ဘုရားရှင်ဗျာဒိတ်တော်အတိုင်း ရဟန္တာ ၆ ပါးတို့၏ဗျာဒိတ်တော်အရအလံတစ်ရာစေတီ
ကြီး ဘီလင်းမြို့နယ်တွင် ပွင့်ပေါ်ပြီ ဖြစ်ပါသည်။ ကေလာသတောင်ထိပ်တွင် ထိုအကြောင်းကို
သောဏ္ဍာယ ကေလာသကျောက်စာကြီးကို ညောင်ချောင်းဆရာတော် ဦးဉာဏ၀ံသက စိုက်
ထူခဲ့ပါသည်။ ၄င်းအပြင် ပဲခူး-ဟံသာဝတီခေတ် ရှင်စောပု ဘုရင်မကြီး လက်ထက်နှင့် ဓမ္မစေ
တီမင်းကြီး လက်ထက်တို့တွင်လည်း ထိုအကြောင်းတို့ကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုး
ကာ ကေသာလ တောင်ထိပ်တွင် အထင်အရှား စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာ စာသားများ
ကို ဓမ္မစေတီမင်းတရားကြီး ထွင်းထုခဲ့ပါသည်။ ကျောက်စာပေါ်ရှိ စာသားများအရ တတိယ
သင်္ဂါယနာတင်ခေတ် ဖြစ်၏။ ခရစ်မပေါ်မီ ဘီစီ (၃၀၉) ခု ဖြစ်၏။ ကေလာသတောင်ကို ဘက်
စုံပြုပြင်ရန် ကျိုက်ထီးဆောင်းဆရာတော်က ညွှန်ကြား၏။ ကလေးဝဆရာတော်က ကြီးကြပ်၏
အကျိုးတော်ဆောင်ချုပ် ဘဒ္ဒန္တနာဂဒီပက အစစအရာရာ ဆောင်ရွက်၏။ ဇေကမ္ဘာဥက္ကဌ
ဒေါက်တာခင်ရွှေက ပင်မပဓာန ဒါယကာ လုပ်၏။ စေတီတော်ကို အလံတစ်ရာ ချဲ့ထွင်၏။ အ
လံတစ်ရာ သောဏ္ဍာယစေတီတော် ကေလာသတောင်ထိပ်ပေါ်တွင် တည်ရှိပါ၏။ ဘုရားရှင်
ဗျာဒိတ်အတိုင်း ဖွင့်ဖေါ်ပါ၏။ မသိသူကျော်သွား၊ သိသူဖေါ်စားကြပါတော့။ ဂဠုန်-နဂါး၊ ကြွက်
နှင့်ကျားတို့၊ ရောက်ငြားထိုခါ၊ ထိုသာသနာ၊ ဒေ၀ါသိကြား၊ ကူလတ္တံ့ဟူသော သိကြားစေ
သိုက်အတိုင်း ဖြစ်ပါ၏။ ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃရတနာ၊ တြိရတနာ၊ ရတနာတင်ပွဲတော်
ကြီးကို (၂၇.၂.၂၀၁၀) ရက်၊ စနေနေ့၊ ၁၃၇၁ ခု၊ တပေါင်းလပြည့်နေ့မှစ၍ နံနက် (၈) နာရီ
တွင် ကေလာသတောင်ထိပ်တွင် ကျင်းပခဲ့သည်။ နတ်လူသာဓု ခေါ်တော်မူကြပါကုန်လော့။ ။
{ မောင်ပန်းမွှေး၏ (၂၈.၁၀.၂၀၁၃) သာသနာ့အလင်းဂျာနယ်မှ ကူးယူရေးသားပါသည်}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
No comments:
Post a Comment