Sunday, February 15, 2015

သတိပဌာန်တရား (၄) ပါး ဖြစ်ပေါ်လာပုံ။

       အနာပါနကမ္မဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ၀င်လေထွက်လေ ထိခိုက်မှု
ကို သိနေလျှင် ကာယာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပ
ညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာတို့ကို
ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။

         ဤသို့ ထွက်သက်ဝင်သက်ကို သိ သိနေခိုက်၌ ယားယံမှု၊ နာကျင်မှု၊ ညောင်းညာမှု၊
တောင့်တင်းမှု စသော ဝေဒနာအမျိုးမျိုး ဖြစ်ပေါ်နေသည်ကို မခံနိုင်လောက်အောင် သိ သိနေ
မည် ဖြစ်ပါသည်။ ထိုအခါ ဝေဒနာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေမည်ဖြစ်ပါသည်။
ဝေဒနာဖြစ်တိုင်း ဖြစ်တိုင်းကို လိုက်မှတ်၍ သိနေသော ယောကီသည် သတိပညာနှင့် ပြည့်စုံနေ
ခိုက် ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော
အခါကောင်းနှင့် ကြုံကြိုက်လျက် ရှိနေပါသည်။
         တဖန် ထွက်သက်ဝင်သက်ကို သိ သိနေခိုက်တွင် ကောင်းသောစိတ်များ၊ မကောင်း
သောစိတ်များ အမျိုးမျိုး ပေါ်နေမည် ဖြစ်ပါသည်။ ပေါ်တိုင်းပေါ်တိုင်းကို လိုက်မှတ်၍ သိ သိနေ
ခြင်းကို စိတ္တာနုပဿနာနှင့် ပြည့်စုံသည်ဟု ဆိုပါသည်။ ထိုအခါ သတိပညာနှင့် ပြည့်စုံခိုက်ဖြစ်
၍ အဘိဇ္ဈာ ဗျာပါဒ ခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာကို ပယ်ဖျောက်နိုင်သော အခါ
ကောင်း ဖြစ်ပါသည်။
         တဖန် ထွက်သက်ဝင်သက်ကို အနိစ္စအချက်နှင့် သိ သိနေခြင်း၊ သတိပညာနှင့် ပြည့်စုံ
မှုကြောင့် လောဘ၊ ဒေါသ၊ ကိလေသာတို့ကို ပယ်ဖျောက်နိုင်သော အခါကောင်း ဖြစ်ခြင်းတို့
ကြောင့် ထိုယောကီသည် ဓမ္မာနုပဿနာ သတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါတော့သည်။ ။
        (သံ - ၃၊ ၂၈၂ )
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်း
 တစ်ယောက်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
    (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။


No comments:

Post a Comment