ထိုမထေရ်သည် လွန်ခဲ့သော (၉၁) ကမ္ဘာက ပွင့်တော်မူခဲ့သည့်
အနောမဒဿီ မြတ်စွာဘုရား လက်ထက်အခါက စန္ဒ၀တီပြည်တွင်
အခစားကျွန်ယောက်ျားတစ်ယောက် ဖြစ်ခဲ့ရသည်။
၉၈ ပါးသော ရောဂါတို့ ပေါက်ဖွားရာ ခန္ဓာကိုယ်၊
ကိုးပေါက်သော ဒွါရတို့ မှ အပုပ်ရည်တို့  အမြဲယိုစီးရာ
ခန္ဓာကိုယ်၏ အနှစ်သာရကား သီလတရားသာဖြစ်၏ဟု
သိသွားသော ကျွန်ယောက်ျားသည် အနောမဒဿီမြတ်စွာဘုရား၏
လက်ယာတော်ရံ အရှင်နိသဘ မထေရ်ထံမှ ငါးပါးသီလခံယူပြီး
တစ်သက်လုံး လုံခြုံအောင် စောင့်ထိန်းခဲ့သည်။
ငါးပါးသီလကို တစ်ဘ၀တာ စောင့်ထိန်းခဲ့ရသော ကုသိုလ်ကြောင့်
ကိုးဆယ့်တစ်ကမ္ဘာ အပါယ်တံခါးပိတ်ခြင်း၊ သိကြားမင်းဘဝ
အကြိမ်သုံးဆယ်ဖြစ်ရခြင်း၊ စကြာဝတေးမင်းဘ၀ (၇၅) ကြိမ်
ဖြစ်ရခြင်း၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ရခြင်း၊
ုဖြစ်ရာဘ၀တွင် အသက်ရှည်သူ၊ အနာရောဂါကင်းသူ ၊
စည်းစိမ်ဥစ္စာပေါများချမ်းသာ
သူ၊ ထက်မြက်သော ဥာဏ်ပညာရှိသူသာ
ဖြစ်ရခြင်း ဟူသော ကောင်းကျိုးတို့ ကို ခံစားပြီးလျှင် နောက်ဆုံးဘ၀၌
ဂေါတမမြတ်စွာဘုရားသာသနာတွင် မဟာသာလသူဌေးမျိုး၌
လာဖြစ်ရသည်။ ငါးနှစ်သားအရွယ်မှာပင် မိဘများနှင့်အတူ
ငါးပါးသီလဆောက်တည်ပြီးသည်၏ အဆုံး၌
လေးမဂ် လေးဖိုလ်ရပြီး ရဟန္တာ ဖြစ်တော်မူရလေသည်။(ထေရာပါဒါန် ပါဠိတော်၊ သုသူတိဝဂ်၊ ပဉ္စသီလသမာဒါနိယမထေရ်)
အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)
(သီလအစွမ်း အံ့မခန်း မှ)
No comments:
Post a Comment