Saturday, April 9, 2016

တကိုယ်တည်း နေခြင်း။

      လူတို့သည် အများနှင့်နေလျှင် စကားတပြောပြောနဲ့ ပျော်စရာကောင်းသည်ဟု ယူဆ
ကြသည်။ “တစ်ယောက်တည်းနေတော့ = တရား၊ နှစ်ယောက်ဆိုတော့ = စကား၊ သုံးယောက်
ဖြစ်လာရင် = အလကားတဲ့။” ဟု ဆရာတော်ကြီးတွေ မိန့်ကြားလေ့ ရှိကြပါသည်။

         သာဓကတစ်ခု ပြောပါရစေ၊ ဗာရာဏသီမင်းတစ်ပါးသည် အပျိုတော်ဝဏ္ဏဒါသီ၏ လက်
တစ်ဖက်၌ လက်ကောက်တစ်ကွင်း၊ ကျန်တစ်ဖက်၌ လက်ကောက်နှစ်ကွင်းဝတ်လျက် ကျောက်
ပျဉ်တွင် စန္ဒကူးကို သွေးရာဝယ် ယင်းလက်ကောက်နှစ်ကွင်းရှိသောလက်၌ လက်ကောက်အချင်း
ချင်း တိုက်ခိုက်၍  တစ်ဖက်သောလက်တွင်ရှိသော တစ်ကွင်းတည်းသောလက်ကောက်မှာ တိုက်
ခိုက်မှု မရှိခြင်းကို မြင်ရသောအခါ၊ အဖေါ်ရှိသောလက်ကောက်သည် အချင်းချင်း တိုက်ခိုက်ကြ
ပါတကား။ တစ်ကွင်းတည်းသော လက်ကောက်သည် တိုက်ခိုက်ခြင်းမရှိပါတကား။ ဤအတူ =
အဖေါ်မမှီ တစ်ယောက်တည်းနေရခြင်းသည် ချမ်းသာခြင်းပါတကား။ အဖေါ်ရှိခြင်းသည် အချင်း
ချင်းတိုက်ခိုက်နေ၍ သောကမကင်းရပါတကားဟု အောက်မေ့စဉ်းစားလျက်နေစဉ်တွင် ဗာရာဏ
သီမင်း၏ မိဖုရားကြီးကိုယ်တိုင်ဝင်၍ သွေးသောအခါ လက်ကောက်တွေကများသဖြင့် အချင်းချင်း
တိုက်ခိုက်သော လက်ကောက်သံတို့ ပို၍ကျယ်လောင်ဆူညံစွာ မြည်ကြကုန်၏။
         ထိုအခါ ပို၍ ငြီးငွေ့ခြင်းဖြစ်သဖြင့်သံဝေဂတရား တိုးပွားပြီးလျှင် ၀ိပဿနာဉာဏ်ကို
ကောင်းစွာမြင်ပြီး ပစ္စေကဗောဓိဉာဏ်ကို ရသွားတော်မူပါသည်။
         ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း လောကီသားတွေဖြစ်တဲ့အတွက် စား ၀တ် နေ ရေး
အတွက် ရုန်းကန်လှုပ်ရှား ရှာဖွေစုဆောင်းနေရပေမယ့် အချိန်ပိုတွေကို အကျိုးရှိစွာ အသုံးချ
စေရန် တတ်နိုင်သလောက် အပေါင်းအသင်းရှောင်ပြီး တစ်ဦးနေကာ (မိသားစုနဲ့ ကြောခိုင်း
ဖို့မဟုတ်၊ မိသားစုကိုလည်း ကျွေးမွေးပြုစုစောင့်ရှောက်ရင်း ) တရားစာအုပ်ဖတ်၊ တရား
ခွေဖွင့်နာယူ(နားထောင်) သမ္မသဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်နေကြရင် အကောင်းဆုံးပါလို့
သိရှိနားလည် ကြပါစေ။
{ မြင့်ရွှေ(ပေါင်းတည်) ၏ နေနည်း၊ သေနည်းနှင့် ၀ိပဿနာမှ ကောက်နုတ်ရေးသား
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment