”ဆင်းရဲငြိမ်းရေး ချမ်းသာရေး”
xxxxxxxxxxxxxxxxxxxxxxxx
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
သူလဲ အားကိုးရှာလေသည်။ ။
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
ငါလဲ အားကိုးရှာပေသည်။ ။
ဘာသာဝါဒ၊ မှန်သမျှ၊
ကြောက်ကြလို့ ပဲ၊ ဖြစ်ပေါ်သည်။ ။
ဆင်းရဲအဖြာဖြာ၊ ငြိမ်းဖို့ ရာ၊
ဘာသာ ကိုးကွယ်သည်။ ။
ရည်ရွယ်ချက်က၊ ထိုဒုက္ခ၊
ငြိမ်းကြဖို့ ပဲ ဖြစ်ပေသည်။ ။
ဆင်းရဲငြိမ်းရန်၊ အလုပ်မှန်၊
ဧကန် လုပ်ရမည်။ ။
ဒုက္ခငြိမ်းရန်၊ တရားမှန်၊
ဧကန် ကျင့်ရမည်။ ။
ကျင့်စဉ်မှန်မှ၊ ထိုဒုက္ခ၊
မုချ ငြိမ်းအေးသည်။ ။
{ပြည်တွင်း၊ပြည်ပ သာသနာပြု ချမ်းမြေ့ ဆရာတော် အရှင်ဦးဇနကာဘိဝံသ၏
ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment