လောကီကိစ္စပဲဖြစ်ဖြစ်၊ လောကုတ္တရာကိစ္စပဲဖြစ်ဖြစ် မည်သည့်ကိစ္စမှာပဲဖြစ်ဖြစ် ဖြစ်နိုင်တာ
နဲ့ မဖြစ်နိုင်တာကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ လုပ်နိုင်တာနဲ့ မလုပ်နိုင်တာ၊ လုပ်သင့်တာနဲ့ မ
လုပ်သင့်တာ၊ ဒါတွေကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ကွဲကွဲပြားပြားသိပြီး လုပ်သင့်တာဆိုရင်
လုပ်ရပါမယ်, မလုပ်သင့်တာဆိုရင် မလုပ်ရပါ။
လုပ်သင့်တာကျတော့ မလုပ်ဘူး, မလုပ်သင့်တာကျတော့ လုပ်မယ်ဆိုရင် အကျိုးဆုတ်ယုတ်
ပါမယ်။ ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို ခွဲခြားပြီးတော့ မသိဘူးဆိုရင် မဖြစ်နိုင်တာကို ဖြစ်နိုင်မယ်
ထင်ပြီးတော့ ပြောနေမယ်၊ လုပ်နေမယ်။ ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီးတော့ ဘေးဖယ်
ထားမယ်ဆိုရင် လွဲမှားမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။
ဘ၀မှာ လမ်းမှန်ရဖို့ဆိုတာ အသိဉာဏ်က အင်မတန်မှ အရေးကြီးပါတယ်။ အခုလို တရားပွဲ
ကြီးတွေ ကျင်းပပြီးတော့ တရားနာကြတာဟာ အသိဉာဏ်အတွက်ပါပဲ။ မြတ်စွာဘုရား ကိုယ်တိုင်
က ဖြေထားတာရှိပါတယ်။ “သုဿုသာ လဘတေ ပညံ”--“ကြားနာချင်တဲ့စိတ်ရှိပြီဆိုရင် ပညာရပါ
တယ်” တဲ့။
တရားနာတာကို အခြေခံပြီးတော့ မသိတာတွေ သိလာတယ်၊ သိပြီးသားတွေ ရှင်းသွားတယ်။
တရားနာတာဟာ တရားကိုသင်ယူတာ ဖြစ်သည့်အတွက် တစ်နာရီ-နာရင် တစ်နာရီ သင်လိုက်တာပါ
ပဲ။ အဲဒီ သင်လိုက်လို့ သိသွားတဲ့ အသိတရားတွေဟာ ပျောက်မသွားပါ၊ အကြောင်းအရာ စကားလုံး
တော့ မေ့ချင်မေ့သွားပါမယ်၊ သို့သော် အသိပညာဆိုတာက ပျောက်မသွားပါ။
ကြားဖူးနားဝရှိနေသည့်အတွက်ကြောင့် ပြန်လည် ဆင်ခြင်သုံးသပ်တဲ့အခါမှာ ထိုကြားဖူးတဲ့
အချက် အလက်တွေကို အခြေခံပြီးတော့ အမှားအမှန်တွေကို ဝေဖန်ခွဲခြမ်း သိစွမ်းနိုင်တဲ့ ပညာမျိုး
သူ့သန္တာန်မှာ ရှိသွားပါတယ်။ ဒီလို နာယူမှု၊ သင်ကြားမှုမရှိဘဲနဲ့ အသိပညာ ရတယ်ဆိုတာ မဖြစ်နိုင်
ပါ။ ဒါကြောင့် ကြားနာချင်စိတ်ဟာ အသိပညာအတွက် အရေးကြီးဆုံးပါ။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း တရားကြားနာခြင်းကြောင့်
အသိပညာ တိုးပွားကာ ပုထုဇဉ်ဘ၀ကို လွန်မြောက်ပြီး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် စတဲ့
ထူးခြားတဲ့ အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ် နိုင်ကြပါစေကုန်သတည်း။
{ ၁၃၇၁-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ကြို့ကုန်းအရှေ့
တရားပွဲ ဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့၏ ဒုတိယအကြိမ် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့်
ဓမ္မပူဇာအခမ်းအနားဝယ် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ဖြစ်နိုင်တာ နှင့်
မဖြစ်နိုင်တာ တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment