Wednesday, May 23, 2018

သံ ယော ဇဉ် နှောင် ကြိုး တစ် မျှင်

သံယောဇဉ် ရှိသည် ၊ သံယောဇဉ် ငြိသည် ၊ သံယောဇဉ် တွယ်သည် ၊ သံယောဇဉ် ကြီးသည် ဟူ၍
သံယောဇဉ် စကားသည် လူတို့ကြား၌ သတ်မှတ် ပြောဆို သုံးစွဲ လာခဲ့သည်မှာ ကြာပါပြီ ။
ထိုသံယောဇဉ်သည် မွေးကတည်းက လူနှင့်ရစ်ထွေးလျက် ပါလာသော ဝမ်းတွင်းပါ နှောင်ကြိုးတစ်မျှင် ဖြစ်ဧ။် ။
လူတို့အား ကြီးမားသော ဒုက္ခဆင်းရဲကို ဖြစ်စေကြောင်း ခိုင်မာလှသည့် တရားပင် ဖြစ်လေသည် ။

တစ်ဦး နှင့် တစ်ဦး သံယောဇဉ် ဖြစ်ကြပြီဆိုလျှင် မည်သူက သံယောဇဉ်ဖြင့် ချုပ်နှောင်သောသူဖြစ်၍ ၊
မည်သူက အချုပ်နှောင်ခံ ဖြစ်နေပါသနည်း ဟု စဉ်းစားဖွယ်ပင် ။ နှစ်ဦး နှစ်ဘက် အပြန်အလှန်
ချုပ်နှောင်နေကြသည်ဟုလည်း ထင်မြင် ယူဆဖွယ် ဖြစ်သည် ။
အမှန်အားဖြင့် ' သံယောဇဉ် ' ဟူသည် ' တပ်မက်ခြင်း ရမ္မက် ' ဟူ၍ ဖွင့်ဆိုထားပါသည် ။
ယင်း သံယောဇဉ် ဧ။် သဘောကို ဘုရားရှင် လက်ထက်တော်တွင် ' စိတ္တ သူကြွယ် ' က
ဝေဖန် ရှင်းလင်း ပြောကြားထားခဲ့သည်မှာ - - -
" ဥပမာအားဖြင့် နွားနက်တစ်ကောင် နှင့် နွားဖြူတစ်ကောင်ကို ကြိုးဖြင့်လည်းကောင်း ၊ လွန်ဖြင့်လည်းကောင်း ၊
ထမ်းပိုး၌ တွဲ၍ ချည်နှောင်ထားသည် ဆိုကြပါစို့ ၊ ထိုနွားနှစ်ကောင်အား ကြည့်ကာ နွားနက်က နွားဖြူအား မလှုပ်နိုင်အောင်
တုပ်နှောင်ထားသည် ဟူ၍လည်းကောင်း ၊ နွားဖြူက နွားနက်အား မပြေးနိုင်အောင် ဖွဲ့ချည်ထားသည်ဟူ၍လည်းကောင်း ။
ဆိုခဲ့သော် ကောင်းစွာဆိုသည် မဟုတ်တန်ရာ ၊ ဤစကားသည် မသင့်ပေ ။ နွားနက် နှင့် နွားဖြူတို့သည် တစ်ကောင်နှင့်
တစ်ကောင် တုပ်ချည် နှောင်ဖွဲ့ထားသည် မဟုတ်ကြကုန် ။ ထိုနွား နှစ်ကောင်ကို ကြိုးဖြင့်လည်းကောင်း ၊ လွန်ဖြင့်လည်းကောင်း ၊
ထမ်းပိုး၌ နှောင်ဖွဲ့ထားခြင်းသာ ဖြစ်သည် ။ ကြိုး ၊ လွန် ၊ ထမ်းပိုး သည်သာ နွားနှစ်ကောင်ကို မကွဲ မကွာရအောင် ပြုထားခြင်း
ဖြစ်သည် "
" ဤနည်းအတူသာလျှင် ကြိုး ၊ ထမ်းပိုး ၊ တို့သည်ကား ' သံယောဇဉ် ' တရားနှင့် အလားတူသည် ။ တစ်ဦး နှင့် တစ်ဦး
မခွဲနိုင် မခွာရက် စွဲလမ်းတပ်မက်နေကြခြင်းမှာ ယင်း ' သံယောဇဉ် ' နှောင်ကြိုး ကြောင့် ဖြစ်ပေသည် ။ မည်သူ့ကို မည်သူကမျှ
