ္တဝါတွေကို ဝိပဿနာ အားထုတ်
စေချင်တာပါ။
   - ဘုရားရှင်ရဲ့ဆန္ဒတော်ကိုနားလည်ပြီး
အကောင်းဆုံးကျေးဇူးဆပ်ဖို့ 
လိုအပ်ပါတယ်•••
  " မိတ်ဆွေတို့လည်း အကောင်းဆုံး ကျေးဇူးဆပ်နိုင်ကြပါစေ"

No comments:

Post a Comment