Wednesday, May 23, 2018

မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြဝါဒ

မူလသဲအင်းဂူဆရာတော်ဘုရားကြီး ဦးဥက္ကဋ္ဌ ၏ဆုံးမသြဝါဒ

"ရှေ့စိတ်ကတော်ချင်ရင် နောက်စိတ်ကတွန်းတင် ” “ သမာဓိနဲ့ပညာ ဘောင်ချိန်ပေး ” “ ဖေါက်ပြန်တာကရုပ် ခံစားတာကနာမ် ဒီအထဲမှ ‘ငါ’ မပါ ” “ မသေခင်တော့ရှုပ် သေတော့ပုပ်၊ မကောင်းတဲ့ ခန္ဓာစုတ် ” “ အဗျာကတ ရုပ်၊ မြေကြီးသြဇာဖြစ်မဲ့ အလကားအထုပ် ” မြင်တယ်၊ ကြားတယ်၊ နံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ ကိုက်တယ်၊ နာတယ်၊ ပူတယ်၊ အေးတယ် အစရှိသည်များသည် မရှိသောပညတ် တရားများ ဖြစ်သည်။ ထို ‘ မရှိ ပညတ်တရားများကို အရှိ ’ ထင်ကာ အယူမှား၊ အမှတ်မှားနှင့် သံသရာလဆန်းတစ်ရက်နေ့ကတည်းက နေလာခဲ့ကြတာ။
ဘိုင်စကုတ်တောင် သုံးနာရီ ကြည့်နိုင်သေးတာပဲဗျာ အပါယ်ဘေးကလွတ်အောင် သုံးနာရီတရား မထိုင်နိုင်ကြဘူးလား။ အမှန်မြင်၊ အမှန်သိနဲ့ သေနိုင်အောင် ကြိုးစားကြ။ အမှန်မြင်၊ အမှန်သိနဲ့ သေကြပြီဆိုရင် နတ်ပြည်လည်း ရောက်နိုင်တယ်။ ဗြဟ္မာပြည်လည်း ရောက်နိုင်တယ်။ နိဗ္ဗာန်လည်း ရောက်နိုင်တယ်။ သေခါနီးဆဲဆဲဓာတ်ကြီး လေးပါး ဖေါက်ပြန်သောအခါ “ ခံစားမှုဝေဒနာ ” ဟု ပညာသိဖြင့် မသိဘဲ၊ “ ငါနာတယ်၊ ငါကိုက်တယ်၊ ငါအောင့်တယ်၊ငါပူတယ် ” ဟု အယူမှား အမှတ်မှား သညာသိဖြင့် သေခဲ့လျှင်မုချအပ္ပါယ်လေးပါး ကျပေလိမ့်မည်။ “ နာတယ်၊ ကျင်တယ်၊ ထုံတယ်၊ ယားတယ်လို့ သိတာ လူတိုင်းသိတယ်။ ကလေးလေးလည်း သိတာပဲ။ ” ၀ိပဿနာယောဂီဆိုတာ ဒီလိုမသိရဘူး။
*** သင်သေလျှင် ဘာစိတ်နဲ့သေမည်နည်း။ ဘာတွေကိုအာရုံပြု သေမှာလဲ။ ***တရားမကျင့်လျှင် လောဘ၊ဒေါသ၊မောဟ၊မာန၊ကိလေသာစိတ်တွေနဲ့ သေပြီအပါယ်ကျရမှာပါ။ ***တရားမကျင့်ဘဲ နေသူ၊ တရားမကျင့်ဘဲ သေသူ၊ တရားကျင့်ပြီးနည်းမမှန်သူတို့အားအင်မတန်သနားမိပါသည်။ နေဖို့ရန်အချိန်မရှိတော့ဘူး။ဆရာကောင်းရှာကြပါ။ *** ကိုယ့်စိတ်ကိုယ်စစ်ပါ။ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆမနေကြဘဲတရားအားထုတ်ခြင်းဖြင့် ဘ၀နေနည်း၊ သေနည်းကို လေ့လာဖို့ အချိန်တန်လေပြီ။ 

No comments:

Post a Comment