(၁) -
ဗုဒ္ဓဘာသာဝင်တွေဟာ သက်သတ်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။
(၂) -
ဒါပေမဲ့ သင် အသားစားရင် သတ္တ၀ါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့်
တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။
(၃) - မဟာယာန
ဗုဒ္ဓဘာသာဝင်တွေဟာ အသား မစားကြဘူး မဟုတ်လား။
(၄) - သို့သော်လဲ
ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ သက်သတ်လွတ်သမားပဲ ဖြစ်သင့်တယ်လို့ ကျွန်ုပ်ထင်နေတုန်းပဲ။
(၅) - ရိုးဖြောင့်ပြီး
သနား ကြင်နာတတ်တဲ့လူက ပိုတော်ပါတယ်။
(၆) - ဒီလို ပုဂ္ဂိုလ်က
စိတ်ကောင်း နှလုံးကောင်း ရှိကြောင်း ထင်ရှားလို့ပါ။
(၁) မေး - ဗုဒ္ဓဘာသာဝင်တွေဟာ
သက်သတ်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။
ဖြေ - အဲဒီလိုဖြစ်ဖို့ မလိုအပ်ပါဘူး။
ဗုဒ္ဓမြတ်စွာဟာ သက်သတ်လွတ်သမား မဟုတ်ပါဘူး။ သူ့ရဲ့ တပည့်များကိုလဲ သက်သတ်လွတ်စားဖို့ မမိန့်ကြားပါဘူး။
ဒီခေတ်မှာတောင်မှ သက်သတ်လွတ်သမား မဟုတ်ဘဲ
စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါပဲ။
(၂) မေး - ဒါပေမဲ့
သင် အသားစားရင် သတ္တ၀ါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက
ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။
ဖြေ - မှန်ပါတယ်။ တစ်စိတ် တစ်ဒေသအားဖြင့်
သွယ်ဝိုက်ပြီးတာဝန်ရှိပါတယ်။ သို့သော်လဲ သင် ဟင်းသီး ဟင်းရွက် စားတဲ့အခါလဲ အတူတူပါပဲ။ လယ်ယာဦးကြီးက
ဟင်းသီးဟင်းရွက်တွေ ပိုးပေါက်မပါဘဲ သင့် ထမင်းစားပွဲပေါ် ရောက်အောင် အဆိပ်တွေ
ဖျန်းပေးရပါတယ်။ ပြီးတော့ သင့်
သားရေခါးပတ်အတွက်၊ လက်ဆွဲအိပ်အတွက်၊ သင်သုံးတဲ့ ဆပ်ပြာချက်ဖို့ အမဲဆီ၊ ပြီးတော့ တခြား တိရစ္ဆာန် သားရေနဲ့
လုပ်ထားတဲ့ ပစ္စည်းတွေ၊ ဒါတွေအတွက်
တိရစ္ဆာန်တွေကို သတ်ရပါတယ်။ တခြား သတ္တ၀ါ သေတဲ့အတွက် တစ်နည်းနည်းနဲ့ သွယ်ဝိုက်ပြီး တာဝန်မရှိအောင်
အသက်ရှင်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ
ဒုက္ခသစ္စာရဲ့ ပုံစံတစ်ခုပါပဲ။ သူလို ကိုယ်လို သာမာန် အသက်ရှင်နေတာဟာ ဆင်းရဲပါတယ်။ ကျေနပ်ဖွယ် မရှိပါဘူး။ သင်
ပါဏာတိပါတ သိက္ခာပုဒ် ဆောက်တည်တဲ့
