အနောက်နိုင်ငံတွေမှာပဲ ပြောကြစို့... သူတို့ဘာသာရေးအဆောက်အဦးတွေဟာ လူကြီး.. အိုကြီး၊ အိုမတွေပဲလာတယ်။
လူငယ်တွေ မလာကြတော့ဘူး။ လူငယ်တွေ မလာကြတာ များကုန်ပြီ..။ နိုင်ငံတစ်နိုင်ငံမှာ ဓမ္မဒူတကျောင်းတစ်ကျောင်း
တည်ထောင်ဖို့စိတ်ကူးတဲ့အခါ အဆောက်အဦးတွေလိုက်ကြည့်တော့ သူတို့ဘာသာရေးအဆောက်အဦးကိုပဲ ပြန်ရောင်း
တော့.. အဲဒါ ၀ယ်ပြီးလုပ်ရတယ်။ ( အမေရိကန်နိုင်ငံတွင်ရှိသော ဗုဒ္ဓစင်တာသည်လည်း သူတို့ရဲ့ဘာသာရေးအဆောက်
အဦးကိုဝယ်ပြီး ပြန်လည်ပြုပြင်ထားပါသည်။) သမီး.. အဲဒါလေးကို ပြန်ပြီးလေ့လာကြည့်ပါ။ တခြားနိုင်ငံတွေမှာ
ဘာသာရေးအဆောက်အဦးဆီ လူငယ်တွေ မသွားကြတော့ဘူး။ လူငယ်တွေ ဘာသာရေးကို မယုံကြည်ကြတော့ဘူး။
ဘာသာရေး မရှိကြတော့ဘူး။ ဘုန်းဘုန်းတို့နိုင်ငံမှာ လူငယ်တွေ ဘာသာရေးယုံကြည်မှုရှိကြတယ်။ ဘုရား၊ တရား၊
သံဃာကို လေးစားမှုရှိသေးတယ်။
နောက်ထပ်တစ်ပိုင်းကျတော့ .. သမီးက သူများဘာသာနဲ့ယှဉ်ပြောတယ်။ ( ဇတ်ကြီးဆယ်ဘွဲ့) ဆိုပါစို့...
"တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စန်၊ နာ၊ ဝိ၊ ဝေ" ဆို သိသွားကြပြီလေ။ သူတို့ရဲ့ဘုရားတွေမှာ အဲဒီလို ပါရမီဖြည့်ခဲ့တဲ့
ဇာတ်တော်တွေရှိသလား ..?။ ရှိတာ မရှိတာကို ငြင်းခုံတာမဟုတ်ဘူး။ ဘယ်သူကသာတယ် ဘယ်သူက
မသာဘူးလို့ ပြောတာမဟုတ်ဘူး။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာလူငယ်တွေက ပိဋကတ်သုံးပုံ အကုန်သိနိုင်မှာလား ?။
ဘုန်းဘုန်းတို့ပင်လျှင် ပိဋကတ်သုံးပုံ အကုန်မနှံ့သေးပါဘူး။ ဘုရားရဲ့အဆုံးအမတွေကို ဘယ်လောက်အများကြီး
သိရမှာလဲ ?။ အကုန်သိဖို့ဆိုတာ မလွယ်ဘူးလေ..။ ဆိုစို့.. ဇာတ်တော်ကြီးဆယ်ဘွဲ့လောက်တော့ သိကြပါတယ်။
ငါးရာ့ငါးဆယ်ဇာတ်တော်ကျတော့ အကုန်မသိနိုင်ကြဘူးလေ..။
ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာမှာ သိစရာတွေအများကြီး။ သမီးမေးတဲ့ မေးခွန်းက ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ
လူငယ်တွေဟာ ဒါတွေ မသိလို့ဆိုတဲ့နေရာမှာ "ဘုရား၊ တရား၊ သံဃာ" အကြောင်း သိတယ်ဆိုရင် တော်တော်
ဟုတ်ပြီ။ မင်္ဂလသုတ်အကြောင်းကို သိရင်ဆို တော်တော်ဟုတ်ပြီ။ ဒါကို.. အပြစ်လို့ ဘုန်းဘုန်းမမြင်ပါဘူး။
ဟေး... ပရိတ်ကြီး ၁၁ သုတ် ကျက်ကြဆိုလို့၊ ပရိတ်ကြီး ၁၁ သုတ် ရတဲ့ သား၊ သမီး ဘယ်နှစ်ယောက်ရှိမှာလဲ ?။
ဟောဒီ သားတွေ၊ သမီးတွေ လူပျိုလူလွတ်တွေဆိုတော့ အင်္ဂုလိမာလသုတ် ရအောင်ကျက်ကြဆိုတော့
ဘယ်သူကျက်မှာလဲ ?။ သူတို့အိမ်ထောင်ကျပြီဆိုရင် ဘုန်းဘုန်းပြောစရာတောင်မလို သူတို့ ကျက်ကုန်ပြီ။
တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း သာသနာနှင့်ဆက်စပ်တဲ့ အရာတွေကို ခွဲခွဲခြားခြား
နားလည်သဘောပေါက်ကြပြီး သာသနာအဓွန့်ရှည်တည်တံ့ရေးအတွက် ရွက်ဆောင်နိုင်ကာ လိုရာခရီးရောက်
အောင်မြင်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေကုန်သတည်း။ ။
{ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ ဗုဒ္ဓဘာသာအသင်းနှင့် မာဃစေတနာလူငယ်
ပရဟိတအသင်းတို့ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် Buddha's Teaching သင်တန်းတွင်
ဓမ္မဒူတဒေါက်တာအရှင်ဆေကိန္ဒ ဖြေကြားသော တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(တရားတော်ကို အသံမှနာယူရေးသားပါသည်၊ မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့်
သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment