Saturday, June 6, 2015
ကောင်းမှု ဆယ်ပါး ၊ မကောင်းမှု ဆယ်ပါး
ပုညကြိယာ ၁၀-ပါး (ကောင်းမှုဆယ်ပါး)
၁။ ဒါန - အလှူပေးခြင်း။
၂။ သီလ – သီတင်းသီလ ဆောက်တည်ခြင်း။
၃။ ဘာဝနာ – ကမ္မဌာန်းဘာဝနာကို စီးဖြန်းခြင်း။
၎။ အပစာယန – မိဘ ဆရာ ရတနာသုံးပါး အား အရိုအသေပူဇော်ခြင်း။
၅။ ဝေယျာဝစ္စ – မိဘ ဆရာ ရတနာသုံးပါး၏ အမှုကိုပြုခြင်း။
၆။ ပတ္တိဒါန – မိမိကုသိုလ်ကို သူတပါးအား အမျှပေးဝေခြင်း။
၇။ ပတ္တနုမောဒနာ - သူတပါး၏ ကုသိုလ်ကို သာဓု ခေါ်ခြင်း။
၈။ ဓမ္မသ၀န – တရားတော် နာယူခြင်း။
၉။ ဓမ္မဒေသနာ - သူတပါးတို့အား တရားဟောပြောခြင်း။
၁၀။ ဓမ္မဒေသနာ – သူတပါးတို့အား တရားဟောပြောခြင်း။
ဒုစရိုက် ၁၀-ပါး (မကောင်းမှုဆယ်ပါး)
၁။ ပါဏာတိပါတာ – သူ၏အသက်ကို သတ်ခြင်း။
၂။ အဒိန္နာဒါနာ – သူ၏ဥစ္စာကို ခိုးယူခြင်း။
၃။ ကာမေသုမိစ္ဆာစာရာ – သူ၏သားမယားကို မေထုန်မှီဝဲ ကျူးလွန်ခြင်း။
(ဤတ၇ား ၃ပါးကို ကိုယ်ဖြင့်ပြုကျင့်သောကြောင့် ကာယကံဟုခေါ်ပါသည်။)
၎။ မုသာဝါစာ – မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း။
၅။ ပိသုဏ၀ါစာ – သူနှစ်ယောက်အချစ်ကို ပျက်အောင် ဂုံးချောခြင်း။
၆။ ဖရုသ၀ါစာ – ကြမ်းတမ်းသဖြင့် နားမခံသာသော စကားကို ပြောဆိုခြင်း။
၇။ သမ္ပပ္ပလာပ၀ါစာ – နိဗ္ဗာန်မှ ဖီလာဖြစ်သော သိမ်ဖျဉ်းသော စကားကို ပြောဆိုခြင်း။
(ဤတ၇ား ၄ပါးကို နှုတ်ဖြင့်ပြောဆိုပြုကျင့် သောကြောင့် ၀စီကံဟုခေါ်ပါသည်။)
၈။ အဘိဇ္ဈာ – သူတပါး စည်းစိမ်ကို ငါ့စည်းစိမ်ဖြစ်ပါစေတော့ဟု ကြံခြင်း။
၉။ ဗျာပါဒ – သူတပါး ပျက်စီးစေလိုသော ဒေါသရှိခြင်း။
၁၀။ မိစ္ဆာဒိဌိ – မှားသောအယူကို ယူခြင်း။
(ဤတ၇ား ၃ပါးကို စိတ်ဖြင့် အောက်မေ့ပြုကျင့်ခြင်းကြောင့် မနောကံဟုခေါ်ပါသည်။)
စန္ဒာသူရိယဆိုဒ်မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment