( ဟေတု = ဟိတ် ) ဟိတ်ခြောက်ပါးတရားဟူသည် လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊
အဒေါသ၊ အမောဟ တို့ဖြစ်၏။ ရှေ့သုံးပါးက အကုသိုလ်တရားများ ဖြစ်၏။ နောက်သုံးပါးက ကု
သိုလ်နဲ့ အဗျာကတတရားများ ဖြစ်သည်။
(ဟေတု=ဟိတ်) ဆိုတာ အမြစ်ကို ဆိုလိုသည်။ သစ်ပင်၏ အမြစ်ကဲ့သို့ အမြစ်တစ်ချောင်း
ရှိသောသစ်ပင်၊ အမြစ်နှစ်ချောင်းရှိသောသစ်ပင်၊ အမြစ်သုံးချောင်းရှိသောသစ်ပင် စသည်အား
ဖြင့် ရှိ၏။ လောဘမူစိတ် ဖြစ်လျှင်- လောဘဆိုသော အမြစ်တစ်ချောင်းနဲ့ မောဟဆိုသော အမြစ်
တစ်ချောင်းပါသည်။ ဒွိဟေတုကစိတ်၌ အမြစ်နှစ်ချောင်း ရှိနေ၏။ ဥပမာ= သူများပစ္စည်းကို ခိုး
လျှင် လိုချင်သောကြောင့် ခိုး၏။ လောဘမူစိတ် ဖြစ်၏။ လောဘဖြစ်လျှင် မောဟလည်း တွဲပါလာ
တော့၏။ လောဘမူ စိတ် စေတစိတ် စိတ္တဇရုပ်တွေ ဖြစ်ပေါ်လာ၏။ ခိုးကြ ဓားပြတိုက်ကြခြင်း
သည် ဟေတုပစ္စည်း၏ ပစ္စယုပ္ပန်များ ဖြစ်ကြ၏။
ဒေါသစိတ် ဖြစ်သည့်အခါတွင်လည်း ရန်ဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြ၊ ဆဲကြ၊ ဆိုကြ တစ်
ယောက်နဲ့တစ်ယောက် ရန်ပြုကြ၊ ဒေါသမူစိတ်တွေ ဖြစ်ပေါ်ရ၏။ ဒေါသနဲ့ မောဟက ဟေတု
ပစ္စည်း၊ တစ်ဦးနဲ့တစ်ဦး ရိုက်ကြနှက်ကြ ဆဲကြ ဆိုကြတာက ဟေတုပစ္စည်း၏ ပစ္စယုပ္ပန်များ ဖြစ်
ကြသည်။ လောဘမူစိတ်တွင် လောဘနှင့် မောဟ ရှိသကဲ့သို့ ဒေါသမူစိတ်တွင်လည်း ဒေါသနှင့်
မောဟ ရှိကြ၏။ ထို့ကြောင့် ဒွိဟေတုကစိတ်၊ အမြစ်နှစ်ချောင်းရှိသော စိတ်ဟု ဆိုခြင်း ဖြစ်သည်။
မောဟမူစိတ်တွင်မူ မောဟဆိုသော အမြစ်တစ်ချောင်းသာ ရှိ၏။ ဧကဟေတုကစိတ်ဟုခေါ်သည်။
ဝိသုဒ္ဓိမဂ် အဌကထာတွင် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဉာဏ်နှစ်ပါးနှင့် ပြည့်စုံလျှင်
စူလသောတာပန် ဖြစ်သည်ဟု အဆိုရှိ၏။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အ
မောဟ တို့သည် စေတစိတ်နာမ်တရားတွေ ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ အကြောင်းပြုပြီး
ခိုးတာ၊ ရိုက်တာ၊ ဆဲတာ၊ ပြစ်မှားတာတွေဟာ ရုပ်တရားများ ဖြစ်၏။ နာမ်ရုပ်ကို ပိုင်းခြားပြီး သိ
သော “နာမရူပပရိစ္ဆေဒဉာဏ် ဖြစ်သည်။ အတ္တဆိုသော အကောင်မရှိ၊ ရုပ်နာမ် ၂- မျိုးပဲရှိ၏ဟု
သိထားခြင်း ဖြစ်သည်။ လောဘ-ဟေတုပစ္စည်းက ကျေးဇူးပြုသဖြင့် ခိုး၏။ ဒေါသကနေ ဟေတု
ပစ္စည်းနှင့် ကျေးဇူးပြုလိုက်သဖြင့် သတ်ဖြတ်၏။ လောဘ၊ ဒေါသ၊ မောဟများသည် အကြောင်း
တရား၊ ယင်းကြောင့်ဖြစ်ပေါ်လာသော စိတ်၊ စေတသိက် စိတ္တဇရုပ်များသည် အကျိုးတရား။ အ
ကြောင်းတရား အကျိုးတရားတို့ ပိုင်းခြားသိပြီဆိုလျှင် “ပစ္စယပရိဂ္ဂဟဉာဏ်”။
အမြစ်ခြောက်ခုတို့သည် အကြောင်းတရား။ ယင်းကြောင့် ဖြစ်ပေါ်လာခြင်းသည် အကျိုး
တရား။ အကြောင်းကြောင့် အကျိုးဖြစ်ရ၏။ ယင်းကို သုံးသပ်ဆင်ခြင်လိုက်လျှင် “သမ္မသနဉာဏ်”
အဲဒါက ဟေတုပစ္စည်း၊ ဒါက ပစ္စယုပ္ပန်၊ ဒီ အကြောင်းတရားတွေ အကျိုးတရားတွေပါ ခဏလေး
မှာ ဖြစ်ပျက်သွားလို့ အနိစ္စ၊ အကြကြီး မတည်ဘူး။ ထိုနည်းတူ ဒီ ခန္ဓာကိုယ်မှာရှိသော ရုပ်တရား
နာမ်တရားများသည် ခဏလေး ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်ခြင်းကြောင့် အနိစ္စ၊ အနိစ္စလို့ မြင်
လိုက်လျှင် “ဥဒယဉာဏ်”၊ ဖြစ်ပြီး ပျက်သွားတာကို သိလို့ “၀ယဉာဏ်”၊ ဖြစ်လိုက် ပျက်လိုက်မို့
“ဥဒယဗ္ဗယဉာဏ်”၊ ဒါကို လိုက်ပြီး သိတဲ့ဉာဏ်ကိုတော့ ၀ိပဿနာဉာဏ်၊ အဖြစ်အပျက်ကို သိ
လိုက်တဲ့ဉာဏ် ပေါ်ပြီဆိုရင် အဖိုးတန်ပြီ၊ အဲဒီဉာဏ်က နိဗ္ဗာန်ကို ပို့၏။
လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟများသည် နာမ်တရား၊ ၄င်းနှင့်
ယှဉ်ဘက် စိတ်စေတသိက်များလည်းပဲ အကျိုးနာမ်တရား၊ ယင်းတို့ကြောင့် ဖြစ်ပေါ်သော စိတ္တဇ
ရုပ်များသည် ရုပ်တရား၊ “နာမရူပပရိစ္ဆေဒဉာဏ်” ဖြစ်ပြီ။ မကြာမကြာ ဖြစ်အောင် ကြိုးစားကြရ
သည်။ လေ့ကျင့်ပါများလာလျှင် သိလာရ၏။ အစတွင် များစွာမသိနိုင်။ နောက်ပိုင်း ဉာဏ်က ဦးစီး
လာပြီဆိုလျှင် နိဗ္ဗာန်ဘက်ကို ဦးတည်နေပြီ ဖြစ်သည်။ ၀ိပဿနာဉာဏ်(၁၀) ပါးရှိသည့်အနက်
“ဥဒယဗ္ဗယဉာဏ်”သည် လိုရင်းဖြစ်၏။ နိဗ္ဗာန်လိုချင်လျှင် ယင်းဉာဏ်ကိုမြင်အောင် ရှုရ၏။ အား
လုံးဖြစ်ပျက် အနိစ္စ ရှုလိုက်လျှင် ၀ိပဿနာဉာဏ်ပေါ်လာ၏။ ယင်းသို့ နေ့စဉ် ညစဉ် ရှုလျှင် တစ်
ရက်ပြီးတစ်ရက် တဖြည်းဖြည်း နီးလာပြီ ဖြစ်သည်။
ဒါကြောင့် တရားကျင့်ကြံ ကြိုးစားအားထုတ်နေကြတဲ့ သူတော်စင်အပေါင်းတို့ကလည်း
ဝိပဿနာဉာဏ်ကို နေ့စဉ် ညစဉ် ကျင့်ကြံအားထုတ်ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ
ကုန်သတည်း။
{ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မ ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ပဌာန်းတရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
(ပိုမိုပြည့်စုံကောင်းမွန်အောင် အဆင်ပြေသလို ဖြည့်စွက်ရေးသားပြုပြင်ပြီး Share နိုင်ပါသည်။)
No comments:
Post a Comment