ဇာဏုသောနိ ပုဏ္ဏားကြီးက ဘုရားရှင်ထံ လာရောက်၍ လျှောက်ထားသည်မှာ :-
" အရှင်ဘုရား ... လောကကြီးထဲမှာ သေရမှာ မကြောက်တဲ့သူရယ်လို့ မရှိဘူး ၊ ကြောက်တဲ့သူချည်းပါပဲ ဘုရား "

" ပုဏ္ဏားကြီး ... ဒီလိုတစ်ထစ်ချ မယူလိုက်နဲ့ ၊ သေရမှာ ကြောက်တဲ့သူလဲ ရှိတယ် ၊ မကြောက်တဲ့သူလဲ ရှိတယ် ၊
ကြောက်တဲ့သူ လေးမျိုး နှင့် မကြောက်တဲ့သူ လေးမျိုး ရှိတယ် " လို့မိန့်တော်မူပြီး ရှင်းပြတော်မူပါတယ် ။

သေရမှာကြောက်တဲ့သူ ပုဂ္ဂိုလ်လေးမျိုးမှာ :-
၁ ။ အချို့ပုဂ္ဂိုလ်တို့ဟာ သားသမီး နဲ့ စီးပွားဥစ္စာ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှု မကင်းသေး ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ
ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် ' စည်းစိမ်ဥစ္စာတွေ , သားသမီးတွေက ငါ့ကို စွန့်တော့မယ် ၊ ငါကလဲ စည်းစိမ်တွေနဲ့
သားသမီးတွေကို စွန့်ရတော့မယ် ' လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ပင်ပန်းဆင်းရဲစွာ ခံစားကြရတယ် ၊ ဤပုဂ္ဂိုလ်မျိုးက
သေရမှာ ကြောက်ကြသည် ။ ( ငါးဖြာအာရုံ ကာမဂုဏ်တို့ကို မစွန့်နိုင်သူ တစ်ယောက် )

၂ ။ နောက်တစ်ယောက်မှာ မိမိခန္ဓာကိုယ်ပေါ်၌ တွယ်တာမှု မကင်းသေး ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင်
' ချစ်လှစွာသော ငါ့ခန္ဓာကိုက ငါ့ကိုစွန့်တော့မယ် ၊ ငါကလဲ သူ့ကို စွန့်ရတော့မယ် ၊ ဒီဘဝကနေ ထွက်သွားရတော့မယ် ' လို့ တွေးပြီး
စိုးရိမ်ပူဆွေး ငိုကြွေးလျက် ပင်ပန်းဆင်းရဲစွာ ခံစားကြရတယ် ၊ ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်ကြသည် ။
( မိမိခန္ဓာကိုယ် နှင့် လက်ရှိဘဝကို ခင်တွယ်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက် )

၃ ။ နောက်တစ်ယောက်ကား ကုသိုလ်ကောင်းမှုတွေ မပြုရသေး ၊ အကုသိုလ်တွေတော့ ပြုမိလျက်သား ဖြစ်နေပြီ ၊ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ
ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာလျှင် ' ငါ့မှာ ကုသိုလ်ကောင်းမှုရယ်လို့ မရှိသေး ၊ အကုသိုလ်တွေတော့ ပြုမိထားခဲ့ပြီ ၊ ငါ့ရဲ့
နောက်ဘဝအတွက် လားရောက်ရာ မကောင်းနိုင်တော့ပါလား ' လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ဆင်းရဲပင်ပန်းစွာ ခံစားကြရတယ်၊
ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်ကြသည် ။ ( အကုသိုလ်တွေ များနေတဲ့ ပုဂ္ဂိုလ် တစ်ယောက် )

၎ ။ နောက်တစ်ယောက်ကား အကြောင်း နဲ့ အကျိုးဧ။် ဖြစ်ခြင်းချုပ်ခြင်းကို နားမလည် ၊ တရားဓမ္မ သဘာဝတွေကို သဘောမပေါက် ၊ တရားတော်၌
ယုံမှားသံသယ(ဝိစိကိစ္ဆာ) ဖြစ်လျက်ရှိဧ။် ၊ ထိုပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ရောက်လာလျှင် ' ငါ့မှာ တရားကိုလည်း နှလုံးမသွင်းနိုင် ၊
တရားတော်ကို ယုံမှားသံသယ ရှိခဲ့ပြီ ၊ ငါ့ဘဝကား အကျိုးမဲ့ ဖြစ်ခဲ့ရပြီ ' လို့ တွေးပြီး စိုးရိမ်ပူဆွေး ငိုကြွေးလျက် ဆင်းရဲပင်ပန်းစွာ ခံစားကြရတယ် ၊
ဤပုဂ္ဂိုလ်မျိုးကလည်း သေရမှာ ကြောက်ကြသည် ။ ( တရားဓမ္မ သဘာဝတွေကို လေ့လာလိုက်နာမှုမရှိ တရားတော်ကို လျစ်လျူရှုနေသူ တစ်ယောက် )။

ဤသည်တို့ကား သေရမှာ ကြောက်တဲ့သူ ပုဂ္ဂိုလ် လေးမျိုး ဖြစ်ဧ။် ။
သေရမှာ မကြောက်တဲ့သူ ပုဂ္ဂိုလ်လေးမျိုးမှာ :-
၁ ။ ငါးဖြာအာရုံ ကာမဂုဏ်တို့၌ တွယ်တာမှုကင်းနေသူ ဖြစ်သည် ၊ အနိစ္စ (မမြဲ), ဒုက္ခ (ဆင်းရဲ), အနတ္တ (အစိုးမရ)လက္ခဏာတို့ကို သုံးသပ်ရှုမြင်တတ်သူ ဖြစ်သည် ၊
ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် မည်သည့်အရာ မည်သည့်သူကိုမျှ စွဲလန်းခြင်းမရှိ ၊ ထို့ကြောင့် မည်သည့်ပူပန်စိုးရိမ်မှုမျှမဖြစ်
ထိုပုဂ္ဂိုလ်တို့က သေရမှာ မကြောက်ကြ ။ ( လောကသဘာဝ ဖြစ်ပျက်နေမှုတို့ကို နားလည်လက်ခံထားသော ပုဂ္ဂိုလ်တစ်ယောက် )

၂ ။ ခန္ဓာကိုယ်ပေါ်၌ တွယ်တာမှု ကင်းနေသူဖြစ်ဧ။် ၊ ခန္ဓာရရှိထားခြင်းဧ။် ဆင်းရဲခြင်းတို့ကို ကောင်းစွာအမှန် နားလည်ထားသောသူဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ
ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် မည်သည့် စိုးရိမ်ပူပန်မှုမျှ မဖြစ်တော့ဘဲ သေခြင်းကို ရဲရင့်စွာ ရင်ဆိုင်နိုင်ပေသည် ၊ ထိုပုဂ္ဂိုလ်တို့က သေရမှာ မကြောက်ကြ ။
( မိမိဧ။် ခန္ဓာကိုယ် အပြစ်တွေကို အမြဲ ဆင်ခြင်နေသော ပုဂ္ဂိုလ် တစ်ယောက် )

၃ ။ အကုသိုလ်တွေ နည်းပါ၍ ၊ ကုသိုလ်အမှုတွေ များစွာပြုထားသူလည်းဖြစ်သည် ၊ အကုသိုလ် နှင့် ကုသိုလ်တို့ဧ။် အကျိုး အပြစ်တွေကို နားလည်လက်ခံထားပြီး ၊ မိမိတွင်
ဖြစ်ပေါ်လာမည့် ကုသိုလ်အကျိုးတွေကို သိရှိထားသူဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်မှာ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် ထိုသူတို့သည် သုဂတိဘဝတွေနှင့်
နိဗ္ဗာန်သဘာဝတွေကို မြင်ထားသောကြောင့် သေရမှာကိုမကြောက်ကြ ။ ( ကုသိုလ်ကောင်းမှုများကို အစဉ်အမြဲ အမှတ်ထား၍ပြုမူနေသူ ပုဂ္ဂိုလ်တစ်ယောက် )

