ဗုဒ္ဓသည် ၀ိနည်းကျင့်ဝတ်များကို ဥပဒေအဖြစ်ဖြင့် ထုတ်ဖေါ်ပညတ်လိုက်ခြင်းသည် ထို
ဝိနည်းကို ချီးမြှောက်မြင့်တင်ရာရောက်သည်။ ၀ိနည်းကိုလိုက်နာလျှင် အောက်ပါ အကျိုးများကို
ရရှိပါသည်။
၁။ ကောင်းပါပြီဘုရားဟု စကားတော်ကို လက်ခံနိုင်ခြင်းအကျိုး။
၂။ သံဃာတော်များ၏ ချမ်းသာစွာနေထိုင်ရခြင်းအကျိုး။
၃။ အလဇ္ဖီဒုဿီလ(ရဟန်းယုတ်) များကို နှိမ်နင်းနိုင်ခြင်းအကျိုး။
၎။ သီလချစ်ခင် သူတော်စင်ရဟန်းတို့ ချမ်းသာစွာနေနိုင်ခြင်းအကျိုး။
၅။ ယခုဘ၀၌ ဘေးရန်အန္တရာယ်တို့ကို စောင့်ရှောက်ပြီးဖြစ်ခြင်းအကျိုး။
၆။ နောင်တမလွန်ဘ၀၌ ဘေးရန်အန္တရာယ်ကို ပယ်နိုင်ခြင်းအကျိုး။
၇။ သာသနာတော်၌ မကြည်ညိုသေးသူကို ကြည်ညိုလာစေခြင်းအကျိုး။
၈။ ကြည်ညိုပြီးသူများအား သဒ္ဓါတရား တိုးပွားစေခြင်းအကျိုး။
၉။ သူတော်ကောင်းတရား တည်တံ့ခြင်းအကျိုး။
၁၀။ ၀ိနည်းကိုကျင့် တရားများကို ချီးမြှောက်ခြင်းအကျိုးတို့ ဖြစ်ပါတယ်။
{ မြင့်ရွှေ(ပေါင်းတည်) ၏ သက္ကာယဒိဋ္ဌိထောင်တွင်းမှအကျဉ်းသားနှင့် ပြိတ္တာဖြစ်ရခြင်းအကြောင်း
မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment