ဝန်ဆောင်တဲ့ ကမ္မဌာန်းရိပ်သာတိုက်တွေရှိတယ်။ ကြားဖူးကြတယ်နော်။ နားလည်တတ်ကျွမ်းအောင်
သင်ကြားရတဲ့ အဆုံးအမ ပရိယတ္တိသာသနာ့ဝန်ဆောင် စာသင်တဲ့ သံဃာတွေနဲ့၊ ကျင့်ကြံအားထုတ်ရတဲ့
အဆုံးအမ ပဋိပတ္တိသာသနာ့ဝန်ဆောင် တရားအားထုတ်တဲ့သံဃာဆိုပြီး ဘယ်နှစ်မျိုး ?...
ကြားဖူးကြသလား ?.. ( ကြားဖူးပါတယ် ဘုရား... ) ။
ပရိယတ္တိစာသင်နေတဲ့ ရဟန်းတွေဟာ တရားဓမ္မတွေကို ကိုယ်တိုင်လည်းတတ်အောင်သင်၊
သူတစ်ပါးကိုလည်း တတ်အောင်သင်ပေးကြသော စာချ၊ စာသင်ဟုဆိုအပ်သော သာသနာ့ဝန်ဆောင် ဓမ္မဓရ
သံဃာတော်တွေပါ။ ဘုရားရှင်ဟောကြားခဲ့သော တရားဓမ္မတွေကို မသွယ်မတိမ်း အမှတ်သညှာဖြင့် အမြဲတမ်း
ရွတ်ဖတ်ကျက်မှတ်ကာ သိအောင်လည်းကြိုးစား နောင်လာမည့် "သံဃာ" ထုအား လက်ဆင့်ကမ်းသင်ကြားပို့ချ
ပေးနေတဲ့သံဃာတော်တွေရဲ့စိတ်ဓာတ်နဲ့ ကမ္မဌာန်းတိုက်လို့ခေါ်တဲ့ရိပ်သာက ပဋိပတ္တိသာသနာ့ဝန်ဆောင်သံဃာတော်
တွေရဲ့စိတ်ဓာတ်၊ သာသနာ့ဝန်ဆောင် တူပေမယ့် သံဃာချင်း စိတ်ထားမတူကြ။
ပဋိပတ္တိသာသနာ့ဝန်ဆောင်သံဃာတော် ပဋိပတ္တိကိုပဌာနပြုပြီး ကြိုးစားအားထုတ်နေတဲ့ အရှင်မြတ်တွေက
အခုလှမ်းလိုက်တာနဲ့ " ငါသေတော့မယ် အချိန်ပိုင်းသာ လိုတော့သည် " အချိန်ပိုင်းသာလိုတော့တယ်လို့
နှလုံးသွင်းတော်မူကြတယ်။ "ဆန့်ထားတဲ့လက် မကွေးခင်၊ ကွေးထားတဲ့လက် မဆန့်ခင်" သေတော့မယ်လို့
နှလုံးသွင်းရတယ်။ အခုသေတော့မယ်ဆိုတော့ ဘာတစ်ခုမှ မက်မောမှု မရှိရဘူးလေ..။
သာသနာ့တာဝန်ထမ်းရွက်နေတဲ့ သံဃာတော်ချင်းအတူတူ ပရိယတ္တိဝန်ဆောင်တဲ့ အရှင်မြတ်တွေကျတော့
ဘုရားရှင်ရဲ့ အဆုံးအမ ဒီစာတွေကို သင်ရအုံးမယ်။ ဒီစာတွေကို ကျက်ဖတ်ရအုံးမယ်။ ဒီစာတွေကို အာဂုံဆောင်
ရအုံးမယ်။ ဒီစာတွေကို အဓိပ္ပါယ်သိအောင် လုပ်ရအုံးမယ်။ ပြီးရင် တပည့်တွေကို စာချပြရအုံးမယ်။ တပည့်တွေကို
စာသင်ပေးရအုံးမယ်။ တပည့်တွေက လက်ဆင့်ကမ်းသင်ကြားပို့ချပေးဆောင်နေကြတဲ့အတွက် အခု သာသနာနှစ်
၂၅၆၀ နှစ်ရှိပြီ။ နောင် နှစ်ပေါင်း ၅၀၀၀။ နောင် နှစ်ပေါင်း ၁၀၀၀၀။ နောင် နှစ်ပေါင်း ၂၀၀၀၀။ တည်တံ့ဖို့အတွက်
ငါတို့ လုပ်ရအုံးမယ်လို့ ပရိယတ္တိဝန်ဆောင်တဲ့ သံဃာတွေကျတော့ ငါ... " ဘယ်တော့မှ မသေဘူး " ဆိုတဲ့စိတ်ဓာတ်
တွေမွေးကြတယ်။ သာသနာ့တာဝန်ထမ်းရွက်နေတဲ့ သံဃာတော်ချင်းအတူတူ စိတ်ဓာတ်ချင်း တူကြသလား ?...
( မတူကြပါ ဘုရား.......) ဘုရား အဆုံးအမကို လိုက်နာနေကြတာ အချင်းချင်းပဲ၊ .... တစ်နည်းပြောရရင်
ပရိယတ္တိဝန်ဆောင်တဲ့ သံဃာတွေက စာသင်၊ စာချနေတဲ့အချိန် " ငါဘယ်တော့မှ မသေဘူး" စိတ်ကိုမွေးပြီး
စာသင်၊ စာချနေကြတယ်။ အဲဒီ ပရိယတ္တိဝန်ဆောင်တဲ့ သံဃာတွေပဲ တရားနှလုံးသွင်းတဲ့အချိန်ကျတော့
" ငါ အခုသေနိုင်တယ် " လို့ နှလုံး သွင်းကြတယ်။
တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း သာသနာနှင့်ဆက်စပ်တဲ့ အရာတွေကို ခွဲခွဲခြားခြား
နားလည်သဘောပေါက်ကြပြီး သာသနာအဓွန့်ရှည်တည်တံ့ရေးအတွက် ရွက်ဆောင်နိုင်ကာ လိုရာခရီးရောက်၊..
အောင်မြင်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
{ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းနှင့် မာဃစေတနာလူငယ်
ပရဟိတအသင်းတို့ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် Buddha's Teaching သင်တန်းတွင်
ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ ဖြေကြားသော တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment