နတ်အစည်းအဝေး (မဟာသမယသုတ်)
***************************
***************************
လောကဓာတ်တစ်ခု၌ စကြာဝဠာ ၁,၀၀၀၊ လောကဓာတ်ဆယ်ခု၌ စကြာဝဠာ ၁၀,၀၀၀၊ ထိုမှ နတ် ဗြဟ္မာတို့သည် ရှေးဘုရားရှင်တို့လက်ထက်, ယ္ခုဂေါတမဘုရားလက်ထက်နှင့် နောက်ပွင့်လာမည့် ဘုရားရှင်တို့ လက်ထက်၌ - ဗုဒ္ဓနှင့် သံဃာတို့ကိုဖူးမျှော်ခြင်းငှါ စုဝေးရောက်လာလေ့ရှိသည်။ ထိုရောက်လာသော နတ်ဗြဟ္မာတို့အမည်များကို "ဒီဃနိကာယ်-မဟာဝဂ်-မဟာသမယသုတ်မှာ" ဗုဒ္ဓက ထုတ်ဖော် ဟောကြား (ပြောဆို) ခဲ့ပါသည်။
---------------
ဗုဒ္ဓမှ မဟာဝုန်တော၌ နေကြသော သံဃာ ၅၀၀ကျော်အား နတ်ဗြဟ္မာအပေါင်း စုဝေးရောက်လာသည်ကို ဒိဗ္ဗစက္ခုဥာဏ်ဖြင့် ကြည့်ရှုနိုင်ရန် ကြိုးစားအားထုတ်ခိုင်း၏။ သံဃာများလည်း ဗုဒ္ဓမိန့်တော်မူသည့်အတိုင်း အားထုတ်ကြ၏။ ဒိဗ္ဗစက္ခုဥာဏ်ရကြသည်ရှိသော် အချို့ရဟန်းတော်များက နတ်ဗြဟ္မာ ၁၀၀၊ အချို့ရဟန်းတော်များက နတ်ဗြဟ္မာ ၁,၀၀၀၊ စသည်ဖြင့် အသီးသီးမြင်ကြရာ အရပ်မျက်နှာအားလုံး၌ နတ်ဗြဟ္မာများပြည့်နေလေ၏။
ထိုနတ်ဗြဟ္မာတို့မှာ -
{၁} ဘုမ္မ(ဘုန်မ)စိုးနတ်၊
{၂} ကပိလဝတ်ပြည်မှ ၇,၀၀၀ သောနတ်၊
{၃} ဟိမဝန္တာ(ဝန်တာ)တောင်မှ ၆,၀၀၀ သောနတ်၊
{၄} သာတာဂိရိတောင်မှ ၃,၀၀၀ သောနတ်၊
{၅} အမျိုးအစားစုံလင်သော ၁၆,၀၀၀ သောနတ်၊
{၆} ဝေဿာမိတ္တ (ဝစ်သာမိတ်တ ဟုဖတ်) တောင်မှ ၅၀၀ သောနတ်၊
{၇} ရာဇဂြိုဟ် (ဂျို ဟုဖတ်) ပြည်, ဝေပုလ္လတောင် (ဝေပုန်လ ဟုဖတ်) ၌နေသော ကုမ္ဘီရ (ကုန်ဘီရဟုဖတ်) နတ်စစ်သူကြီး၊
{၈} ဓတရဋ္ဌ (ရတ်ထ ဟုဖတ်) နတ်မင်းကြီး၏ သားဖြစ်ကုန်သော -ဣန္ဒ (အိန်ဒ ဟုဖတ်) အမည်ရှိသော နတ်များ၊
{၉} ဝိရူဠှက (ဝိရုန်လက ဟုဖတ်) နတ်မင်းကြီး၏ သားဖြစ်ကုန်သော -ဣန္ဒ (အိန်ဒ ဟုဖတ်) အမည်ရှိသော နတ်များ၊
{၁၀} ဝိရူပက္ခ (ဝိရူပက်ခ ဟုဖတ်) နတ်မင်းကြီး၏ သားဖြစ်ကုန်သော -ဣန္ဒ (အိန်ဒ ဟုဖတ်) အမည်ရှိသော နတ်များ၊
{၁၁} ကုဝေရ နတ်မင်းကြီး၏ သားဖြစ်ကုန်သော -ဣန္ဒ (အိန်ဒ ဟုဖတ်) အမည်ရှိသော နတ်များ၊
{၁၂} ထိုနတ်မင်းကြီး ၄ ယောက်၊
{၁၃} ထိုနတ်မင်းကြီးတို့၏ ကျွန်ဖြစ်သော = မာယာ, ကုဋေဏ္ဍု (ကုတိန်တု), ဝိဋေဏ္ဍု (ဝိတိန်တု), ဝိဋုစ္စ (ဝိတုစ်စ), ဝိဋုဋ (ဝိတုတ), စန္ဒန (စန်ဒန), ကာမသေဋ္ဌ (ကာမသစ်ထ), ကိန္နိဃဏ္ဍု (ကိန်နိဂန်တု), နိဃဏ္ဍု နတ်များ၊
{၁၄} ဤအမည်ရှိကြသော (ဒီနာမည်ရှိသော) ပနာဒ, သြပမည (အောပမင်ည), မာတလိ, စိတ္တ (စိတ်တ), သေန, စိတ္တသေန, နဠရာဇာ, ဇနဝသဘ, ပဉ္စသီခ (ပင်စသီခ),ိတိမ္ဗရု (တိန်ဘရု), သူရိယဝစ္ဆသာ (ဝစ်ဆသာ) နတ်များ၊
{၁၅} နာဂသအိုင်မှ, ဝေသာလီမှ, ယမုနာမြစ်မှ, ပယောဂဆိပ်မှ နဂါးများ၊ ကမ္ပလ (ကံပလ), အဿတ (အတ်သတ), ဓတရဋ္ဌ နဂါးမျိုးနွယ်များ၊
{၁၆} ဧရာဝဏ်ဆင်ခေါ်သော နတ်သား၊
{၁၇} စိတြသုပဏ္ဏ ဂဠုန်များ (စိတ်တရ သုပန်န ဂလုန်)၊
{၁၈} ကာလကဉ္စ (ကင်စ), ဒါနဝေဃသ, ဝေပစိတ္တိ (စိတ်တိ), သုစိတ္တိ,ပဟာရာဒ အသူရာများ၊ မာရ်နတ်သား၊ ဗလိအသူရာကြီး၏ သား ၁၀၀၊ ရာဟု အသူရိန်၊
{၁၉} ပထဝီ, အာပေါ, တေဇော, ဝါယော, ဝရုဏ, ဝါရဏ, မန, ယသ, မေတ္တာ, ကရုဏာ နတ်များ၊
{၂၀} တုသိတာ, ယာမာ, နိမ္မာနရတိ (နိမ်မာန), ပရနိမ္မိတဝသဝတ္တီ (ဝတ်တိ), ခေမိယ, ကဠက, လမ္ဗီတက (လန်ဘီ), လာမသေဋ္ဌ (သစ်ထ), ဇောတိက, အာသဝ နတ်များ၊
{၂၁} နတ်အဖွဲ့စည်း (အစုအရုံး) ၁၀ ခုမှ နတ်များ၊
{၂၂} နတ်အဖွဲ့စည်း (အစုအရုံး) ၆၀ မှ နတ်များ၊
{၂၃} သုဗြဟ္မ, ပရမတ္ထ (မတ်ထ), သနင်္ကုမာရ (သနင်ကုမာရ), တိဿ (တိတ်သ) ဟုခေါ်သော ဗြဟ္မာများ၊
{၂၄} စကြ်ာဝဠာ တစ်သောင်းထိ ကိုယ်ရောင်ကိုယ်ဝါ ပျံ့နှံ့စေနိုင်သော ဗြဟ္မာ ၁,၀၀၀၊
{၂၅} မဟာဗြဟ္မာကြီး ၁၀ ယောက်၊
{၂၆} ဟာရိတ ဟူသော ဗြဟ္မာကြီးနှင့် ဗြဟ္မာတစ်သိန်း၊
{၂၇} သိကြားမင်း။
-------------------
-------------------
ထိုသို့ ဗုဒ္ဓနှင့် သံဃာများပူဇော်ရန် ရောက်လာကြကုန်သော နတ် ဗြဟ္မာတို့ကို တိုက်ခိုက်ရန် မာန်နတ်မင်းသည် သူ၏စစ်သည်များနှင့် ရောက်လာသည်။ လာကြ, ဝိုင်းကြ, ဖမ်းကြ, ကြိုးတုပ် ချည်နှောင်ကြ, တစ်ယောက်မှ မလွတ်စေနှင့်ဟု မြေပြင်ကို လက်နှင့်ပုတ်၍ လျှပ်စစ်မိုးကြိုး ပြစ်သည့်အလား ကြောက်မက်ဖွယ်အသံဖြင့် အော်ဟစ်ကာ စစ်သည်များကို လွှတ်လေသည်။ သို့သော် မာရ်နတ်သာ ရှုံးနိမ့်လေသည်။ ဗုဒ္ဓမှ မာရ်နတ်၏ မိုက်မဲ (ရိုင်းစိုင်း ကြမ်းတမ်း) ပုံအား သံဃာများမြင်အောင် ကြည့်ရှူစေသည်။
အဆုံးတွင် မာရ်နတ်မင်း အောက်ပါစကား ပြောကြားကာ ထွက်ခွါသွားလေသည်--
**စစ်ပွဲကိုအောင်ပြီး၍ ကြောက်ရွံ့ခြင်းကင်းကာ ကျော်စော ထင်ရှားခြင်းရှိကုန်သော အရိယာသာဝကတို့သည် အခြားအရိယာသာဝကတို့နှင့်အတူ ဝမ်းသာကြကုန်၏**
{အတတ်နိုင်ဆုံး အများနားလည်အောင် ကြိုးစားထားပါ၏}
ဗုဒ္ဓစာပေများ လွယ်ကူစွာ နားလည်တတ်မြောက်ကြစေကုန်ရာသတည်း...!
No comments:
Post a Comment