ဗေဒင် ပညာရဲ့ ဖြန့်ကျက် နိုင်မှု ဘောင်နဲ့ မိစ္ဆာဒိဌိ မဖြစ်ရအောင် ဗေဒင် ပညာကို ဘယ်လောက် အတိုင်းအတာ အထိသာ အသုံးချ မလဲ
ဗေဒင်က ရက်ရာဇာနှင့်  ပြဿဒါးကို ပဓာန ထားသကွဲ့ ။မြတ်စွာဘုရားက ကုသိုလ်နှင်
့အကုသိုလ် ပဓာန ထားသကွဲ့ ။ ဗေဒင်က မဟာဘုတ်လေးပါး ပဓာနထား၍ ထူသကွဲ
့။မြတ်စွာဘုရားက သမ္ပတိလေးပါးကို အဓိကထား၍ ထူသကွဲ့ ။ မြတ်စွာဘုရားနဲ့ ဆန်
့ကျင်တာကို ယုံလျှင် ဘုရား၊တရား မယုံရာ ကျတာပေါ့ ။
မင်္ဂလာရာမကျောင်းဆရာတော်ဦးဥာဏ
(၁) ဗေဒင် ပညာ ရဲ့ မှန်ကန်မှု ။
ဒီပညာကဟောနိုင်တာက ကာလ(၃)ရပ် (၀ါ) အတိတ်ဖြစ်ရပ်တွေ ၊ လက်ရှိနဲ့
အနာဂတ်ဖြစ်ရပ်တွေ ၊ စိတ်နေသဘောထား (ပေါင်းသင်းဆက်ဆံရေး ) နဲ့ ကျန်းမာရေး ၊
ပညာရေး ၊ အချစ်မေတ္တာရေး စတာတွေ ဖြစ်ပါမယ်။
ဒီပညာတွေ မှာ လွဲမှားနိုင်တဲ့ အချက် (၂) ချက်ရှိပါတယ်။
(က) ဟောသူက မကျွမ်းကျင်လို့ ဖြစ်စေ၊ ရွှီးနေလို့ ဖြစ်စေ၊ ကျက်မှတ်ထားတာ ၊ တွက်ချက်တာတွေ ဆံုးဖြတ်တာတွေ မှားလို့ဖြစ်စေ လွဲနိုင်ပါတယ်။
(ခ) နောက်တစ်ချက်က အဟောခံရသူကိုယ်တိုင်ရဲ့ ပြုမူဆောင်ရွက်ချက်တွေ ကြောင့်လဲ
လွဲနိုင်ပါတယ်။ ဖြစ်ပုံကတော့ ကိုယ်ဟောနေတာ ဆုံးဖြတ်တာမှန်ရဲ့ သားနဲ့
လာမေးသူက မမှန်သလို အမူအရာပြတာကြောင့် ပုထုဇဉ်ဗေဒင်ဆရာလဲ စိုးရွံ့ပြီး
မှန်နေရာကနေ အမှားတွေ ဟောမိတတ်တယ်။ ဒါအပြင့် အားလုံးမှန်နေပေမယ့် လာမေးသူက
ကောင်းမှု တွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ
မှားသွားတတ်ပါတယ်။
ကိုယ်တိုင်(၁၄) နှစ်ကျော်ကျော် လေ့လာဖူး၊ဟောခဲ့ဖူးသမျှမှာ ကိုယ့်ကိုယ်ကို
ယုံကြည်စွာ ဟောရဲတာက သူရဲ့ စိတ်နေသဘောထား ၊ အတိတ် ဖြစ်ရပ်များ သာဖြစ်ပါတယ်။
ဒီအချက်တွေ မှန်နေတာနဲ့တင် လာမေးသူဟာ အရမ်းကို တက်ကြွလာတတ်ပါတယ်။ ဒါပေမယ့်
ကျန်းမာရေး ၊အနာဂတ် ၊ ပညာရေး ၊ လက်ရှိပြသနာတွေ စတာတွေကို
ဖြစ်နိုင်တယ်ဆိုတာနဲ့ပဲ ဟောရတာများပါတယ်။ အားလုံးကွက်တိ မမှန်နိုင်ပါဘူး။
ဘာကြောင့် ဆိုရင် သူကိုယ်တိုင်က ပြောင်းလဲ နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
ယတြာကို ပြောတာမဟုတ်ပါ။ အခြားသော ဒါန၊သီလ၊ဘာဝနာဆိုင်ရာ
ကုသိုလ်ရကြောင်းလုပ်ရပ်များကြောင့် ဖြစ်ပါတယ်။
(၂) ဘုရားရှင် နဲ့ ဗေဒင် ။
ဘုရားရှင်ရှိစဉ်ကပဲ မာဂဏ္ဍီပုဏ္ဏားထင်ပါတယ်။ ကိုယ့်ကိုယ်ကို တွက်ကြည့်တော့
မဝေးတော့တဲ့ တစ်ခုသော လပြည့်ည သန်းခေါင်မှာ သေမယ်လို့ အဖြေရပါတယ်။
သူ့မိန်းမကလဲ တွက်ကြည့်တော့ လဲ ဒီလိုပဲ ။ ဒီတော့ ဘုရားရှင်ကို လာမေးပါတယ်။
ဘုရားရှင်ကလဲ သေမယ် လို့ပဲ ဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး
ငါသာမျောက်ဖြစ်ရင် စားဖို့ ငှက်ပျောသီးတွေ စိုက်မယ်၊ ငှက်ဖြစ်ရင် နေဖို့
ညောင်ပင်စိုက်မယ် ၊ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး
စဉ်းစားပြီး စိုက်ပျိုး လိုက်တာ အများကြီးပါပဲ ။ နောက်တော့
လမ်းဖောက်တာတွေပါ ပါလာတယ်။ သူက ကုသိုလ်ရဖို့တော့ မဟုတ်ပါဘူး။ သူသေပြီး
ဘာကောင်ပြန်ဖြစ်ဖြစ် နေရတာ အစဉ်ပြေအောင် လုပ်တာပါပဲ ၊ ဒါပေမယ့်
သူစိုက်ပျိုးထားတာတွေ ကြီးလာတော့ မျောက်တွေ ၊ ငှက်တွေ ၊ ပါးတွေ စသည်ဖြင့်
စားကြ ၊သောက်ကြ၊နေကြ၊နားကြဖြစ်နေပါတယ်။ အဲဒီညမှာတော့ သူက အားလုံးကို
နှုတ်ဆက်ပြီး အိပ်ယာပေါ်မှာ သေမယ့် အချိန်ကို စောင့်နေပါတယ်
။အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့
ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။
ဘုရားရှင်က ဟောအပြီးနောက်ပိုင်း ဘာတွေ လုပ်လဲဆိုတာမေးပြီး ဒါတွေဟာ အသက်ရှည်ရာ ကောင်းမှုတွေ ဖြစ်ကြောင်း ဇာတ်တော်ဆောင်ပြီး ဟောပါတယ်။
ဒီတော့ သာမာန်ဗေဒင်လို သက်သက်မှာ မမှန်နိုင်ဘူးဆိုတာ သိသာပါတယ်။
ကံ နဲ့ ကံ ရဲ့ အကျိုးကိုယုံရပါမယ်။ ဒီလိုမဟုတ်ဘဲ ဂြိုလ်စီး၊ ဂြိုလ်နင်း ၊
နက္ခတ်၊ ရာသီ နဂါးခေါင်းလှည့် ၊ လက်ဝါးမှ လမ်းကြောင်းများ ညွှန်ရာတွေကိုပဲ
ယုံနေမယ်ဆိုရင် ကံ နဲ့ ကံ၏အကျိုးကို ပယ်ရာကျပြီး ကမ္မဿကတ သမာဒိဋ္ဌိ
မဖြစ်တော့ဘဲ မိစ္ဆာဒိဋ္ဌိတောင်ဖြစ်သွားပါမယ်။
(၃) ဘုရားရှင်၏ သဘောထား ။
ဘုရားရှင်ကတော့ ဗေဒင် နက္ခတ် တွေကို မယုံဖို့ ဟောထားတာတွေ ရှိပါတယ်။
မှတ်မိတာတော့ (၂)ခုရှိတယ်။ နက္ခတ္တ သုတ် မှာ နက္ခတ် ကောင်းကို စောင့်နေတဲ့
လူမိုက်ကို အခွင့်ခါကောင်းတွေကို ကျော်ဖြစ်သွားကြတယ်။ကောင်းသော အလုပ်ကို
စလုပ်သော နေ့မှာ ကောင်းသော နကတ်ရှိတယ်။ ကောင်းကင်မှာ ရှိနေတဲ့ နက္ခတ် တွေက
လူရဲ့ အကျိုးစီးပွားအတွက် ဘာမှ မလုပ်နိုင်ဘူး လို့ ဟောပါတယ်။
နောက်တစ်ခုက အများစုရွတ်နေတဲ့ ပုဗ္ဗာဏှသုတ်ပါပဲ ။ ပုဗ္ဗာဏှသုတ် ဟာ
ကိုယ်၊နှုတ်၊စိတ် (၃)ပါးကို ကောင်းမွန်မြင့်မြတ်အောင် ကြိုးစားနေထိုင်လျှင် အချိန်တိုင်းဟာ ကောင်းသော
နက္ခတ် ၊ကောင်းသော နိမိတ်များသာ ဖြစ်နေမည့် အကြောင်း ရတနာ (၃)ပါးကို အခြေခံ တိုင်တည် သစ္စာတရားကို ဖော်ကျူးတဲ့ သုတ်တော် ဖြစ်ပါတယ်။
ဒီတော့ ဘုရားရှင်ဟာ ဗေဒင နက္ခတ် ကို လက်မခံ ၊မယုံကြည်ကြောင်း အတိအကျ
ဟောထားတာ တားဆီးထားတာ တွေ့ရပါတယ်။ ဘာကြောင့်ဆိုရင် ကိုယ့်လုပ်ဆောင်မှုမှာ
အများကြီး မူတည်နေတာကြောင့် ဖြစ်ပါတယ်။
(၄) လက္ခဏာပညာနဲ့ မှန်ကန်မှု ။
နောက်တစ်ခုကတော့ လက္ခဏာ ပိုင်းမှာ ပြောချင်ပါတယ်။ ကိုယ်တိုင်ကလဲ လူ
တစ်ထောင်ကျော်ကို စစ်ဆေးဟောပြောဖူးပါပြီ ။ လူမျိုးစုံ ၊ လူမျိုးပေါင်းစုံ ၊
စရိုက်စုံ ကိုလဲ ဟောဖူးပြီ ။ ဟောရတဲ့ ရည်ရွယ်ချက်ကတော့ ဒီပညာဘယ်လောက်
တိကျသလဲ ၊ ဒီပညာနဲ့ လူတွေကို ဘာများကူညီနိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ဖြစ်ပါတယ်။
ကိုယ်တွေ့အားဖြင့် - ဆရာမတစ်ယောက်ကို အသက် (၃၃) နှစ်မှာ အစာအိမ်ရောဂါကို
ခွဲစိတ်ပြီး သေမယ်လို့ အမှတ်မထင် ဟောခဲ့ဖူးတယ်။ ကျန်တဲ့ သူရဲ့ ငယ်ဘ၀နဲ့
မိဘအကြောင်းတွေ စသည် စိတ်ထားတွေ မှန်နေတော့ သူက ယုံလွန်းပြီး
စိတ်ဓာတ်ကျပါတယ်။ အစာအိမ်ရောဂါဖြစ်ပြီး ဆေးရုံပေါ်မှာ နောက်ဆုံးရက်တွေမှာ
ကိုယ်ဟောထားတာကိုပဲ တခြားသူတွေကို ပြောပြီး သူသေတော့မယ်လို့
စိတ်ဓာတ်ကျနေပါတယ်။ စိတ်မကောင်းစရာ အားငယ်စွာနဲ့ သူသေသွားပါတယ်။ ကိုယ့်ကို
