Friday, June 1, 2018

မင်းမြှောက်တန်ဆာများ ဆင်ယင်ထားသော ရုပ်ပွားဆင်းတုတော်များ

အချို့သော ကျမ်းဂန်တို့တွင် ကျမ်းပြုစုသူက အလေးမနက် မသုံးသပ်ဘဲ သဒ္ဓာတရား ဖြစ်ပွားစေရန်လောက်ကိုသာ
ရည်ရွယ်၍ ပါဠိလို ရေးထားသော်လည်း ဆရာအစဉ်အဆက် အလေးမမူသော လောကပညတ္တိ ကျမ်းများမှယူ၍
ဖေါ်ပြခဲ့မိကြလေသည် ။ ယင်းကျမ်းတို့ကို နှောင်းလူတို့သည် မူရင်း မဟာဗုဒ္ဓဝင်၌ပါလေဟန် , ပါဠိ အဋ္ဌကထာမှ
လာရှိလေဟန် ထင်မှားကုန်ကြလေသည် ။

ကျီးသဲဆရာတော်ကြီး ဧ။် ၁၉၂၁ ခုနှစ်က ပုံနှိပ်သော ' ဝိမတိစ္ဆေဒနီကျမ်း ' ၌ပင် , အင်္ဂလိပ်လောကဓာတ်ဆရာများ
ပင်လယ်အတွင်း၌ ကြေးပြာဿဒ်ကြီး မြင်တွေ့ရကြောင်း ၁၂၂၅ ခုနှစ် သတင်းစာပါသတင်းကိုပင် ဖေါ်ပြထားသေးဧ။် ။
ထိုအခါမှစ၍ မြန်မာပြည် ထေရဝါဒ သာသနာတို့ လောက၌ အလှူမဏ္ဌပ် ထိုးရာမှ အစ ရှင်ဥပဂုတ်သည် ကန်တော့ပွဲတစ်ပွဲ
ရတော်မူလေသည် ။ သီးခြားကျောင်းဆောင်နှင့် ၊ ရေကန်နှင့် ၊ သမင်လည်ပြန် ကာယိနြေ္ဒမဲ့သော ရုပ်တု ထုလုပ်ကိုးကွယ်ကြလေသည်။
ရှေးကျမ်းပြုဆရာတော်ကြီးများ ထေရဝါဒ ကျမ်းဂန်တို့တွင် မပါသော " မြတ်စွာဘုရားရှင်သည် ရှင်ဘုရင် ဧကရာဇ် များကဲ့သို့
မင်းမြှောက်တန်ဆာများ ဝတ်ဆင်ကာ ဇမ္ဗုပတိ ချွတ်ခန်း " ကို " မဏိကုဏ္ဌလကျမ်း ၊ တထာဂတ ဥဒါန ဒီပနီ " တို့၌ ဖေါ်ပြခဲ့မိရာမှ
ယခုအခါ ထေရဝါဒ ရုပ်ပွားတော် များစွာတို့တွင် အချွန်အတက်များနှင့် မင်းမြှောက်တန်ဆာ ငါးပါးတွင် သံလျှက် မကိုင်ရုံသာဖြင့်
မြတ်စွာဘုရားကို ရှင်ဘုရင် ဧကရာဇ် အဖြစ် မြှောက်စားထားကြ လေတော့သည် ။
ဗုဒ္ဓဘုရားရှင်သည် ရိုးရိုး ဧကရာဇ်မင်းကို မဆိုထားနှင့် စကြဝတေးမင်း အဖြစ်သော်မှ အလိုမရှိ၍ လောကီစည်းစိမ်များကို စွန့်လွှတ်ကာ
ဆံတော်ကိုပင် ပယ်လျက် တောထွက်ပြီးလျှင် ဖန်ရည်စွန်းသော သင်္ကန်းကိုဝတ်ရုံသည့် ရဟန်းအဖြစ် ခံယူခဲ့ခြင်း ဖြစ်သည် ။
ဗုဒ္ဓဘုရားရှင် အလိုမရှိ၍ စွန့်ပစ်ခဲ့သော မင်းမြှောက်တန်ဆာများကို ပြန်လည်ဆင်ယင်ပေးထားခြင်းသည် သင့်တော်ပါမည်လောဟု
စဉ်းစားဖွယ်ပင် ဖြစ်ပေတော့သည် ။ ဘုရားရှင် ကိုယ်တော်မြတ်ကို ထားပါဦး , ယနေ့အခါ သီလ ၊ သမာဓိ ၊ ပညာ တို့ ပြည့်ဝနေသော
ဆရာတော်ကြီး တစ်ပါးပါးကို မင်းမြှောက်တန်ဆာများဖြင့် ဆင်ယင်ပူဇော်ကြည့်မည်ဆိုလျှင် မည်ကဲ့သို့ ရှိလိမ့်မည်နည်း ။
သံဝေဂ ဖြစ်ဖွယ် ကောင်းလေစွ ။ သို့ရာတွင် လူတို့ဧ။် အစွဲသည် အမှန်တရားကို ဖေါ်ပြကြပေမယ့် အမှားကြာတော့ အမှန်အဖြစ်
ကြာရှည်လက်ခံလာသည်ကို မစွန့်လွှတ်လိုသည့် အလျောက် အမှန်ဖေါ်ပြသူကိုပင် မကျေမနပ် ဆန့်ကျင်ကြလေသေးသည် ။
ပိဋကတ် ပါဠိတော်လာ ကျမ်းဂန်များကို နှံ့နှံ့စပ်စပ် ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သော ဆရာတော်ကြီးများကို ချဉ်းကပ်ပြီး
သံသယတို့ကို ဖြေဖျောက်နိုင်မည်ဆိုလျှင် သင့်လှပေတော့သည် ။
နှောင်းပညာရှင်တို့သည် စင်ကြယ်သော ထေရဝါဒ ဗုဒ္ဓကျမ်းစာများကို ရေးသားကြရာ၌ အတုယူဖွယ်ပင် ဖြစ်ပါတော့သည် ။ ။
[ မန္တလေးမြို့ မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးသည် ရခိုင်ပြည်မှာ ထုလုပ်စဉ်က မင်းမြှောက်တန်ဆာများ မပါရှိခဲ့ပါ ၊ နောင်မှ
မင်းမြှောက်တန်ဆာများကို ဆင်ယင်ပူဇော်ထားခြင်း ဖြစ်ပါသည် ]
# ကျမ်းကိုး ။ ။ မေတ္တာရှင် (ရွှေပြည်သာ) ရေး " သညာသိ နှင့် ပညာသိ " #

No comments:

Post a Comment