အခါမှာ သတ္တ၀ါရဲ့ အသက်ကို သတ်ခြင်းအတွက် တိုက်ရိုက် တာဝန် မရှိအောင် ကြိုးစား ရှောင်ကြဉ်ရပါတယ်။
(၃)
မေး - မဟာယာန
ဗုဒ္ဓဘာသာဝင်တွေဟာ အသား မစားကြဘူး မဟုတ်လား။
ဖြေ - အဲဒါ မမှန်ပါဘူး။ တရုတ် မဟာယာန
ဗုဒ္ဓဘာသာက သက်သတ်လွတ်စားဖို့ အလွန် အလေးထားပေမဲ့ တိဘက်နှင့် ဂျပန်မှာရှိတဲ့ ဗုဒ္ဓဘာသာတွေ ကတော့ အမျိုးသား
အမျိုးသမီးရော ဘုန်းကြီးတွေပါ
အသားစားတဲ့ အလေ့ ရှိပါတယ်။
(၄)
မေး - သို့သော်လဲ
ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ သက်သတ်လွတ်သမားပဲ ဖြစ်သင့်တယ်လို့ ကျွန်ုပ်ထင်နေတုန်းပဲ။
ဖြေ - လူတစ်ယောက်ဟာ သက်သတ်လွတ် ၀ါဒကို
တင်းတင်းကျပ်ကျပ် ကျင့်သုံးပြီး တကိုယ်ကောင်းဆန်မယ်၊ မရိုးဖြောင့်ဘူး၊ ယုတ်ညံ့ နိမ့်ကျမယ်ဆိုရင်
နောက်တစ်ယောက်က သက်သတ်လွတ်သမားတော့
မဟုတ်ဘူး၊ ကိုယ်ချင်စာတရားရှိတယ်၊ ရက်ရောတယ်၊ သနားကြင်နာတတ်တယ်ဆိုရင် ဒီလူ နှစ်ယောက်ထဲက ဘယ်သူဟာ
ပိုတော်တဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်မလဲ…
(၅)
မေး - ရိုးဖြောင့်ပြီး
သနား ကြင်နာတတ်တဲ့လူက ပိုတော်ပါတယ်။
ဖြေ - ဘာကြောင့်ပါလဲ။
(၆)
မေး - ဒီလို ပုဂ္ဂိုလ်က
စိတ်ကောင်း နှလုံးကောင်း ရှိကြောင်း ထင်ရှားလို့ပါ။
ဖြေ - အတိအကျ မှန်ပါတယ်။ အသား မစားတဲ့
လူက စိတ်ထား မဖြူစင်ဘဲ ရှိတတ်သလို အသားစားတဲ့လူက စိတ်နှလုံး ဖြူစင်နေတာလဲ ရှိနိုင်ပါတယ်။ ဗုဒ္ဓတရားတော်မှာ
အရေးကြီးတာက စိတ်နှလုံးရဲ့
အရည်အချင်းပါ။ အစားအစာမှာပါတဲ့ အရာ မဟုတ်ပါဘူး။ များစွာသော ဗုဒ္ဓဘာသာဝင်တွေဟာ အသားမစားဖို့ကျတော့ သိပ်ဂရုစိုက်ကြတယ်။
တစ်ကိုယ်ကောင်း ဆန်တာ၊ မရိုးဖြောင့်တာ၊
ရက်စက်တာ၊ မနာလို ၀န်တိုတာတွေ ကိုတော့ ကြောင့်ကြခံပြီး မစဉ်းစားကြဘူး။ လုပ်ဖို့ လွယ်ကူတဲ့ အစားအစာ ပြောင်းလဲတာကိုတော့
လုပ်ကြတယ်။ လုပ်ဖို့ ခက်တဲ့ စိတ်ထား ပြောင်းဖို့ကျတော့ မလုပ်ကြဘူး။ ဒါကြောင့် သက်သတ်လွတ်စားသူ ဟုတ်သည်ဖြစ်စေ၊
မဟုတ်သည်ဖြစ်စေ ဗုဒ္ဓဘာသာမှာ အရေး
အကြီးဆုံးက စိတ်ထား ဖြူစင်ဖို့ပဲဆိုတာ မှတ်ထားပါ။
(by Ven S Dhammika)
................................
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment