ဟိုး....အရင်ဘုရားများလက်ထက်က မြို့စွန်ဖျားမှာ ရွာတရွာရှိတယ် မြို့နဲ့လဲနီး တော တောင်တွေနဲ့လည်းနီးတော့ မြို့ကလူတွေက
အလည်အပတ် လာသလို ဆိတ်ငြိမ်တဲ့တောတောင်တွေလဲရှိတော့ တရားအားထုတ်မယ့်သူတွေကလည်း လာပြီးအားထုတ်ကြတာပေါ့
တရားအားထုတ်သူတွေထဲမှာ ရသေ့တပါးလဲပါတာပေါ့၊ ရသေ့ကဆိတ်ငြိမ်တဲ့ ရွာအစွန်တောစပ်လေးမှာ ကျောင်းဆောက်ပြီးနေတာပေါ့
သူကျောင်းဆောက်ပြီးမှ သတိထားကြည့်မိတာ သူ့ကျောင်းရဲ့မျက်နှာခြင်းဆိုင် ခပ်လှမ်းလှမ်းမှာ အိမ်တအိမ် ရှိတယ် အဲ့အိမ်မှာ အမျိုး

သမီး တယောက်ထဲနေတာကို သိလာရတယ်၊ နောက်ပြီး အဲ့အိမ်ထဲကို ယောင်္ကျားလေး လူငယ် လူလတ်တွေလဲ မကြာခဏ ၀င်ဝ
င်သွားတာကို တွေ့တော့ စဉ်းစားပြီးသဘောပေါက်လာတယ် ဒီအမျိုးသမီး ပြည့်တန်ဆာလုပ်စားနေတာကိုးဆို သိလိုက်ရတယ်၊
ဒီလိုနဲ့ မနက်မျက်နှာသစ် ပြီးဘုရားရှစ်ခိုး သီလတွေ စင်ကြယ်အောင်ပြန်ယူ ပြီးတာနဲ့ ရွာထဲ ဆွမ်းခံထွက်ပြန်လာ အဲ့အချိန်လောက်ဆို
အမျိုးသမီးရဲ့ဖောက်သည်တွေလဲ စလာကြပြီလေ အချိန်ကောင်းပေါ့ ဒီလိုစလာတဲ့ လူတယောက်က စလို့ ခဲလေး တလုံးကျောင်းရှေ့မှာ
ချထားလိုက်တယ် နောက်တယောက်လာရင်တလုံးပေါ့ ဒီလိုနဲ့နှစ်တွေကြာလာတော့ ကျောက်ခဲပုံကြီးဖြစ်လာတာပေါ့၊ အသက်တွေကြီး
ရင်လာပြီး အမျိုးသမီးလဲဖောက်သည်တွေလျော့လာ၊ ရောဂါလဲရပြီးသေသွားတယ်တဲ့ အမျိုးသမီးသေသွားပြီးနောက်မှာ ရသေ့ကြီးလဲ
(တာလီ) မှတ် ကျောက်ခဲချတဲ့ အလုပ်မရှိတော့၊ တရားတွေ ပိုကျင့်လာနိင်တယ်တဲ့၊ ရသေ့ကြီးလဲ ဇတိဇရာ ဗျာတိမရဏာ ဆိုသလို
တနေ့မှာတော့ ပျံလွန်တော်မူသွားတယ်၊ ရသေ့ကြီးကသူကျင့်ခဲ့တဲ့ သီလ၊ သမထဘာဝနာတွေကြောင့် ၀ဋ်သ၀တီနတ်ပြည်မှာ နတ်သား
ဖြစ်တယ်တဲ့ ရသေ့ကြီးလဲ သူရောက်တဲ့နတ်ဘုံကို စူးစမ်းလိုစိတ်နဲ့သူ နတ်ဘုံက နေအပြင်ကိုထွက်လိုက်တာနဲ့ သူဘုံရှေ့မှာ သူထက်ကြီး
ကျယ် တောက်ပပြီးအချွေအရံတွေ မြောက်များစွာနဲ့ဘုံကြီးကိုတွေ့လိုက်တော့ ဘယ်လိုပုဂ္ဂိုလ်များ ဘာကုသိုလ် ဘာတရားတွေ ကျင့်လို
ရောက်လာတာလဲဆို သွားမေးတော့ သူ့အရင် ကျောင်းရှေ့က ပြည့်တန်ဆာဖြစ်နေတာကို ထူးဆန်းစွာသိလိုက်ရတဲ့အခါမှာတော့ အံသြ
တုန်လှုပ်ပြီး သိကြားမင်းထံ လျှောက်တင်မေးမြန်းတဲ့အခါ သိကြားမင်းက ဒီလိုရှင်းပြတယ် ဒီအမျိုးသမီးဟာ ရှေ့ဘ၀တခုမှာ ယောင်္ကျား
လေးဖြစ်ပြီးတော့ သူများသမီးပျိုတွေကို အတည်တကျပေါင်းသင်းနေထိုင်ခြင်းမပြုဘဲ ကျောရယုံကြံစည်ခဲ့တဲ့ အပစ်တွေကြောင့် နောက်
ဘ၀ မိန်းမအဖြစ်နေရပြီး ပြည့်တန်ဆာအလုပ်နဲ့အသက်မွေးရတယ်တဲ့ သို့သော်အရင်ဘ၀တွေကပြုလုပ်ခဲ့တဲ့ ကောင်းမှုတွေကြောင့်
သူခပ်ငယ်ငယ် အရွယ်မှာ ပစ္စစေကဗုဒ္ဓ တပါးကိုဆွပ်လှုခွင့်ရခဲ့တယ် ပစ္စစေကဗုဒ္ဓက သူ့နောက်ဘ၀တွေကို ဆင်ခြင်ကြည့်ပြီး တကာ

