Thursday, December 12, 2013

အတုယူဖွယ်ရာ အရှင်အာနန္ဒာ။

     တစ်နေ့သောအခါ အရှင်အာနန္ဒာမထေရ်သည် နောက်ပါရဟန်းငါးရာနှင့်အတူ ကောသမ္ဗီ
ပြည်သို့ ကြွချီတော် မူခဲ့၏။ အကြောင်းမှာ ဗုဒ္ဓမိန့်တော်မူခြင်းကြောင့် အရှင်ဆန္ဒအား ဗြဟ္မဒဏ်
ပေးရန်အတွက် ဖြစ်၏။ ကောသမ္ဗီပြည်သို့ ရောက်သောအခါ ဥတေနမင်းကြီး၏ ဥယျာဉ်အနီး
သစ်ပင်ရင်းတစ်ခု၌ သီတင်းသုံး နေတော်မူ၏။
         ထိုအချိန်တွင် ဥတေနမင်းကြီးသည် မောင်းမမိဿံငါးရာနှင့်အတူ ဥယျာဉ်ကစား စံပျော်
နေချိန်ဖြစ်၏။ အရှင်အာနန္ဒာမထေရ် ဥယျာဉ်အနီး သစ်ပင်ရင်းတစ်ခု၌ သီတင်းသုံးနေကြောင်း
သိရသောအခါ သွားရောက်ဖူးမျှော်ရန် ဘုရင်ကြီးထံ ခွင့်ပန်ကြ၏။
        ခွင့်ပြုချက်ရသောအခါ မောင်းမမိဿံများသည် အရှင်အာနန္ဒာမထေရ်ထံသို့ သွားရောက်
ဖူးမျှော်ကြ၏။ အရှင်အာနန္ဒာမထေရ် ဟောကြားသော တရားတော်ကို ကြားနာရသဖြင့် ကြည်ညို
သဒ္ဓါ အားကြီးစွာ အပေါ်ရုံတဘက်ငါးရာကို လှူဒါန်းပြီး ပြန်လာကြ၏။
         ဥတေနမင်းကြီးသည် ပြန်လာသော မောင်းမမိဿံတို့ထံမှ အပေါ်ရုံတဘက်ငါးရာလုံး လှူ
ပစ်ခဲ့ကြောင်း သိသောအခါ အရှင်အာနန္ဒာသည် အဘယ့်ကြောင့် တစ်ပါးတည်းဖြစ်ပါလျက် တ
ဘက်ငါးရာလုံးကို အလှူခံရသနည်း၊ အရှင်အာနန္ဒာသည် အထည်ကုန်သွယ်ခြင်းကိုလည်း ပြုအံ့
လော၊ အထည်ဆိုင်ကိုလည်း ဖွင့်အံ့လော ဟု ရှုတ်ချပြောဆို၏။
         ထို့နောက် ဥတေနမင်းကြီးသည် အရှင်အာနန္ဒာထံသို့ ချဉ်းကပ်ပြီး ယခုကဲ့သို့  လျှောက်
ထားမေးမြန်း၏။ “ အရှင်အာနန္ဒာ၊ ဤအရပ်သို့ တပည့်တော်၏ မောင်းမမိဿံများ လာရောက်ပါ
သလော ” ။
အရှင်အာနန္ဒာက “ မင်းကြီး၊ သင်၏ မောင်းမမိဿံများ ဤအရပ်သို့ လာရောက်ကြပါကုန်၏။”
 ထိုအခါ ဥတေနမင်းကြီးက “ အရှင်အာနန္ဒာအား တစ်စုံတစ်ခုကို ပေးလှူကြကုန်သလော၊ ”
အရှင်အာနန္ဒာမထေရ်ကလည်း ပြန်၍ “ မင်းကြီး၊ အပေါ်ရုံတဘက်ငါးရာကို ပေးလှူကြကုန်၏။ ”
ဥတေနမင်းကြီးကလည်း “ အရှင်အာနန္ဒာသည် ဤမျှလောက်သော တဘက်ငါးရာကို မည်သို့    အသုံးပြုပါသနည်း။ ”
အရှင်အာနန္ဒာက “ မင်းကြီး၊ သင်္ကန်းရှားပါးသော ရဟန်းတို့နှင့်အတူ ခွဲဝေသုံးစွဲ၏”
မင်းကြီးက “ အရှင်အာနန္ဒာ၊ ဟောင်းနွမ်းသော သင်္ကန်းတို့ကို မည်သို့ အသုံးပြုသနည်း ”။
==“ မင်းကြီး၊ ထိုသင်္ကန်းဟောင်းတို့ကို အပေါ်အခင်း ပြုကုန်အံ့”။
== “ အပေါ်အခင်းဟောင်းတို့ကို မည်သို့ပြုကုန်အံ့နည်း ” ။
==“ အပေါ်အခင်းဟောင်းတို့ကို ဘုံလျှိုစွပ် ပြုကုန်အံ့ ” ။
== “ ဘုံလျှိုစွပ်အဟောင်းတို့ကို မည်သို့ ပြုကုန်အံ့နည်း ” ။
==“ ဘုံလျှိုစွပ်အဟောင်းတို့ကို မြေအခင်း ပြုကုန်အံ့ ” ။
== “ မြေအခင်းအဟောင်းတို့ကို မည်သို့ ပြုကုန်အံ့နည်း ” ။
== “ မြေအခင်းအဟောင်းတို့ကို ခြေသုပ်ကြိုးဝန်း ပြုကုန်အံ့ ” ။
==“  ခြေသုပ်ကြိုးဝန်းအဟောင်းကို  မည်သို့ ပြုကုန်အံ့နည်း ” ။
==“  ခြေသုပ်ကြိုးဝန်းအဟောင်းကို ဖုန်သုတ်အ၀တ် ပြကုန်အံ့ ” ။
==“  ဖုန်သုတ်အ၀တ်အဟောင်းကို မည်သို့ ပြုကုန်အံ့နည်း ” ။
==“ ဖုန်သုတ်အ၀တ်အဟောင်းကို နုပ်နုပ်စဉ်းထောင်း၍ ရွှံ့ညွှန်ဖြင့် နယ်ပြီး အကာအရံအကျည်ကို
လိမ်းကျံကုန်အံ့” ။ ဟု မိန့်တော်မူသောအခါ ဥတေနမင်းကြီးသည် သာကီဝင်မင်းသား ဘုရားအ
နွယ်တော်ဖြစ်သော ရဟန်းအားလုံးတို့သည် သင့်လျော်အောင် ဆောင်ရွက်ကုန်၏။ အကျိုးမဲ့ပျက်
စီးခြင်းသို့ မရောက်စေကုန်ဟု တွေးတော ၀မ်းမြောက်ကာ နောက်ထပ် အထည်ငါးရာကို လှူဒါန်း
သွားလေ၏။
  {မေတ္တာရှင်(ရွှေပြည်သာ)၏ မေတ္တာဖြင့်စီးပွားရှာခြင်းကို ကိုးကားရေးသားပါသည်။ }
      “ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.facebook.com/damanady.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
------------------------------------------------------------
“ ဆွေစဉ်ဆက်မို့ ”
===========
* သံသရာဝယ်
   ကျင်လည်ခဲ့ကြ၊ ဘ၀များစွာ
   သတ္တ၀ါတို့..........
* ဘိုး ဘွား မိဘ
   မိတ်သင်္ဂဟနှင့်၊ တ၀ဆွေဉာ
   သည်းချာ မြေးချစ်၊ ဖြစ်ခဲ့တစ်ဖုံ
   ကြုံခဲ့များပြား၊ မြတ်ဘုရားက
   ဟောကြားမိန့်မြွက်ဖူးသည်ပေ။
* သတ္တ၀ါတို့
   သည်သို့ဆိုလျှင် ငြိုငြင်မဖတ်
   ဆွေစဉ်ဆက်မို့
   မုန်းမျက် မည်သူတည်အံ့နည်း။
    (မောင်သဲခေါင်)


No comments:

Post a Comment