တုပ်နှောင် ဖွဲ့ချည်ထားခြင်း မဟုတ်ပေ ။ သံယောဇဉ် ကို ဖြစ်ပေါ်စေခြင်းမှာ ' ရူပါရုံ ' နှင့် ' မျက်စိ ' ပင် ဖြစ်သည် ။
အကြင်အခါ၌ အဆင်းရူပါရုံကို မျက်စိဖြင့်မြင်သဖြင့် " တပ်မက်မှု ရမ္မက် " ဟူသော " သံယောဇဉ် " သည် ပေါက်ဖွားလာရဧ။် ။
မျက်လုံးသက်သက်က ရူပါရုံအား နှောင်ဖွဲ့ထားသည် မဟုတ် ၊ ရူပါရုံသက်သက်က မျက်လုံးအား နှောင်ဖွဲ့ထားသည် မဟုတ် ။
မျက်လုံး ၊ ရူပါရုံ သက်သက်တို့သည်လည်း ' သံယောဇဉ် ' မဟုတ်ကြကုန် ။ ထိုမျက်စိ နှင့် ရူပါရုံ နှစ်မျိုးကို စွဲမှီ၍ အကြင်
တပ်မက်ခြင်း ရမ္မက် ' သံယောဇဉ် ' သည် ဖြစ်ပေါ်လာရခြင်း ဖြစ်ဧ။် "
" ထို့အတူ သဒ္ဒာရုံ အသံ ကို နားဖြင့် ကြားရသည်ရှိသော် တပ်မက်ခြင်း ရမ္မက်ကို ဖြစ်စေဧ။် ။ ဂန္ဓာရုံ အနံ့ကို နှာခေါင်းဖြင့်
နမ်းရှူရသော် တပ်မက်ခြင်း ရမ္မက်ကို ဖြစ်ပေါ်စေဧ။် ။ အာရုံ ခြောက်ပါးစလုံး ဤနည်းအတိုင်းပင် သံယောဇဉ် ကို ဖြစ်စေဧ။် "
" ဤသို့ တပ်မက်ခြင်း ရမ္မက် တည်းဟူသော ' သံယောဇဉ် ' ကြိုး ဖြစ်တည်လာပြီ ဆိုပါက ဝေဒနာ နှင့် အတူ ဆင်းရဲဒုက္ခမျိုးစုံ
ခံစားရပေတော့မည် ဆိုသည်မှာ မြေကြီးလက်ခတ်မလွဲ သေချာ ဧကန်ဖြစ်ပေတော့သည် "
" ယင်း ဆင်းရဲဒုက္ခ အပေါင်းမှ ကင်းကွာ လွတ်မြောက် စေချင်ပါမူ ' သံယောဇဉ် ' ကြိုး တစ်မျှင်ကိုမျှ ဖြစ်တည်ခွင့် မရအောင်
ကြိုးစား အားထုတ်ရမည် ဖြစ်သည် ။ အားထုတ်သည် ဆိုရာ၌ ပြင်ပအာရုံများဖြစ်သည့် , အဆင်း ရူပါရုံ ၊ အသံ သဒ္ဒာရုံ ၊
အနံ့ ဂန္ဓာရုံ စသည့် အာရုံ ခြောက်ပါးကို ပယ်ဖျက်၍ ရနိုင်မည် မဟုတ်ပေ ။ မိမိ သန္တာန်မှာ ရှိသော မျက်စိ ၊ နား ၊ နှာခေါင်း ၊
စသည့် အတွင်း သဠာယတန တို့၌သာ သတိကို ကပ်တည်စေလျက် အာရုံဟူသမျှကိုမတင့်တယ်သောအရာ (အသုဘ) များအဖြစ်
နှလုံးသွင်းဆင်ခြင် ပွားများခြင်းဖြင့် တပ်မက်ခြင်း ရမ္မက် ဖြစ်သည့် " သံယောဇဉ်ကြိုး " ကို ဖြတ်တောက် ပယ်ရှင်း နိုင်မည် ဖြစ်သည် ။
သို့မှသာ ဝေဒနာ နှင့်အတူ ဆင်းရဲဒုက္ခဘေး အပေါင်းမှ ကင်းဝေးပြီး အေးချမ်းသာယာသော ဘဝကို ရရှိပိုင်ဆိုင်နိုင်မည်
ဖြစ်ပေတော့သတည်း " ။ ။
( သဠာယတန သံယုတ် ပါဠိတော် ၊ စိတ္တသံယုတ် ၊ သံယောဇန သုတ် ) ကို မှီးပါသည် ။

No comments:

Post a Comment