Wednesday, February 18, 2015

လောကပညတ္ထိကျမ်းလာ ပြိတ္တာ (၁၂ ) မျိုး



လောကပညတ္ထိကျမ်းလာ ပြိတ္တာ (၁၂ ) မျိုး
--------------------------------------------------

(၁) ရတနာသုံးပါးကို ပြစ်မှားသော ပုဂ္ဂိုလ် သီလရှိသော
သူတော်ကောင်းများကို ပြစ်မှားသော ပုဂ္ဂိုလ် စားကြွင်းစား
ကျန် နှပ်တံတွေးတို့ဖြင့် ပြစ်မှားသော ပုဂ္ဂိုလ် များသည်
အလွန်ရုပ်ဆိုးပြီး သူတစ်ပါး အန်ဖတ် နှပ် တံတွေးတို့ကို စား
သောက်ရသော ဝန္တာသပြိတ္တာမျိုး ဖြစ်တတ်၏။


(၂) စက်ဆုတ်ဖွယ် အရာဝတ္ထုများကို မရိုမသေ ပေးတတ်သူ
မျာသည် အကောင်ပုပ်ကို စားသောက်ရသော ကုဏပါသပြိတ္တာ
မျိုး ဖြစ်တတ်၏။
( ၃) သူတော်ကောင်းများ၏ အစာထဲသို့ ရွံရှာဖွယ်များ ထည့်
ကျွေးတတ်သူများသည်ဂူထခါဒကပြိတ္တာမျိုး ဖြစ်တတ်၏။
(၄) ပူလောင်သော အစာမျိုး မရိုမသေကျွေးခဲ့ဖူးလျှင် အဂ္ဂိဇာ
လမုခပြိတ္တာမျိုးဖြစ်တတ်၏။
(၅) သူတစ်ပါး အလှူပိတ်ပင်ခဲ့ဖူးလျှင် သုစိမုခ ပြိတ္တာမျိုး ဖြစ်
တတ်၏။
(၆) ဆိုးမိုက်သော စိတ်ဖြင့် ရေတွင်းရေကန်များကို ဖျက်ဆီးခဲ့
ဖူးသူသည် တဏှာဋ္ဋိကပြိတ္တာမျိုး ဖြစ်တတ်၏။
(၇) သက်ကြီးသူအိုတို့ကို မရိုမသေ မလေးမစား ပြက်တိပြက်ချော်
ပြုလုပ်ခဲ့ဖူးသူသည် သုနိဇ္ဈာမက ပြိတ္တာမျိုး ဖြစ်တတ်၏။
(၈) မုဒိမ်းမှု ကျူးလွန်သူများသည် သတ္ထင်္ဂပြိတ္တာမျိုး ဖြစ်တတ်၏။
(၉) သူတစ်ပါးဆောက်လုပ်လှူဒါန်းထားသော ပြဿဒ် ကျောင်း
သိမ် စသည်များကို မီးတိုက်ဖျက်ဆီးသူများသည် ပဗ္ဗတင်္ဂပြိတ္တာမျိုး
ဖြစ်တတ်၏။
(၁၀) သူတစ်ပါးကို ကြောက်အောင် ခြောက်လှန့်ခဲ့ဖူးသူများသည်
အဇဂရင်္ဂ ပြိတ္တာမျိုး ဖြစ်တတ်၏။
(၁၁) ကုသိုလ်ကောင်းမှုတို့ကို တစ်ဖက်ကပြုပြီး တစ်ဖက်က အကျင့်
ပျက်သော မိန်းမများသည် ဝေမာနိကပြိတ္တာမျိုး ဖြစ်တတ်၏
(၁၂) ကုသိုလ် အကုသိုလ် ရောစပ်နေသော မိဿကကံကြောင့် မဟိဒ္ဓ
က ပြိတ္တာမျိုး ဖြစ်တတ်၏။ (ဥပမာ- ကျောင်း အရာမ် ဗိမ္မာန်များကို လှူ
ဒါန်းပြီး ကျောင်းဒကာ ကျောင်းဒကာမဆိုသော ဂုဏ်နှင့် ကျောင်းပစ္စည်း
များကို မတရားစားသုံးခဲ့ဖူးခြင်း။)

တည်တောဆရာတော်ဘုရားကြီး၏ ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ
စာအုပ်မှ။

No comments:

Post a Comment