မလေး ခုအသက်မွေးဝမ်းကြောင်းပြုနေတဲ့ အလုပ်ဟာမကောင်းမှုဖြစ်တယ်၊ သို့သော် ၀ဋ်ကြွေးဖြစ်တဲ့အတွက် ဒီဘ၀ ဒီခန္ဓာနဲ့ကြေေ
အာင်ဆပ်ရလိမ့်မယ် ဒါပေမယ့် ဒကာမလေးဒီအလုပ်ကို သာယာမနေဘဲ အချိန်တိုင်းဘုရားဂုဏ်တော်တွေပွားပါ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ
လက္ခဏာကြီးသုံးပါးကို အချိန်တိုင်းဆင်ခြင်ပါ၊ ဒါဆို ၀ဋ်ကြွေးတွေကြေပြီး နောက်ဘ၀ ကောင်းကောင်းမွန်မွန်နေရပါလိမ့်မယ်လို့မိန့်

ကြားပြီးသွားတယ်၊ အမျိုးသမီးလေးကလည်း၊ အဲ့ဒီအချိန်ထဲကစလို့ ကိုယ်သာနာစေ စိတ်မနာစေနဲ့ ဆိုတဲ့စကားအတိုင်း သူ့အလုပ်သူ
လုပ်နေရပေမယ့် ရတနာသုံးပါးဦးထိပ်ထားပြီး ဂုဏ်တော်တွေ မပြတ်ပွားများနေတာပေါ့ ဒီလိုနဲ့ သေတဲ့အချိန်ကြတော့ သူ့ကုသိုလ်ကံ
ကြောင့်ဒီလို ကြီးကျယ်ခန်းနားပြီး ကိုယ်ရောင်ဝါတွေတောက်ပြောင်နေတာပေါ့၊ ရသေ့ကြီးကတော့ သီလတော့ရှိပါရဲ့ ကိုယ့်တရားကိုယ်
ကောင်းကောင်းမကျင့်ဘဲ အမျိုးသမီးအိမ် လူဝင်ကျောက်ခဲချမှတ်လုပ်နေလို သူ့လောက်ကြီးကျယ်တဲ့ဘုံမရတာလို့ သိကြားမင်းကမိန့်
ပါတဲ့...။
ကဲ့....အမျိုးတို့လဲ သူတပါးအပြစ်တွေကို လိုက်ကြည့်မနေဘဲ၊ ကိုယ့်အပြစ်သာမြင်အောင်ကြည့်ပြီး ရတနာသုံးပါးဦးထပ်ထား၊
ဂုဏ်တော်တွေနေ့စဉ်ပွား၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ လက္ခဏာကြီးသုံးပါးရှု မှတ်ထားလို့ မမေ့ မလျော့သောသတိဖြင့်နေထိုင်ပြီး၊ ကျန်းမာ၊
ထီပေါက်၊ နိဗ္ဗာန်ရောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
၂၇.၇.၂၀၁၇ ၀၉း၅၀
( မူကြိုဆရာ )

No comments:
Post a Comment