Tuesday, April 5, 2016

ဒုလ္လဘဝတ်ပြီး လူပြန်ထွက်ရင် ခေါင်းတုံးပြန်တုံးသင့်မသင့်

ဒုလ္လဘဝတ်သုံးပါး ညနေက လူထွက်တော့ ... 
ဘုန်းဘုန်း တပည့်တော်တို့ ခေါင်းရိတ်အုံးမယ်ဘုရား 
အယ် ဘာဖြစ်လို့ ခေါင်းက ရိတ်မှာလဲ 
ဘုန်းကြီးဝတ်တုန်းက ဆံပင်တွေ လူ့ဘဝထိ 
မပါချင်လို့ပါဘုရား၊ 
အေ ဟုတ်လား ဒါဆို ဆံပင်ပဲလား ခန္ဓာကိုယ်တစ်ခုလုံး 
ဘုန်းကြီးဝတ်တုန်းကလည်း ပါတယ်လေ အဲဒါတွေရော 
ဘယ်လိုလုပ်မလဲ ... ဆိုတော့ 


ဘာမှ မပြောတတ်ကြတော့၊
သိမ်ဝင်တုန်းက မင်းတို့တစ်ကိုယ်လုံး ရဟန်းဖြစ်အောင် 
သံဃာတော်တွေက ကမ္မဝါဖတ် သမုတ်ပြီးပြီ၊ 
ခု အင်္ဂါရပ်နဲ့အညီ သိက္ခာချလိုက်ပြီ 
ခေါင်းက အစ ခြေမအဆုံး မင်းတို့ခန္ဓာကိုယ်ပေါ်မှာ 
ဘာရဟန်းသိက္ခာမှ မရှိတော့ဘူး၊ ဘယ်ဆံပင်ထဲမှာမှလဲ 
ကပ်ပြီး ကျန်မနေရစ်ဘူး ဟုတ်ပြီလား ရှင်းပြီလား .... ။
မှတ်ထားကြကွဲ့ ... 
သဘာဝမကျတဲ့ ယုတ္တိမရှိတဲ့ အယူအဆတွေကို 
ဘယ်တော့မှ ခေါင်းထဲ မထည့်လေနဲ့ ကွ၊ 
အဲဒီအယူအဆ ဘယ်စာပေကျမ်းဂန်မှာမှ မရှိဘူး၊
တစ်ခုပြောချင်တယ် 
သိမ်ဝင်ရင် ပုတီးစတဲ့ ဘာညာသာရကာပစ္စည်းတွေ 
ဘာလို့ ထည့်ကြတာလဲ ........ 
အစွမ်းထက်အောင်ပါဘုရား၊
အေး အစွမ်းထက်တာ မထက်တာ အပထား
ပုတီးတွေကို အဲလိုဖြစ်အောင် လုပ်ကြတယ် ဆိုရင် 
ခေါင်းပေါ်က ဆံပင် ရိတ်သင့် မရိတ်သင့် ကိုယ့်ဘာသာ 
ပြန်စဉ်းစားကြပေတော့၊ 
ငါက တော့ မရိတ်ရေးချ မရိတ်ပေး ........ ။။
ကဲ .......... 
လွဲနေတဲ့ အယူအဆတွေ 
လူထွက်သုံးယောက်ကို ပြောကြားရင်းနဲ့ 
ဖြည့်စွက်ရေးသားပြီး မျှဝေသိစေလိုက်ရပေသည်
အရှင်သုမင်္ဂလ

2 comments:

  1. ရဟန်းသံဃာများ ၁။facebook မှာ ပုံတင်​သင့်​ မတင်​သင့်​ နှင့်​ ၂။facebook သုံးသင့်​မသုံးသင့်​တို့ကို ကျမ်းကိုးနဲ့ သင်​ပြ​စေလိုပါတယ်​ဘုရား။ ​​မေးခွန်း နှစ်​ခုဟာသီးခြားစီဖြစ်​ပါတယ်​ဘုရား။ ပုံ​တော့တင်​သင့်​ပီး မသုံးသင့်​ပါသလား ဒါမှမဟုတ်​ လုံးဝကိုမသုံးသင့်​တာပါလားဘုရား။ facebook သုံးခြင်း​ကြောင့်​ ဝိနည်းအာပတ်​သင့်​ပါသလား။ facebook သုံးခြင်းက သံဃာအတွက်​ အကျိုးနည်းပြီး အပြစ်​ဖြစ်​​စေတာ​တော့​တွေးမိ​ပေမယ့်​ ဒုလ္လဘရဟန်း​တွေဟာ facebook သုံးသင့်​မသုံးသင့်​ သိရှိလိုပါတယ်​ဘုရား

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete