Thursday, September 12, 2013

ဒါနမပြုနိုင်၍ ဝမ်းနည်းနေခဲ့သော်




ငွေကြေး ချမ်းသာ ပြည့်စုံမှု မရှိသောကြောင့် ဒါနကို ကြီးကြီးကျယ်ကျယ် မပြုနိုင်ရှာသူ များသည် စိတ်ထိခိုက် ဝမ်းနည်းစရာ မလိုပါချေ။ ငွေကြေးဥစ္စာ ကုန်ကျရသောဒါနထက် အကျိုးပေးကြီးကျယ်သော 'သီလ' ကို မိမိ၏ စိတ်ဆန္ဒများ၊   လုံ့လဥဿဟ များဖြင့် ဆောက်တည်နိုင်စွမ်းရှိကြောင်း သတိပြုကြဖို့ လိုပါသည်။ ဤသည်နှင့်စပ်လျဉ်း၍ အရှင်ဇနကဘိဝံသ ဆရာတော်ကြီး ၏ အောက်ပါ အဆုံးအမတော်ကို နှလုံဧည့်အိမ်တွင်စိမ့်ထုံ ပွါးများနေအပ်ပါ၏ ။

" ဒါနနဲ့ သီလတွင် ...
ဒါနဟာ ပိုက်ဆံမကုန်ဘူးလား။ ကုန်တယ်။
သီလကော ကုန်ရဲ့လား။ မကုန်ဘူး။
အကျိုးရတော့ ဘယ်ဟာကကြီးသလဲ။
သီလက ကြီးတယ်။ "
.....................................................................
the eXistence 
မှ မင်းနန် (မော်ကျွန်း) ရေးသားပြုစုထားသော - "ဆရာတော်ကြီးများ၏ ဩဝါဒတော်များ" စာအုပ် (စာမျက်နှာ- ၅၂) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment