Saturday, November 16, 2013

" ကျေးဇူးကြီးလှပါသောဆရာ "

" ကျေးဇူးကြီးလှပါသောဆရာ "
ပုထုဇဉ်ဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပါယ်
များစွာထဲကတစ်ခုက တော့"ဆရာများသူ" ဆိုတဲ့အဓိပ္ပါယ်ပါဘဲ။အဲဒီအဓိပ္ပါယ်အတိုင်း အတိအကျမှန်ပါပေတယ်လို့ပြောရ လောက် အောင် ပါဘဲ။မိမိအတွက်တရားနယ်မှာဆရာ များလှပါတယ်။ တခုတော့ရှိတယ်ပေါ့။မိမိကဆရာတွေကို ကြည်ညိုတဲ့စိတ်နဲ့မိမိဖာသာတပည⋯⋯့်အဖြစ် ခံယူလိုက်တာပါ။မိမိရဲ့အ တွေးအမြင် အသိဥာဏ်တွေပိုမိုကောင်းမွန်အောင် လမ်းညွှန်ပေးသူဘယ်သူ့ကိုမဆိုမိမိရဲ့ဆရာ အဖြစ်မိမိသ ဘောထားပါတယ်။
မိမိကိုယ်ကိုမိမိ ကောင်းတာတွေမှန်သမျှလက်ခံရယူနိုင် တဲ့ good reciever ကောင်းတခုဖြစ်လိုပါတယ်။ ဆိုဆုံးမလွယ်သူတစ်ယောက်ဖြစ်ချင် ပါတယ်။ ကောင်းတာ သင့်တာ မှန်တာ မြင့်မြတ်တာ မှန်သမျှ မည်သူ့ဆီကမဆိုအတုယူပြီးလိုက်နာကျင့်သုံး နိုင် တဲ့မာန နည်းသူတစ်ယောက်ဖြစ်ချင် ပါတယ်။အခုထိကျင့်နေရတုံးပါဘဲ။ဖြစ်ချင် စိတ်သာမွေးနေရတာပါ။ ဖြစ်ကိုမဖြစ်သေးပါဘူး။ တရားအသိတွေဖြစ်တာမဖြစ်တာထက် အဲဒီစိတ်ထား လေးဖြစ်အောင်တောင် မနည်းကြိုးစားနေ ရပါတယ်။

ဆရာတော်ဦးဇောတိက ရဲ့မြင့်မြတ်လှတဲ့ဂုဏ် တော်တွေကိုပြောရမယ်ဆိုရင်တော့ဘယ်လိုမှ ပြောလို့မကုန်နိုင် ပါဘူး။ မိမိအ နေနဲ့ဆရာတော်ကိုအ ကြောင်းပြုပြီး မိမိအတွက်ကျေးဇူးများခဲ့တာတွေကိုသာအ နည်းငယ် လောက် ပြောချင် ပါတယ်။ 1990လောက်ကထဲကတရားစာအုပ်တွေကို ဖတ်လာခဲ့ပေမဲ့ မိမိတရားစာတွေဖတ်တာဟာစာဖတ်တာ ဝါသနာပါလို့ဖတ်တဲ့သ ဘောပါဘဲ။လက်တွေ့ ဘာမှမလုပ်ခဲ့ပါဘူး။အ မေ့ကိုတရားအားထုတ် စေချင်တော့ကိုယ်လဲဖတ် ကောင်းနိုးရာရာ တွေကိုအ မေ့ကိုပေးဖတ် ရင်းနှစ်ပေါင်း များစွာကြာခဲ့ပါတယ်။2007 လောက်မှာမိမိ မိတ်ဆွေ ဒေါက်တာထွန်းအောင်ကြည်ကမိမိ အ မေဖတ်ဖို့စာအုပ်တစ်အုပ်ပေးလာပါတယ်။

အဲဒီစာအုပ်ထဲက ခေါင်းစဉ်တစ်ခုဟာမိမိဘဝကို ပြောင်းလဲစေခဲ့ပါတယ်။နှစ် ပေါင်းများစွာလွဲ နေတဲ့မိမိကိုတည့်တည့်ဆုံးမလိုက်သလို
ပါဘဲ။ "သူများကိုပြင် ချင် ရင် မိမိကိုယ်ကိုမိမိ အရင်ပြင်"ို စာသိသာရှိပြီးလက်တွေအားမထုတ်ဘဲ သူများကိုသာအားထုတ်စေချင် တဲ့မိမိအ တွက်ဒီစကားလေးဟာ မိမိကိုတရားစတင် အားထုတ်ဖြစ်အောင် ပြောင်းလဲနိုင် ခဲ့ပါတယ်။တသက်လုံးသူများကိုသာပြင် ဖို့ အားပြုခဲ့သူတစ်ယောက်ကို ကိုယ့်ကိုယ်ကို ပြင် ဖို့သတိ ရ စေခဲ့ပါတယ်။ အဲဒီကစလို့ဆရာတော့်တရားတွေနဲ့ကြိမ်ဖန်များ 
စွာ ရင်းနှီးခဲ့ရပါတယ်။အ ခေါက် ခေါက် အခါခါနာသော်လည်းမရိုးနိုင် အောင်နှစ် သက်ခဲ့ရပါတယ်။တဖြည်းဖြည်းသတိနဲ့နေ တဲ့အ လေ့အကျင့် က လေးတွေ ဘဝထဲမှာတည်ဆောက် ရင်း အဓိပ္ပါယ် ရှိ တဲ့အချိန်က လေးတွေအနည်းငယ်ကိုရရှိလာ ခဲ့ပါတယ်။အဲဒီအတွက် မိမိရဲ့မိတ်ဆွေ ဖြစ်သူကိုလဲကျေးဇူးအထူးတင် ရပါတယ်။ 

ဆရာတော်ရဲ့တရားတွေများစွာထဲကမိမိအ တွက်မှတ်မှတ် ရရတန်ဖိုးရှိစွာကျေးဇူးပြုခဲ့ တဲ့ စကားလေးတွေရှိပါတယ်။ (၁)တရားအားထုတ်တဲ့နေရာမှာနာမည်မတတ် ဘဲတိုက် ရိုက်သိပါ။ (၂) ခြေတလှမ်းလှမ်းလိုက်တဲ့အခါမှာခြေ ဖဝါးကစလိုက်တဲ့လှုတ် ရှားမှုတွေဟာ ခန္တာ ကိုယ်တစ်ခုလုံး အဲဒီကတဆင့်နောက်ဆုံး ခေါင်းထဲအထိပျံ့နှံ့သွားတယ်။ (၃)စအားထုတ်တာတော့ကာယနုပဿနာက စအားထုတ်တာပေါ့ ။ဘုန်းကြီးတို့လဲဒီလိုဘဲကာ ယာနုပဿနာကစခဲ့တာဘဲ။အဲဒီနောက် ဝေဒနာ စိတ္တာ ဓမ္မာ နုပဿနာတွေကိုတ ဖြည်းဖြည်းဆက်ပြီးအားထုတ် ရတာဘဲ။ ကာယာနုပဿနာတစ်ခုထဲအားထုတ်လို့တော့ မဖြစ်ဘူးနော်။အနုပဿနာလေးခုလုံးစုံ အောင် အားထုတ်မှဖြစ်မယ်။

ဒီစကားတွေရဲ့နက်နဲမှုကိုတော့မိတ်ဆွေများ ကဘဲဆက်ပြီးစဉ်းစားကြ စေလိုပါတယ်။ မိတ်ဆွေအများစုဟာတရားအားထုတ်တဲ့ နေရာမှာ အတန်အသင့်နား လည်ပြီးသားလို့မိမိယူဆထားပါတယ်။

ဒီစကားလေးသုံးခွန်းဟာမိမိအတွက်တော့ တန်ဖိုးမဖြတ်နိုင် လောက် အောင် ကျေးဇူး ပြုခဲ့ပါတယ်။ ဒါကြောင့်လဲဆရာတော်ရဲ့ ၆၅ နှစ် မြောက် မွေးနေ့မှာဆရာတော့်တရားတွေနဲ့ဓမ္မလမ်း ကြောင်းပေါ်လျှောက်မိသွားသူတစ်ယောက် မှဆရာတော်၏ဂုဏ်ကျေးဇူးများကိုဦးထိပ်တင် ပြီးရိုသေ ကျိုးနွံစွာဖြင့် ရှိခိုးကန်တော့လိုက် ရပါတယ်။ဆရာတော်အားတကြိမ်တခါမျှ ကိုယ်တိုင် မဖူးဘူးသော်လည်းဆရာတော်ရဲ့ မြင့်မြတ်လှသောဂုဏ်နဲ့ ကျေးဇူးတော်အနန္တအား မကြာခဏစိတ်မှာအမှတ်ထင် ထင်ဖြစ် ရင်း ကြည်ညိုလို့မဆုံးနိုင် အောင်ဖြစ် ရပါတယ်။

မေတ္တာဖြင့်
http://yatanavasatemple.ning.com/ မှတဆင့်ခံစားတင်ပြသည်။

No comments:

Post a Comment