၎ ။ တရားဓမ္မ သဘာဝတွေကို လေ့လာနားလည်ထားပြီး ၊ အကြောင်း အကျိုး ဖြစ်ပျက်မှုကို သဘောပေါက် လက်ခံထားသူ ဖြစ်သည် ၊ လက္ခဏာရေးသုံးပါးတင်၍ ဝိပဿနာ
ဘာဝနာဖြင့် ရင်းနှီးလေ့ကျင့်နေသူလည်း ဖြစ်သည် ၊ ထိုပုဂ္ဂိုလ်တို့ သန္တာန်၌ ရောဂါဝေဒနာ တစ်ခုခု ကပ်ရောက်လာသော် ၊ ဝေဒနာကိုသော်လည်ကောင်း ၊ ရုပ်နာမ်သဘာဝ
ဖြစ်ပျက်သဘောကိုသော်လည်းကောင်း သတိပညာ အသိဥာဏ်တို့ဖြင့် ရှုမှတ်ပွားများနေနိုင်ပြီး သေခြင်းကို အမှုမထား သက်သာချမ်းသာစွာဖြင့် သေမည့်ဘေး အရေးမလုပ် ၊
သေရမှာကို မကြောက်ပေ ။ ( တရားဓမ္မကို ရိုသေစွာ ယုံကြည်ပြီး သတိပညာဖြင့် အစဉ်အမြဲ အားထုတ်နေသူ ပုဂ္ဂိုလ်တစ်ယောက် )

ဤသည်တို့ကား သေရမှာ မကြောက်တဲ့သူ ပုဂ္ဂိုလ်လေးမျိုးဖြစ်ဧ။် ။
ဤသို့ ပုဂ္ဂိုလ် (၈) မျိုး ရှိရာတွင် ရှေ့လေးမျိုးကား သေခါနီးမှာ စိုးရိမ်ထိတ်လန့် တုန်လှုပ်ခြောက်ခြားပြီး သေရ၍ အဆင်မပြေကြဘဲ သေရသည့်အတွက် " မဲ့ သေ " ဟု ဆိုရဧ။် ။
နောက်ပုဂ္ဂိုလ် လေးမျိုးကား သေလျှင် သုဂတိဘဝသို့ လားရောက်ရမည် (သို့မဟုတ်) နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ကို အတတ်သိမြင်ထားသောကြောင့် သေရမှာကို မကြောက်ကြ
ပြုံး၍ပင် အသင့်စောင့်နေကြသေးဧ။် ၊ ထို့ကြောင့် ထိုပုဂ္ဂိုလ်များသေလျှင် " ပြုံး သေ " ဟု ဆိုရဧ။် ။

ထိုမျှမကသေး , မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် ၊ ဣနြေ္ဒတွေပါ ကြည်လင်နေတတ်ကြဧ။် ။ ပျော့ပျောင်းနေတတ်ကြဧ။် ။ အများအားဖြင့် ဦးခေါင်းကလည်း ညာဘက်သို့ စောင်း၍နေတတ်ဧ။် ။
သို့ဖြစ်၍ " ညာ စောင်း ပြီး ပြုံး သေ " သေနိုင်အောင် အစဉ်ထာဝရ ဝိပဿနာ ဘာဝနာကို လက်ကိုင်ပြုလျက် မမေ့မလျော့ သတိတရားဖြင့် နေနိုင်အောင် ကြိုးစားဆောင်ရွက်သင့်ပေသည် ။

*** မိုးကုတ်ဆရာတော် ဘုရားကြီးဧ။် တရားတော်မှ ထုတ်နှုတ်ပူဇော် ဖေါ်ပြထားပါသည် ။ ( အင်္ဂုတ္တရ ၊ စတုက္ကပါဠိ ၊ ၄၉၃ ) ။
No comments:
Post a Comment