နိက္ခမ၀ိတက် ကြံစည်ခဲ့ရင် (၁) မိမိလည်း ချမ်းသာမယ်။ သူတစ်ပါးလည်း ချမ်းသာမယ်။
(၂) ပညာကိုလည်း တိုးပွားစေမယ်။ (၃) မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှာရတော့မယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရ
ပြီဆိုရင် ၀ိသုဒ္ဓိ စင်ကြယ်ပြီ၊ ၀ိမုတ္တိ လွတ်မြောက်ပြီ။ ထိုနည်းတူစွာပဲ သတ္တ၀ါများကို ကယ်တင်
လိုတဲ့ အများအကျိုးကို ဆောင်ရွက်လိုတဲ့ အဗျာပါဒ၀ိတက်များ ကြံစည်ခဲ့ရင် (၁) မိမိလည်း
ချမ်းသာမယ်။ သူတစ်ပါးလည်း ချမ်းသာမယ်။ (၂) ပညာကိုလည်း တိုးပွားစေမယ်။ (၃) မဂ်ဖိုလ်
နိဗ္ဗာန်အလို့ငှာရတော့မယ်။ သူတစ်ပါးရဲ့ အကျိုးကို အလိုရှိတဲ့ အများရဲ့ ချမ်းသာကို ဆောင်ရွက်
ချင်တဲ့ အ၀ိဟိံသာဝိတက်များ ကြံစည်တော့မည် ဆိုရင်ကော (၁) မိမိလည်း ချမ်းသာမယ်။ သူ
တစ်ပါးလည်း ချမ်းသာမယ်။ (၂) ပညာကိုလည်း တိုးပွားစေမယ်။ (၃) မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှာရ
တော့မယ်။
အဗျာပါဒ၀ိတက်ဆိုတာ သူများကို မပျက်စီးစေချင်တာ၊ သူတစ်ပါး အတိဒုက္ခရောက်တာ
ကို ကယ်တင်ချင်တာ။ ဒီဘက်က ဗျာပါဒ၀ိတက်ဆိုတာ ဖျက်ဆီးချင်တာ။ သတ်ဖြတ်ချင်တာ။
ဟောဒီသူတစ်ပါးကို ကယ်တင်ချင်တဲ့ သူတစ်ပါး အကျိုးစီးပွားကို ဆောင်ရွက်လိုတဲ့ စိတ်ကလေး
ဝင်လာတဲ့အခါ ဦးဇင်းကိုယ်တွေ့လေး= တစ်ချိန်က ကိုယ့်အရေးပဲကိုယ်လုပ်၊ ကိုယ့်ဟာကို
ကောင်းအောင်နေ။ သူများဘာဖြစ်ဖြစ် လှည့်မကြည့်။ အလုပ်ရှုပ်တယ်။ အဲဒီတုန်းက သိထားမြင်
ထားတဲ့ အသိပညာနဲ့ သူတစ်ပါးအကျိုးကို စပြီး ဆောင်ရွက်လိုစိတ်တွေ ပေါ်ပြီးတော့ အများအ
ကျိုးကို အလုပ်လုပ်လာတဲ့အခါကျတော၊့ တစ်ချိန် ကိုယ့်အတွက်ပဲလုပ်တုန်းက မြင်တဲ့အမြင်နဲ့
အခု အများအတွက် အလုပ်လုပ်တဲ့အခါ မြင်တဲ့အမြင် မတူတော့ဘူး။ အမြင်ကျယ်လာတယ်။ သ
ဘောထားတွေ ကြီးလာတယ်။
ဟိုတုန်းက ဘယ်သူသေသေ ငတေမာရင်ပြီးရော။ ငါပြောတာအမှန်၊ ငါလုပ်တာအဟုတ်။
အခု ပရဟိတ အများအကျိုးလည်း ဆောင်ရော.. သြော်.. ငါမသိသေးတာ အများကြီး။ ဒါကတစ်
မျိုး။ ဥပမာ နောက်တစ်မျိုးက ကိုယ့်တရားပဲကိုယ် အားထုတ်နေတုန်းက မြင်ထားတဲ့ ဓမ္မအမြင်နဲ့
အခု အများအတွက် ငါသိထားသလို သူတို့သိအောင်၊ ငါမြင်သလို သူတို့မြင်အောင်၊ ငါခံစားရတဲ့
ဓမ္မပီတိ သူတို့ခံစားရအောင်လို့ ဆိုပြီးတော့ အဗျာပါဒ၀ိတက်ကလေးနဲ့ လိုက်ပြီးတော့ တရားဓမ္မ
တွေ ဟောပြတဲ့အခါကျတော့ နဂို ကိုယ်တစ်ယောက်ထဲ အားထုတ်တုန်းက မမြင်တဲ့ အမြင်တွေ
မြင်လာတယ်။ ကိုယ်တစ်ယောက်တည်း လုပ်နေတုန်းက မသိထားတဲ့အသိတွေ သိလာတယ်။
ကျေးဇူးများလိုက်တာ။
သူများတွေကို တရားဓမ္မ ပြန်ပြောဟောမယ်ဆိုတော့ ကိုယ်တိုင် တရားတွေကို စစ်စစ်
ပေါက်ပေါက် ကြည့်ရတယ်။ ထူးထူးလည်လည် အားထုတ်ရတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆို
တော့ ပိုပြီးတော့ တရားကို သိလာတယ်။ ပိုပြီးတော့ တရားကိုမြင်လာတယ်။ ဒါကြောင့် သာမန်
လမ်းကသွားတဲ့ အသိပါရမီရှင်တွေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ အသိချင်း ဘာကြောင့် မတူပါလိမ့်ဆိုတော့
သာမန်လမ်းက သွားတဲ့သူက ကိုယ့်တစ်ဘို့ တစ်ကိုယ်စာပဲမြင်တယ်။ သဗ္ဗညုရှင်တော်ဘုရားက
သတ္တ၀ါအနန္တ လောကကြီးတစ်ခုလုံးကို ကြည့်တော့ လောကဓာတ်တစ်ခုလုံးအတွက် မြင်တယ်။
{ သာသနာတော်နှစ်၊ ၂၅၅၅ ခု၊ ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊
နှစ်ဆန်း ၂ ရက်နေ့။ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊
မှော်ဘီမြို့နယ် ဖန်ခါးကုန်းကျေးရွာ၊ သုဒ္ဓ၀ိပဿနာကျောင်းတိုက်အတွင်း မဟာသင်္ကြန်အထူး
တရားစခန်း တရားပွဲ၌ ဆရာတော်ဥူးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ဟောကြားသောတရားတော်
မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment