မနက် အိပ်ရာနိုးနိုးချင်း နိုးပြီဆိုတာကို သိတဲ့စိတ်ကလေး ၀င်လာပြီဆိုတာနဲ့  တပြိုင်နက်တည်းပဲ
အာနာပါန အားထုတ်ပါ။ အသက်ကို ၀အောင် ရှူလိုက်လို့ ရှိရင် ခန္ဓာကိုယ်ဟာ အောက်ဆီဂျင်
ပိုပြီးတော့ ရလာတယ်။ ဦးနှောက်ဟာ အောက်ဆီဂျင် အများကြီးလိုတယ်။ အိပ်ရာနိုးနိုးချင်း
အိပ်ချင်မူးတူးဖြစ်နေချိန် မကြည်မလင်ဖြစ်နေချိန်မှာအာနာပါနကို အားရပါးရအားထုတ်လို့ 
ရှိရင် အောက်ဆီဂျင်များလာတာနဲ့ ပဲ သူနည်းနည်းကြည်လာတယ်။ ဒါ့အပြင် သတိလေးနဲ့ 
ကပ်ပြီးတော့ အသက်ရှူလိုက်တဲ့အတွက် သတိရဲ့ သတ္တိကြောင့်လည်းပဲ စိတ်ကပိုပြီးတော့
ကြည်လင်နိုးကြားလာတယ်။ နှစ်ခုအကျိုးရတယ်။နိုးနိုးချင်း သိသိချင်း ပထမဦးဆုံးဖြစ်လိုက်ရတဲ့ စိတ်ဟာ
သိနေတဲ့ စိတ်ဖြစ်ပါစေ…။ သိနေတဲ့စိတ်ကို ဆက်ဆက်သွားအောင် သတိလေးနဲ့ ကြိုးစားပြီးတော့
လုပ်လို့ အချိန်တော်တော်ကြာတဲ့အခါ ကြည်လင်သန့် ရှင်းအေးချမ်းပြီးတော့
တည်ငြိမ်တဲ့ ကုသိုလ်စိတ်လေးဖြစ်လာပါတယ်။ တစ်နေ့ တာကို ကုသိုလ်စိတ်လေး၊ ဘာဝနာစိတ်လေးနဲ့ 
စလိုက်ရတာ အင်မတန် မင်္ဂလာရှိပါတယ်။ မျက်နှာမသစ်ရသေးတာ ကိစ္စမရှိပါဘူး၊
စိတ်က ပိုအရေးကြီးပါတယ်။
အဲဒီလို ခဏတရားထိုင်ပြီးတော့မှ ခုတင်အောက်ကို အသာလေး
ခြေထောက်ကို ချပြီး ခြေထောက်နဲ့  ကြမ်းပြင်ထိတာကို
သိနေလိုက်ပါ။ မျက်နှာသစ်ဖို့ သွားတာ၊ လှုပ်ရှားမှု၊ ထိမှု၊သိမှုတွေ
အားလုံးကို သတိလေး ကပ်ထားပါ။ သိ သိပြီး လုပ်သွားပါ။
စကားလုံးသုံးပြီး မှတ်ဖို့ တော့မလိုပါဘူး။ သိစရာအာရုံကို
တိုက်ရိုက်သိနေဖို့ က ပိုအရေးကြီးပါတယ်။ ထိလိုက်တိုင်း
ဘာမှပြောစရာမလိုဘူး၊ ဘာမှရွတ်နေစရာမလိုဘူး၊
သိနေတယ်။ အဲဒီထိသိလေးကိုပဲ အခြေခံအားဖြင့် လုပ်စေချင်တယ်။
ပြီးရင် ဘုရားရှိခိုးမယ်၊ မေတ္တာပို့ မယ်၊ ခဏတရားထိုင်မယ်။
တရားထိုင်ပြီးရင် စားရေးသောက်ရေးကိစ္စတွေလည်း
လုပ်ရဦးမယ်။ ဒါလေးကိုလည်း ရသလောက် သတိလေး
ကပ် ကပ်ပြီးတော့ လုပ်ပါ။ ကျဲချင်ကျဲပါစေ။ ကိစ္စမရှိပါဘူး။
နည်းနည်းလေး သိနေရင်တောင် အင်မတန် အကျိုးများပါတယ်။
ဒီလို သတိလေး နည်းနည်းပါအောင် တစ်နေ့ တာလုံး
နေခဲ့လို့ ရှိရင် တဖြည်းဖြည်းကြာတဲ့အခါမှာ စိတ်အင်အား
တက်လာတယ်။ စိတ်အင်အား တက်လာမှ အေးအေးဆေးဆေး
တရားထိုင်လိုင် သိပ်မကြာဘူး၊ (ငါးမိနစ်လောက်အတွင်း)
စိတ်က တော်တော် စုစည်းပြီးတော့ ငြိမ်သွားတယ်၊
သတိ သမာဓိရလွယ်တယ်။
ဆရာတော် ဦးဇောတိက
(သတိဆိုတဲ့ နေအိမ် မှ)
photo – credit to U Than Myint
No comments:
Post a Comment