စီးပွါးရေး၊ ဘဝအခြေ မြင့်မားရေးတို့ အတွက် လောကီအစီအမံဖြင့် တစ်ပွဲထိုးရှာကြံလိုသူ
ပေါများလျက်ရှိ၏ သိဒ္ဓိတင်ထားသည်ဆိုသော ပစ္စည်းများကို 'ဆောင်' ထားလျှင် 'အကျိုးပေးသည်'၊
"အကြံအောင်သည်" ဟူ၍လည်း အယူရှိကြ၏။ သိဒ္ဓိတင်စ္စည်း ရောင်းဝယ်မှုကို
စီးပွါးရေး လုပ်ငန်းတစ်ခုပမာ ဆောင်ရွက်နေသူတို့ ရှိနေကြ၏။ စင်စစ်သော်
မည်သည့်အရာမျှ 'အချောင်' ရရိုးမရှိပါ။ 'အချောင်' ရထားလျှင်လည်း
တာရှည်မခံပါ။ "သိဒ္ဓိ" နှင့်ပတ်သတ်၍ ကျေးဇူးရှင် သာမညဆရာတော် ဘုရားကြီး ၏
မိန့်တော်မှုချက်ကို ဦးတင်ကြပါစို့။
" သိဒ္ဓိဆိုတာ ပြီးစီးပြည့်စုံတာကို ခေါ်တယ်။ ပြီးစီးအောင်၊ ပြည့်စုံအောင်ဆိုတာ
လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။ ဆရာတော် တောင်ပေါ်မှာ အခု ပြည့်စုံနေတာဟာလည်း
လုပ်သင့်လုပ်ထိုက်တာကို လုပ်လို့ပဲ။ လာလာသမျှ ပရိတ်သတ်တွေကို တစ်နေ့တစ်နေ့
ဆန်ရှစ်အိတ်ချက်လောက် နေ့စဉ်ကျွေးထား နိုင်တယ်ဆိုတာလည်း ကျွေးနေလို့ ကျွေးနိုင်တာ။ မ ကျွေးရင် ကျွေးစရာကလည်း ဘယ်ကမှ ရောက်မလာဘူး။
လှူနိုင်တယ်ဆိုတာ လှူနေလို့ပဲ။ ဒါန သီလ ဘာဝနာမပါဘဲ အလိုလို မပြီးနိုင်ဘူး "
..............................
the eXistence မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ်
(စာမျက်နှာ- ၂၄၁) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
No comments:
Post a Comment