ဇာတ်မင်းသား ဦးဖိုးစိန်သည်၊ လယ်တီဆရာတော်ကြီးကို ဖူးတွေ့ ခွင့်ရသောအခါ၊
မိမိရင်တွင်း လိပ်ခဲတင်းလင်းဖြစ်နေသော အချက်အလက်အချို့ ကို၊မေးလျှောက်ခဲ့သည်။
ထိုအချက်မှာ အခြားမဟုတ်ဘဲ "ယခုအခါ၌ မိမိသည် ၀မ်းရေးဝမ်းစာအတွက်၊ ဒဏ္ဍာရီ
ထိုးဇာတ်များ ကပြနေခြင်းကြောင့်၊မိမိသေလျှင် ပဟာသငရဲသို့  ကျပါမည်လား" ဟု
မေးလျှောက်ခြင်း ဖြစ်သည်။ ထိုအခါ လယ်တီဆရာတော်ကြီးက "ဖိုးစိန်၊ မင်းဟာ
(၃၁)ဘုံကို ကြိုးတပ်ဆွဲငင်နေတဲ့သူပဲ" ဟု မိန့် ဆိုပြီး၊ "ဤသို့  မဟုတ်မဟပ် ထိုးဇာတ်များ
ကို ကပြနေမည့်အစား၊ဘုရားဟော (၅၅၀)ဇာတ်တော်များကို ကပြခြင်းဖြင့်၊ဇာတ်ကရင်း
ကုသိုလ်အရယူရန်" အကြံပေးတော်မူပါသည်။
( လယ်တီဆရာတော်ဘုရားကြီး ဘ၀ဖြစ်တော်စဉ် စာ-၆၄၅ မှ)
No comments:
Post a Comment