ဓမ္မာစရိယ (၉)ဘွဲ့၊ ပါဠိပါရဂူဘွဲ့၊ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၄)ဘွဲ့
နှင့် အခြားအစိုးရ တိပိဋကဆိုင်ရာဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၃)ဘွဲ့ရ
၁၂ ပါးမြောက်
တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော် အရှင်အဘိဇာတာဘိဝံသ
ဆရာတော် အရှင် အဘိဇာတာလင်္ကာရာဘိဝံသသည် (၆၂)ကြိမ်မြောက် တိပိဋက ရွေးချယ်ပွဲ
စာမေးပွဲတွင် (၁၂)ပါးမြောက် 'တိပိဋကဓရတိပိဋကကောဝိဒ' ဘွဲ့တံဆိပ်တော်ကို ရ
ရှိအောင်မြင်တော် မူခဲ့သည်။
ဆရာတော် ၏ ထူးခြားချက်မှာ
မင်းကွန်းဆရာတော်နှင့် ယောဆရာတော်တို့ ရရှိသည့် သက်တော် (၄၂)နှစ်အရွယ်တွင်
ပိဋကတ်(၃)ပုံ အာဂုံဆောင်နိုင်တော်မူခဲ့ခြင်း ဖြစ်လေသည်။
ဆရာတော်လောင်းလျာအား စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာတွင်
ခမည်းတော်ဦးတင်ရနှင့် မယ်တော် ဒေါ်ညွန့်ခင်တို့မှ (၂၉၊၉၊၁၉၆၈)ရက်၊
တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သည်။
မွေးချင်း (၇)ဦး အနက် တတိယသားရတနာ ဖြစ်သည်။
၂၉၊ ၁ဝ၊ ၁၉၇၉)ရက်တွင်
ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။
၎င်းနှစ် တွင်
ဦးလေးတော်၊ နောင်တော်များရှိရာ စစ်ကိုင်းမြို့၊ မဟာ သုဗောဓာရုံ ကျောင်းတိုက်သို့ ရောက်ရှိခဲ့သည်။
ရှင်သာမဏေဘဝတွင် ဦးလေးတော်၊ နောင်တော်တို့၏ အနီးကပ် ကြပ်မတ်ပဲ့ပြင်မှုဖြင့် သင်ကြားခဲ့ရာ 'သာသနာလင်္ကာရ သာမဏေကျော်' ဘွဲ့နှင့်
'သာသန ဓဇဓမ္မာစရိယ' ဘွဲ့တော်တို့ကို ရှင်သာမဏေ ဘဝမှာပင် ရရှိခဲ့သည်။
ဆရာတော်သည်( ၄၊ ၁၊ ၁၉၈၈ )ရက်တွင် မြင့်မြတ်သော ရဟန်းအဖြစ် ရောက်ရှိခဲ့သည်။
ဆရာတော်သည် တစ်ဖက်တွင်ကျောင်းတိုက် အတွက် စာပေပို့ချမှု၊
အုပ်ချုပ်မှုတာဝန်များကို အထက်မထေရ်ကြီးများ၏ ညွှန်ကြားချက်အတိုင်း
ထမ်းဆောင်ရင်း တစ်ဖက်ကလည်း မိမိအတွက် အထက်တန်းပိဋကစာပေများကို
လေ့လာဆည်းပူးကာ မြန်မာပြည်အရပ်ရပ်ရှိ စာပြန်ပွဲ၊ စာမေးပွဲများ၌
ဝင်ရောက်ပြန်ဆို ဖြေဆိုခဲ့ရာ (၁၃၇၁)ခုနှစ် အထိ စာပြန်ပွဲ၊ စာမေးပွဲပေါင်း
(၅ဝ)ကျော် (၆ဝ)ခန့်ကို ပြန်ဖြေဆို အောင်မြင်ခဲ့သည်။
ဓမ္မာစရိယ
(၉)ဘွဲ့၊ ပါဠိပါရဂူဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊ မဟာဝိဒူ(၄)ဘွဲ့နှင့် အခြားအစိုးရ
တိပိဋကဆိုင်ရာ ဘွဲ့များ အပါအဝင် ဘွဲ့တံဆိပ်ပေါင်း (၄၃)ဘွဲ့ကို ဆွတ်ခူး
ရရှိခဲ့သည်။
ဆရာတော်၏ စာပေကျေးဇူးရှင်များ
(၁)ဝက်လက်မြို့နယ်၊ ဆင်နင်းကျေးရွာ၊ ဇမ္ဗူမင်္ဂလာရွှေရပ်သာ ကျောင်းဆရာတော်၊
(၂)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်၊ အာရာမသမုဋ္ဌာပက ပဓာနနာယက၊
အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင် နိကာယ ဥပက္ကဋ္ဌ မဟာနာယက
(တွဲဖက်ရွှေကျင်သာသနာပိုင်) ဆရာတော်၊
(၃)စစ်ကိုင်းမြို့၊ မဟာသုဗောဓာရုံ ကျောင်းတိုက်(ဒုတိယ) ပဓာနနာယက၊
ရန်ကုန်မြို့၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ တက္ကသိုလ်ပါမောက္ခချုပ်
၊အဘိဓမ္မာမဟာသိပ္ပံပါမောက္ခချုပ်၊ စစ်ကိုင်းမြို့၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
ပါမောက္ခချုပ် ဆရာတော် ဘဒ္ဒန္တဒေါက်တာနန္ဒမာလာဘိဝံသ၊ (၄)မတ္တရာမြို့၊
သာသနဇောတာရုံ ကျောင်းတိုက် နာယကဆရာတော်၊
(၅) သုဗောဓက ဂဏဝါစကများ ဖြစ်ကြသော အရှင်အဓိဝါသ၊ အရှင်ဓိနောရသ၊အရှင်ပိဏ္ဍောလာဘိဝံသ(၆) ဦးလေးတော်နောင်ချိုမြို့၊ ကတီပင်ကျောင်းဆရာတော်
ဘဒ္ဒန္တ ဥတ္တမ၊
(၇)နောင်တော်-မန္တလေးမြို့၊ ဓမ္မမာနိတာရုံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာနိတာဘိဝံသ၊
(၈)ရန်ကုန် မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဗန်းမော်ဆရာတော်တို့ ဖြစ်သည်။
ဆရာတော်၏ ထူးခြားချက်တစ်ခုမှာ နောင်တော် ဘဒ္ဒန္တမာနိတာဘိဝံသနှင့် ညီတော်
ဘဒ္ဒန္တဝိဇယာလင်္ကာရာဘိဝံသ ( သစသအ ) ဓမ္မာစရိယတို့နှင့် အတူ ညီအစ်ကို
(၃)ဦးစလုံး သာသနာလင်္ကာရ ဘွဲ့ကို သာမဏေဘဝတွင် ရရှိခဲ့သူဖြစ်သည်။
( သ စ သ အ အဓိပ္ပါယ် )
အဘိဝံသ စာမေးပွဲအတွက် ကျင်းပသော
၁။ မန္တလေးမြို့ သကျသီဟ ဓမ္မာစရိယ၊
၂။ ရန်ကုန်မြို့ စေတိယင်္ဂဏ ဓမ္မာစရိယ၊
၃။ မြင်းခြံမြို့ သဒ္ဓမ္မပါလ ဓမ္မာစရိယ၊
၎။ နိုင်ငံတော်အစိုးရ ဓမ္မာစရိယ၊
တို့ဖြစ်ကြပါသည်။
ဆရာတော်သည် ရဟန်းဖြစ်သည့် နှစ်မှစ၍ ယနေ့တိုင်အောင် နှစ်ရှည်လများသော
စာသင်သားတို့အား စာဝါများ ပို့ချပေးခဲ့သည်။ ကျေးဇူးရှင်(ပထမ) ပဓာနနာယက
ဆရာတော်ကြီး၏ တွဲဖက်ဒုတိယတိုက်ကြပ်အဖြစ် (၁၉၈၈)ခုနှစ်၊ ဒုတိယတိုက်ကြပ်
အဖြစ်(၂ဝဝ၇)ခုနှစ်တွင် တာဝန်ပေးချီးမြှောက်မှုကို ခံယူခဲ့ရသည်။
ထို့အပြင် ဆရာတော်ကြီး၏ အမိန့်အရ သောတုဇနငယ်များ လေ့လာရန် (၁)သုဗောဓက
အင်္ဂုတ္တရနီတိ (ပထမအဆင့်)၊ (၂)သုဗောဓကဓမ္မပဒနီတိ(ပထမဆင့်)၊ (၃) သုဗောဓက
သင်္ဂဟသရုပ်ဆိုရိုး (မူလပထမအဆင့်)၊
(၄) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး (မူလဒုတိယအဆင့်)၊
(၅) သုဗောဓက သင်္ဂဟသရုပ်ဆိုရိုး ( မူလတတိယအဆင့် ) ကျမ်းစာငယ်တို့ကို ပြန်လည်စုစည်းဖော်ထုတ်ရေးသား ခဲ့သည်။ ဓမ္မဒါနပြုခဲ့သည်။
ဆရာတော်၏ ကလောင်အမည်များမှာ မေ့သားလှ(အောင်မြေ)နှင့်
ဓမ္မာစရိယဓမ္မအောင်စည်တို့ ဖြစ်ပြီး သာသနာပြု ကဗျာ ဆောင်းပါးများ
ရေးသားလျက်ရှိသည်။
(ငြိမ်းလဲ့ပေ့မှတဆင့်)
No comments:
Post a Comment