ပြန်ပြောကြတော့ စိတ်မကောင်းဖြစ်ရင်္ပြီး ၊ သေမှာနဲ့ ပတ်သက်တာကို မဟောတော့ဘူး။
သတိပေးရုံပဲ ဟောဖြစ်တော့တယ်။ တကယ်ကတော့ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုယ်ကို
ဂရုစိုက်နေရင် ဒီလို ဖြစ်မှာ မဟုတ်ပါဘူး။
နောက်တစ်ယောက်ကတော့ သေမယ်လို့ တော်တော်တိတိကျကျ ပြောလို့ ရနေတဲ့
သူငယ်ချင်းပါ။ အဆုတ်မှာ ထိခိုက်ပြီး ( အဆုတ် ရောဂါ ပေါ့) သေနိုင်တယ် လို့
စိတ်မှာ သိနေတယ်။ သူ့ကိုတော့ ဆေးလိပ်ဖျက်ပါ ။ အာဟာရရှိအောင်စားပါ ။
အကြံပေးဖြစ်တယ်။ ပြုပြင်လို့ရကြောင်း ၊ မပြုပြင်ရင်
အသက်အန္တရယ်ရှိကြောင်းတော့ ပြောဖြစ်တယ်။ သူတကယ် ကို မသေချင်စိတ်မျိုးနဲ့
လုပ်တယ်။ အခုထိ ကျန်းမာစွာရှိနေပါတယ်။ လက်ဝါး ၊လက်သည်း ၊ လမ်းကြောင်းအရောင်
တွေလုံးဝပြောင်းတယ်။ ကျန်းမာသူတစ်ယောက်လက်မျိုးပြန် ဖြစ်နေတယ်။ ဒါတွေတော့
နောက်မှ ပြောတော့မယ် ။စိတ်ကနေ ၊လုပ်ရပ်ကနေ ကိုယ့်လက္ခဏာကို
ပြောင်းအောင်လုပ်ပြိး ဆရာချင်းပြိုင်တာတွေတောင်ရှိပါတယ်။ စိတ်ပေါ်မှာ
နေ့စဉ်ဘ၀လုပ်ကိုင်မှုတွေမှာ မှီခိုနေတာမို့လို့ အမြဲ မမှန်ပါဘူး။
(၅) ဘုရားရှင်နဲ့ လက္ခဏာဖြစ်စဉ်။
(တကယ်ကတော့ (၂)ခုရှိတယ်။ ဒီမှာတော့ တစ်ခုပဲ ပြောတော့မယ်။)
သိဒ္ဓတ္ထ မင်းသားမွေးခါစက နိမိတ်ဖတ် လက္ခဏာဖတ်ခဲ.တဲ.သူ အားလုံး (၉)
ဦးရှိပါတယ် ။ ရာမပုဏ္ဏား ၊ ဇေပုဏ္ဏား ၊ လက္ခဏပုဏ္ဏား ၊မန္တိကပုဏ္ဏား ၊ယညပုဏ္ဏား ၊
သုဘောဇ ပုဏ္ဏား နဲ. ကောဏ္ဍညပုဏ္ဏား ဟူသော မင်းတိုင်ပင်ခံ ပုဏ္ဏား (ဂ)
ဦးဖြစ်ပါတယ် ။ နောက်တဦးကတော့ ခမည်းတော် သုဒ္ဓေါဓန မင်းကြီးနဲ.
မယ်တော်ဘုရား ကိုးကွယ်တဲ. ဈာန်အဘိဥာဏ်ရ အသိတရသေ့ကြီး ဖြစ်ပါတယ်
။(အချို့နေရာများတွင် ဒေ၀ိလဟု ရေးတတ်ကြသည်။ ) ဒီ (၉)ယောက်လုံးက သိဒ္ဓတ္ထ
မင်းသားလေးကို ဗေဒင်တွက်ခဲ.ကြတာ မဟုတ်ဘဲ လက္ခဏာဖတ်ခဲ.ကြတာလို. ဆိုပါတယ်။
လက် လက္ခဏာသာဖတ်ခဲ.တဲ. ပုဏ္ဏား (၇) ယောက်ကတော့ စကြာဝတေးမင်းသော်၎င်း ၊
ဘုရားသော် ၄င်း ဖြစ်မယ် လို့ပဲ ဟောခဲ.ကြပါတယ် ။ ခြေ လက္ခဏာ ပါ ဖတ်တဲ.
ကောဏ္ဍညပုဏ္ဏား ကတော့ လက်ညှိုး -၁ချောင်းပဲ ထောင်ပြီး ဧကန်မုချ ဘုရား ဖြစ်မယ်
လို. ဟောခဲ. ပါတယ် ။(မှတ်ချက် - လက္ခဏာ ဆိုတာ အမှတ်အသားဆိုတဲ.
အဓိပ္ပါယ်သာရှိပါတယ် ။ လက် လက္ခဏာ၊ ခြေ လက္ခဏာ လို.ပြောမှ ပြည့်စုံတယ်လို.
ဆိုပါတယ်။လက္ခဏာ ဟုသာပြောပါက တကိုယ်လုံးရဲ. အမှတ်အသားများကို ကြည့်ရပါမယ် )
ဈန်အဘိဥာဏ်ရ အသိတရသေ့ကြီး ကလဲ ဧကန်မုချ ဘုရား ဖြစ်မယ် လို. ကောဏ္ဍညပုဏ္ဏား
ရဲ. ဟောချက်ကို အတည်ပြုခဲ.ပါတယ် ။
လက္ခဏာဖတ်ခဲ.တဲ.သူပုဏ္ဏား (၈) ဦးမှာ (၄)ဦးအိမ်ထောင်ပြုပါတယ်။ ကောဏ္ဍညနဲ့ (၄)
ဦးက မပြုခဲ.ပါ ။ ပဉ္စ၀ဂ္ဂီ (၅) ပါးမှာ ကောဏ္ဍညပုဏ္ဏားကလွဲရင် ကျန်တဲ့ ဘဒ္ဒိယ ၊
ဝပ္ပ ၊ မဟာနာမ် ၊ အဿဇိ (၄)ပါးဟာ လက္ခဏာဖတ်ခဲ.တဲ.သူ အိမ်ထောင်သည်ပုဏ္ဏား (၄)
ဦးရဲ. သားတွေဖြစ်ပါတယ် ။ သိဒ္ဓတ္ထ မင်းသားတောထွက်တာနဲ့ ဘုရားမုချဖြစ်မယ်လို.
သူတို.ရဲ. ဖခင်တွေက ပြောပြခဲ.လို့ ကောဏ္ဍညပုဏ္ဏားနဲ.အတူ ဘုရားလောင်းကို
စောင့်နေကြတာ ဖြစ်ပါတယ် ။
ဒီတော့ ဒီပုဏ္ဏား တွေလဲ သုဒ္ဓေါဓန မင်းကြီးအလိုကျ (၂)ခွပြောခဲ.ပေမယ့်
သူတို့စစ်ဆေးခဲ့တဲ့ သိဒ္ဓတ္ထ မင်းသားရဲ. လက် လက္ခဏာအရ ဘုရားဖြစ်မယ်လို.
ယူဆခဲ.ကြပုံရပါတယ်။ လက် လက္ခဏာမှာ စကြာဝတေးမင်းသော်၎င်း ၊ ဘုရားသော်
၎င်းဖြစ်မယ်လို့ ဆုံးဖြတ်ချက် (၂) ခွ ဖြစ်နိုင်ပေမဲ့ အဲဒီ့ ပုဂ္ဂိုလ်ရဲ. ခြေ
လက္ခဏာက " စက်ရာ " မှာတော့ ကာမဂုဏ်ခံစားမယ့်သူလား ၊
ကာမဂုဏ်စွန့်ပယ် မယ့်သူလား တိတိကျကျဖော်ပြတယ် လို့ဆိုပါတယ်။ ဒါကိုကြည့်ပြီး
ကာမဂုဏ်ခံစားမယ့်သူဆို စကြာဝတေးမင်း ၊ ကာမဂုဏ်စွန့်ပယ် မယ့်သူ ဆို
ဘုရားဖြစ်မယ်လို. ဆုံးဖြတ်နိုင် ပါတယ် ။
ဒါက ပညာအရ တော့ ဟုတ်နေပါတယ်။ ဒါပေမယ့် ဒီလောက်တိတိကျကျဟောထားပြီး တောမှာ
စောင့်နေတဲ့ ကောဏ္ဍညပုဏ္ဏားလဲ ဘုရားလောင်းက ဒုက္ကရစရိယ မကျင့်တော့ဘဲ အစားအစာလဲ
ပြန်စားရော ဘုရားမဖြစ်တော့ပါဘူးလို့ ပြန်ပြီး ယုံကြည်သွားလို့ ပဉ္စ၀ဂ္ဂီ (၅)
ပါးလုံး ဘုရားလောင်းကို စွန့်ခဲ့ကြတယ် မဟုတ်လား။ ဘုရားဖြစ်ပြီး
ဓမ္မစကြာတရားပြန်လာဟောတော့တောင် သံသယ မေးခွန်းတွေ ကောဏ္ဍညပုဏ္ဏားကိုယ်တိုင်
အများကြီး မေးခဲ့တာပါပဲ။ ဘုရားဖြစ်တယ်လို့
သူကိုယ်တိုင်မယုံနိုင်ဘူးလေ။တိုင်းပြည်မှာ အတော်ဆုံးလို့ ပြောရမယ့် သူလဲ
ကိုယ့် ကိုယ်ကို မယုံတာတွေ့ရတာပါပဲ။
ဒီပညာတွေဟာ လေးစားစရာ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တိတိကျကျဟောနိုင် ၊
ပြောနိုင်တာတွေ ရှိသလို ၊ ကာယကံရှင်ကလဲ ပြန်ပြီးပြုပြင်နိုင်ကြောင်း
သေချာနေပါတယ်။ ဒီတော့ ဆရာတော် အရှင်ဇ၀န ပြောသလို ပြောရရင် လိမ်းဆေးအဖြစ်ပဲ
သုံးသင့်တဲ့ ဆေးကို သောက်ရင် ပြသနာ အကြီးအကျယ်တက်ပါမယ်။
ဒီပညာတွေကို လေ့လာရုံ ၊ စူးစမ်းရုံ နဲ့ မရပ်ဘဲ အရမ်းကို ယုံပြီး
ဒီဂြိုလ်ထဲရောက်နေလို့ ဒီလို ဖြစ်ရတာ ၊ ဒီ လဆိုရင် ဒီရာသီဖွားမှာ ဒီလို
ဖြစ်မှာဘဲ ၊ ကိုယ်ဘာလုပ်လုပ်မထူးပါဘူး ဆိုတာမျိုး ကံ နဲ့ ကံ အကျိုးကို
ပယ်လိုက်ရင်တော့ ဗုဒ္ဓ၀ါဒ ကိုပါ ဆန့်ကျင်တဲ့ မိစ္ဆာ ဒိဋ္ဌိကြီး
ဖြစ်သွားပါမယ်။ကိုယ်ကျိုးနည်းသွားပါမယ်။ဒါကြောင့် ပညာတစ်ရပ်အနေနဲ့
သုံးချင်သုံးပါ ။ ဘယ်လောက်မှန်နေပါစေ ။ အနာဂတ်အတွက်
မမှန်နိုင်သေးဘူး၊ကိုယ်နဲ့ ပိုဆိုင်တယ်လို့ အပြည့်အ၀ယုံကြည်ဖို့ တိုက်တွန်း
လိုက်ပါတယ်။ ဓါတ်ကြီးလေးပါးဆိုတာ ဗုဒ္ဓဘာသာမှာတော့ ပထ၀ီ၊ အာပေါ၊ တေဇော၊
ဝါယောပဲရှိတယ်။ (အန္တော= တေဇော၊ ဂဗ္ဘေ= အာပေါ၊ စရေ= ၀ါယော၊ ၀ံသေ= ပထ၀ီ) ဗေဒင်
ဘာသာရပ် စကားနှင့် ဗုဒ္ဓဘာသာ ပါဠိ စကားတို့ နှိုင်းယှဉ်ချက်
ဗုဒ္ဓဘာသာအစစ်ဆိုလည်း ဗေဒင်ကိုတော့ အားမကိုးထိုက်ပါဘူး။ ဘေးကို ကြောက်လို့
ကိုးကွယ်ရင်တော့ ဘယဗုဒ္ဓဘာသာ(အောက်တန်းစားဗုဒ္ဓဘာသာ)ပဲဖြစ်မယ်။
www.lightofbuddhism.blogspot.com မှတဆင့်ခံစားတင်ပြသည်။
No comments:
Post a Comment