.ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေးထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ
တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ သင့်တော်ကြမှာပါ၊နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဥာဏ်ရဖို့အရေးကြီးပါတယ်၊
တချို့ တရားအားထုတ်ကြပါတယ် တရားအားထုတ်တာ တရားထူးရပြီလား ဆိုတော့လဲ မထူးသေးဘူး၊ ကိုယ်ကိုတိုင် လွယ်တယ်မထင်ဘဲ ခဲယမ်းနေ
လိုက်တာ ဘာလို့များလဲလို့  သိဖို့ အလွန်အရေးကြီးပါတယ်၊ နားလည်သထက် နားလည်အောင် ပြောပေးချင်တာက သတိအားကောင်းတဲ့သူ
သတိပဠာန် အားထုတ်ရင် သင့်တော်ပါတယ် ၊အဆင်ပြေပါတယ်၊ လွယ်ပါတယ်၊ သတိအားမကောင်းတဲ့ပုဂ္ဂိုလ်များကျတော့ ဘယ်လိုမှ အားထုတ်လို့
မရပါဘူး၊ ခဲယမ်းတယ်ခေါ်ပါတယ်။ အသက်အရွယ်ရလာတော့ ဘယ်လောက်ဘဲ သတိကောင်းကောင်း မိစ္ဆာသတိဘဲ အစွဲများတယ်၊ ရပ်ထဲရွာထဲ
မှာနေရင် မိစ္ဆာသတိဘဲအဖြစ်များတယ်၊ သတိပဠာန် အလုပ်အားထုတ်တယ်ဆိုတာ ဥပါဒါန်အစွဲ လွတ်ကင်းပြီး သမာသတိ အားထုတ်ရတာ၊
လောကသဘောနဲ့ ယှဉ်ကြည့်ရင်လဲ ဥပါဒါန် အစွဲတွေကြောင့် သားမှတ်မိ၊ မယားမှတ်မိ၊ ခင်ပွန်းယောက်ျားမှတ်မိ၊ လုပ်ခဲ့ကိုင်ခဲ့တာတွေကို အကုန်
မှတ်မိနေတယ်၊ သတိတော့ကောင်းတယ်၊ ဘာသတိဆိုတော့ မိစ္ဆာသတိ။ သမာသတိကျပြန်တော့ အားမကောင်းဘူး။ အဲဒီပုဂ္ဂိုလ်တွေအတွက်
သတိပဠာန် အားထုတ်တာ အလွန့်အလွန် ပင်ပန်းပါတယ်။
မိမိကိုယ်ကို သတိပဠာန် ရှဘူး၊ မှတ်ဘူး၊ ပွားများဘူးပါလိမ့်မယ်။ တကေလို့များ မိမိတို့က သတိအားမကောင်းဘူး ၀ီရိယတော့အားကောင်း
ပါတယ်ဆိုရင် သတိပဠာန်နဲ့ လုံးဝ အဆင်မပြေနိုင်ပါဘူး။ သတိပဠာန်ဆိုတာ သတိပဠာန သတိပြဠန်းတယ်လို့ ခေါ်ပါတယ်။ သတိအားကောင်း
တဲ့သူတွေလုပ်တဲ့အလုပ်၊ တကေလို့များ မိမိတို့က သတိအားမကောင်းဘဲနဲ့ ခိုင်းလို့သာမှတ်နေရ၊ ခိုင်းလို့သာရှုနေရ၊ ခိုင်းလို့သာ အားထုတ်နေရ
ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး၊ ခဲယမ်းတယ်ခေါ်ပါ။ တချို့တချို့ ကတော့ သတိအားမကောင်းပေမဲ့ ၀ီရိယအားကောင်းတယ်၊ ပြေးဟဲ့လွှား
ဟဲ့ ပြောဟဲ့ဆိုဟဲ့ ဆိုတဲ့ ကိုယ်ကောင်ကြီး ၀ီရိယမဟုတ်ဘူး၊ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင်၊ကြိုးစားနိုင်တဲ့ဝီရိယ၊ ဖြစ်ပြီးသား အကု
သိုလ်တွေကို ချက်ချင်းရပ်ပြီးတော့ ပယ်ဖျက်နိုင်တဲ့ စိတ်ဝီရိယ ကိုပြောတာပါ။
တကေနိဗ္ဗာန်လိုလားလို့  တရားအားထုတ်မယ်ဆိုရင်၊ ကိုယ့်မှာသတိကောင်းရဲ့လား၊ ၀ီရိယကောင်းရဲ့လား၊ သိရပါတယ်။ သူများခိုင်းလို့သာ
လုပ်နေရတယ်၊ သူများပြောလို့သာလုပ်နေရတယ်၊ ကိုယ်ကဘယ်သန်မှန်းမသိ ညာသန်မှန်းမသိ၊ အဲလိုအားထုတ်နေရင် " ခုလိုဆိုတော့ လွယ်ပါ
တယ် " ဖြစ်မလာပါဘူး။ တချို့ က သတိပဠာန်အားထုတ်ရင် နိဗ္ပာန်ရောက်တယ်ဆိုပြီး..ဘယ်နည်းဘယ်နည်းတွေကို ပယ်လိုက်ကြတယ်။ တကေ
သတိပဠာန်ကို မွှန်းစရာကောင်းတယ်ဆိုရင် ဘုရားရှင်တော်မြတ်ကြီး ၄၅ ၀ါပတ်လုံး မဟာသတိပဠာနသုတ် ကိုဘဲဟောကြားမှာပေါ့။ အဲဒီလိုမ
ဟုတ်ပါဘူး။ တရားနားတဲ့ပုဂ္ဂိုလ်ပေါ် မူတည်ပြီး ဟောပေးတာ၊ ဘုရားရှင်တော်မြတ်ကြီး ဥာဏ်တော်အရ ဘယ်လိုမှပြောစရာမလိုပါဘူး။........
အများသိအောင်ပြောချင်တာက၊ ကိုယ်သတိအားကောင်းရင် သတိပဠာန်အားထုတ်...ဖြစ်တယ်။ ကိုယ်ဝီရိယအားကောင်းရင်းနဲ့ သတိပဠာန်
အားထုတ်ရင်..နှစ်ပေါင်းရာ၊ထောင်ချီအားထုတ် အဆင်ပြေမှမဟုတ်ပါဘူး။
တချို့ ကျတော့ သဒ္ဒါအားကောင်းလိုက်တာ သူများတွေပြောတဲ့ ရိပ်သာဆိုတာ မသွားပါဘူး၊ တရားစခန်းဆိုတာ မ၀င်ပါဘူး၊ဒါပေမဲ့
မနက်မိုးလင်း ဘုရားဆွမ်းတော် မကပ်ရဘဲမနေနိုင်၊ ရှိမခိုးရဘဲမနေနိုင်၊ ပန်း၊ဆီမီး၊ရေချမ်း၊ မကပ်လှူရဘဲ မနေနိုင်ဘူး၊ သံဃာတော်တွေကို
ဆွမ်းမလောင်းရဘဲမနေနိုင်ဘူး၊ အဲဒီသဒ္ဓါတရား အားကောင်းလာတာနဲ့အမျှ တဏှာတွေလျော့သွားမှာ။..ကိုယ်သာရာသာရာလုပ်သွားလိမ့်မယ်
အဆင်ပြေပြေ၊..အဲဒါကိုများ ကိုယ်ကဘာမသိညာမသိနဲ့ သဒ္ဒါအားကောင်းတဲ့သူကို ..မှတ်ဟေ့ရှုဟေ့ပြောရင်..အလွှဲကြီးလွှဲသွားပြီ။.....
သဒ္ဓါတရား အားကောင်းတဲ့သူကို ဘေးကလူက နင်တရားအားထုတ်တာမဟုတ်ဘူး၊ ရိပ်သာသွားပါလား၊ တရားစခန်းသွားပါလား၊
မပြောရဲဘူး။ ကုသိုလ်ချင်းအတူတူ ဘယ်ကုသိုလ် လုပ်ရတာပိုလွယ်သလဲ၊ တချို့ ဒါနလွယ်တယ်၊ တချို့ သီလလွယ်တယ်၊တချို့ သမထလွယ်တယ်၊
တချို့ ဝိပဿနာလွယ်တယ်၊ တချို့ ကတော့ဝေယာဝိစ္စလုပ်ရတာလွယ်တယ်။ တချို့  တခုခုကိုစိုက်စိုက်စူးစူးလုပ်လေ့ရှိတဲ့ ပုဂ္ဂိုလ်ကျတော့ သမာဓိ
နဲ့ အားထုတ်တာပျော်တယ်၊ မှန်ပါဘုရား ဟုတ်ပါဘုရားလို့  သာဓုခေါ်ရုံနဲ့  ပြီးမဲ့တရားမျိုးမဟုတ်ဘူး၊ ကိုယ်သန်ရာကိုယ်လုပ်တဲ့သူဟာ အလုပ်
လွယ်ပါတယ်၊ မကျွမ်းကျင်၊ မသန်၊ အားမရှိတဲ့အလုပ်ကို ကိုယ်လုပ်..ခဲယမ်းလိုက်တာ၊ ပင်ပန်းလိုက်တာ။
တရားရလွယ်တာမလွယ်တာ လမ်းကြောင်းမှန်တာပေါ် မူတည်တယ်၊ လွယ်ဖို့ ခက်ဖို့ က ဗဟုသုတအရေးကြီးတယ်။ သတိအားကောင်း
ရင် သတိပဠာန်အားထုတ် လွယ်မှလွယ်၊ အသိဥာဏ်ပညာ အားကောင်းရင် မဂ္ဂင်တရားတွေ၊ ဗောဇျွင်တရားတွေအားထုတ် လွယ်မှလွယ်။ သူများ
ထိုင်ခိုင်းလို့  မထိုင်ဖြစ်ရင်လဲ စိတ်ပျက်စရာ မလိုဘူး။ တရားတစ်မျိုးမျိုးလောက် ပြည့်စုံရင်ကို..မကွေ့ မကောက် ဖြောင့်ဖြောင့်တန်းတန်း နိဗ္ဗာန်
ရောက်အောင် လမ်းမှန်ဖြင့် ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟုခေါ်တယ်။ မျက်စိမှိတ်မှ ဘယ်လိုထိုင်မှဆိုတာ တရားမှန် မဟုတ်ပါဘူး၊ နားလည်ပါ သဘော
ပေါက်ပါ။ အဆင်မပြေတဲ့နည်းကို ပေတေပြီး ရအောင်လုပ်နေတဲ့နည်းဟာ အရှံးကြီး ရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်၊ အရှံးကြီးရှံးပါတယ်။.။.။
{ (၂.၁၀.၂၀၀၅)တော်သလင်းလကွယ်.တနင်္ဂနွေနေ့  မွန်ပြည်နယ် သထုံမြို့  သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင်အရှင်ဆေကိန္ဒ ဟောကြား
တော်မူသော" ခုလိုဆိုတော့လွယ်သားဘဲ" တရားတော်မှ ကောက်နှုတ်ရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
----------------------------------------------------------------------------------------
“ဓမ္မစကား”
========
ဓမ္မစကား
နေ့တိုင်းကြားက
စိတ်ထားဖွေးလက်
သိဉာဏ်ထက်၏။ ။
(အရှင် ဆန္ဒာဓိက)
http://www.shwemyotaw.com (ရွှေမြို့တော်)
http//www.mmcfamily.org
http//www.edinooyin.com
http://buddhismworld.ning.com
No comments:
Post a Comment