*** ရှေ့ဆောင်နွားလား၊
အဖြောင့်သွားမှ၊
နောက်နွားတစ်သိုက်၊
အဖြောင့်လိုက်၍၊
ရှေ့ဆောင်နွားလား၊
အကောက်သွားလျှင်၊
နောက်နွားတစ်သိုက်၊
အကောက်လိုက်လိမ့်။ ။
ဟု ဗုဒ္ဓမြတ်စွာ ဂါထာတော်နှင့်အညီ ရှေ့ပညာရှိတို့ သီကျူးတော်မူခဲ့ကြသည့်အတိုင်း
ယခုအခါ များစွာသော ကျောင်းကန်တိုက်တာတို့၌ မိမိတို့၏တပည့်ကိုပင် ဆုံးမချင်စိတ်
နည်းပါး၍ လျစ်လျူရှုထားရသည်ကို ကြားသိရသည်မှာ ခေါင်က မိုးမလုံသောကြောင့်သာဟု
ယုံမှားစရာ ဖြစ်နေပါသည်။ ။
(မဟာဂန္ဓာရုံဆရာတော်၏ သာသနာရေးလျှောက်ထားချက် စာအုပ်မှ - )
{ မှော်ဘီမြို့၊ မဟာဝိဟာရကျောင်းတိုက်၊ အရှင်အဘယာလင်္ကာရ(မဟာဝိဟာရ၀ါသီ)၏
ဗုဒ္ဓသာသနာနှင့် ရဟန်းဝိနည်း(အပိုင်း-၁)မှ ကူးယူရေးသားပူဇော်ပါသည်။}
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment