Saturday, August 3, 2013

အနောက်ပရက္ကမဆရာတော်၏ အကျိုးရှိစေမည့် လူနာမေးနည်း

တစ်နေ့  ဆရာတော်ကြီး မကျန်းမာသည့်အခါ တူ၊ တူမများက သတင်းလာမေးကြတယ်။ ထိုအခါ ဆရာတော်ကြီးက "ငါ့အတွက် ဥပုသ်စောင့်ကြရဲ့လား၊ ပရိတ်ရွတ်ကြရဲ့လား၊ ငါ့အတွက်ရှင်တော်ဘုရားအား ဆီမီးသက်စေ့၊ ရေသက်စေ့၊ ပန်းသက်စေ့ လှူကြရဲ့လား"
စသည်ဖြင့်မေးရာ တူ၊ တူမများက "ဒီလိုလုပ်ရမှန်း မသိ၍ မလုပ်ခဲ့မိပါကြောင်း" ပြန်လည်လျှောက်ထားကြတယ်။ တူ၊ တူမများကလည်း "တောသဘာဝ သူနာမေးတဲ့အတိုင်း တဘက်ကလေးပခုံးတင်၊ ဒီအတိုင်းသွားတဲ့အခါသွား၊ လက်ထဲအဆင်ပြေလျှင် ရှိတဲ့မုန့်ပဲလေးနဲ့ သွားမေးကြတဲ့အခါ မေးပါတယ် ဘုရား" ဟု လျှောက်ထားကြတယ်။

ထိုအခါ ဆရာတော်ဘုရားကြီးက -

"အဲဒါ နင်တို့ သူနာမေးတာနဲ့မတူဘူး။ သူနာသေမှာလား၊ မသေဘူးလား သွားကြည့်ကြတာနဲ့တူနေတယ်။ သူနာသက်သာစေချင်လို့ သူနာသွားမေးတယ် ဆိုရင် မသွားခင်ကတည်းက သူနာအတွက် ရှင်တော်ဘုရားအား ဆီမီး၊ ပန်း၊ ရေချမ်သက်စေ့၊လှူဒါန်းပြီးသူနာ ရောဂါဝေဒနာ ပျောက်ကင်းရန် မေတ္တာပို့ ဆုတောင်း အမျှဝေရမယ်။ သူနာဆီသွားပြီး သူနာအမည်နဲ့ ရှင်တော်ဘုရားအားဆီမီး၊ပန်း၊ ရေချမ် သက်စေ့ ၊ လှူဒါန်းပြီး - အဲဒီကောင်းမှုတွေကြောင့် ဒီရောဂါဝေဒနာ ပျောက်ကင်းပါစေလို့ ငါဆုတောင်း ခဲ့ပါတယ်။ မင်းရဲ့ ရောဂါဝေဒနာ မကြာခင် ပျောက်ကင်းမှာပါဟုပြောပြီး အားပေးရမယ်။ ဒီလို သူနာမေးမှ သူနာ အကျိုးရှိမှာ။ မင်းတို့မေးတာက သူနာ ဘာမျှအကျိုးမရှိဘူး"

မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော -
"ဆရာတော်ကြီးများ၏ ဩဝါဒတော်များ"
စာအုပ် (စာမျက်နှာ- ၆၅) မှ
ဖတ်မိတာလေး ဝေငှပါသည်။
အရှင်ဝဏ္ဍမဟာဖေ့ဘုတ်မှတင်ပြပါသည်။

No comments:

Post a Comment