Friday, February 16, 2018

ကုသိုလ်ဟူသမျှ လေးနက်ကြ

ဆာလောင်နေတဲ့ ခွေးမကြီးကို ကျွေးစရာ
မရှိလို့  ပါးစပ်ထဲလက်ထိုးထည့်ပြီး အံကျွေးတဲ့ရဟန်းတပါးဟာ ဒီဘဝမှာ
လာဘ်လာဘပေါများပြီး အရဟတ္တဖိုလ်ကို
ရသွားခဲ့တယ်

ဓမ္မဒိန္ဒာဟာလည်း ပဒုမုတ္တရ ဘုရားရှင်
လက်ထပ်မှာ ဆံပင်ဖြတ်လှူ ပြီး နိဗ္ဗါန်ဆု
တောင်းခဲ့လို့  ဒီဘဝမှာ ပြည့်သွားခဲ့တယ်
ရှင်သာရိပုတြာရဲ့တပည့်ရဟန်းငါးရာဟာ
လည်း လင်းနို့ တွေဖြစ်စဉ်အခါက ရဟန်း
တပါးရဲ့ ပဋ္ဌာန်းရွတ်ဖတ်သံကို ရိုသေစွာ
နာယူခဲ့ဘူးတဲ့ အကျိုးကြောင့် ဒီဘဝမှာ
ကျွတ်တမ်းဝင်သွားခဲ့တယ်
တိရစ္ဆာန်ဖြစ်တာတောင် ဗုဒ္ဓတရားတော်
တွေက ကယ်တင်နိုင်စွမ်းရှိတယ်ဆိုတာ
ကို မမေ့ကြပါနဲ့ 
ဖားနတ်သားဝတ္တုမှာလည်း ဖားကလေး
ဟာ တရားနာနေတုန်း နွားကျောင်းသား
တုတ်နဲ့ ထောက်မိလို့ သေသွားတယ်
တရားကိုရိုသေတဲ့စိတ်ကလေးက နတ်ပြည်ကိုတောင် ရောက်ရှိစေတယ်
ဆိုတာကို ပြော ချင်တာပါ
ကျွန်တော်တို့ တတွေဟာ ဘုရားရှင်ရဲ့
လေးသင်္ချေကမ္ဘာတသိန်းပေးဆပ်ခဲ့ရတဲ့
အရင်းအနှီးတွေကြောင့် ဘာကုသိုလ်ပဲ
လုပ်လုပ် အကျိုးကျေးဇူး ကြီးကျယ်စွာ
ရ ရှိကြရပါတယ်
ဒါ့ကြောင့်  ဘာကုသိုလ်ပဲပြုလုပ်ပြုလုပ်
နိဗ္ဗါန်ဆုကိုတောင်းမယ်ဆိုရင် တနေ့ နေ့ 
မှာတော့ အထောက်အပံ့ဖြစ်မှာ အသေအချာပါပဲ
ဗုဒ္ဓဘာသာတန်ဘိုးကို
နားလည်နိုင်ကြပါစေ

No comments:

Post a Comment