မန်လည်ဆရာတော်ကို သာယာဝတီမင်းလက်ထက် စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်
မန်လည်မြို့မှာ ၁၂၀၃ -ခုနှစ်၊ မွေးဖွားကြောင်း သိရပါတယ်။ မိဘနှစ်ပါးမှာ ဦးထင်ညိ+ဒေါ်ဖြေ
ဖြစ်ပြီးလူအမည်ကို မောင်မာလို့ ခေါ်ဆိုပါတယ်။ ရှင်ဘွဲ့နှင့် ရဟန်းဘွဲ့ကို ဇ၀နမထေရ်လို့ ခေါ်
ဆိုကြောင်းသိရပါတယ်။
ပိဋကတ် စာပေကျမ်းဂန်များကို ငယ်စဉ်ကပင် ဆရာနည်းကျကျ သင်ယူခဲ့ပြီး ဘင်္ဂလီ၊
နာဂရီ၊ သီဟိုဠ်၊ သက္ကတ၊ မာဂဓ စတဲ့ဘာသာမျိုးစုံကို ပါရဂူမြောက် လေ့လာတတ်ကျွမ်းတဲ့
ဆရာတော်ဖြစ်ပါတယ်။
အရေး၊ အဟော၊ အကျင့်၊ ဘက်စုံထူးချွန်ပါတယ်။ ကျမ်းစာပေါင်း (၆၀) ကျော်၊ ဘုရား
ရှိခိုး ၁၁ မျိုး၊ မောင်းထောင်းတေး၊ အံတော်သီချင်း၊ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု၊ သံချို၊
ဘုန်းကြီးပျံ ငိုချင်းမှအစ ကဗျာမျိုးစုံ၊ စာမျိုးစုံ ရေးဖွဲ့ခဲ့ပါတယ်။
ဆရာတော် ရေးသားပြုစုတဲ့ ကျမ်းစာများအနက် စာပေ၀ါသနာပါသူတိုင်း လက်ကိုင်
ထားရတဲ့ ကျမ်းစာကတော့ “ မဟာသုတကာရီ မဃဒေ၀လင်္ကာ ” ဖြစ်ပါတယ်။ ပိဋက ဗဟုသု
တသာမက ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ရာဇ၀င်၊ စစ်ပညာ၊ အိပ်မက်တိတ္ထုံမှအစ ရှုထောင့်အမျိုး
မျိုးမှ ရေးဖွဲ့ထား၍ ဗဟုသုတ ဘဏ်တိုက်ကြီးသဖွယ် ဖြစ်နေပါတယ်။
၁၂၇၉ -ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရပြီး၊ သက်တော် ၇၉ -နှစ်အရ
၁၂၈၂ -ခုနှစ်မှာ ပျံလွန်တော်မူပါတယ်။ ဆရာတော်၏ သီလ၊ သမာဓိတန်ခိုးကြောင့် မပုပ်မသိုး
ပကတိအတိုင်း တည်ရှိတဲ့ ရုပ်ကလပ်တော်ကို တပည့်ဒကာ၊ ဒကာမများက စံကျောင်းတော်ဖြင့်
ပူဇော်ထားရာ ယနေ့တိုင် ဖူးတွေ့နိုင်ပါသေးတယ်။
{နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-
သာစည်) ၏ အခါတော်နေ့များ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment