လူသားတိုင်း သတ္တ၀ါတိုင်း အချစ်နဲ့ မကင်းနိုင်ကြပါဘူး။ လူသားတွေက
ချစ်ခြင်းအကြောင်းအရာတွေကို ပြောပြီးရင်းပြော ချစ်ပြီးရင်
ဆက်ချစ်နေကြအုံးမှာပါ။ သားချစ် အမေချစ် ၊ ဆရာချစ် တပည့်ချစ် ၊မောင်ချစ်
နှမချစ် သူငယ်ချင်းအချစ် ချစ်သူများအချစ် ဆိုပြီး အချစ်ကလဲ
ပုံစံမျိုးစုံနဲ့ လောကကြီးထဲရှိနေတာပါ။
သမုတိသစ္စာနယ်ပယ်က
ချစ်ခြင်းတရားတွေကတော့ အရောင်ခြယ်ထားတဲ့ စွဲလမ်းမှုပေါ်မှာ ရှိနေကြတာ
များတယ်လို့ ထင်ပါတယ်။ ဓမ္မရှုဒေါင့် သို့မဟုတ် ပရမတ္ထရှုဒေါင့်ကနေ
ကြည့်ရင်တော့ အချစ်မှန်သမျှ ဖြတ်တောက်နိုင်အောင် ကြိုးစားကြရမှာပါ။
သမုတိသစ္စာနယ်ကနေ အချစ်ကြောင့် တရားထူးရခဲ့တဲ့ အမေတယောက်အကြောင်း
ပြောပြချင်ပါတယ် …………..
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ….
အိန္ဒိယနိုင်ငံ .. ရာဇဂြိုဟ်မြို့သူ အမျိုးသမီးတယောက်. အရွယ်ရောက်လာပေမယ့်
ချစ်ခြင်းတွေကို စိတ်မ၀င်စားခဲ့ဘူး ၊သာသနာဘောင်ဝင်ဖို့သာ စိတ်ထက်သန်ခဲ့သူ
ဒါပေမယ့် မိဘတွေခွင့်မပြုလို့ သာသနာဘောင်ဝင်ခွင့်မရခဲ့ပါဘူး . လောကအလယ်
ရှင်သန်ရင်း မိဘတွေဆန္ဒကို လိုက်လျော လက်ထပ်ခဲ့ရပေမယ့်
စိတ်ဝင်စားမှုမရှိခဲ့ဘူး….. လက်ထပ်ပြီးမကြာခင်မှာ အမျိုးသားကို
ခွင့်ပန်ပြီး သာသနာ့ဘောင်အပြီး ၀င်လာခဲ့တယ်။
ဒါပေမယ့်
သူ့မှာကိုယ်ဝန်ရလာခဲ့တာကို သူမကိုယ်တိုင် သတိမထားခဲ့မိဘူး
.ဘိက္ခုနီကျောင်းရောက်မှ ကိုယ်ဝန်က ရင့်လာခဲ့တယ်… ပတ်ဝန်ကျင်အမြင်မှာ
ထူးဆန်းလို့ပေါ့ … ဒီလိုသတင်းတွေကြားတော့ ကျောင်းအမကြီး ၀ိသာခါကိုယ်တိုင်
ကျောင်းကိုရောက်လာပြီး အကျိုးအကြောင်းကုန်စင် သိရတော့ ဒီကိုယ်ဝန်ကို
မွေးဖွားဖို့ ကူညီခဲ့ပါတယ်။ ဒီလိုနဲ့ သားလေးတယောက်မွေးဖွားခဲ့တယ်
ဘိက္ခုနီကျောင်းမှာပဲပေါ့။ အရွယ်ရောက်လာတော့ သားဖြစ်သူလဲ သာသနာဘောင်ဝင် ……
နောက်ပိုင်းမှာ ဘုရားရှင်ထံက ကမ္မဋ္ဌာန်းအားထုတ်နည်း သင်ယူပြီး
တောထွက်ခဲ့ပါတယ် . တောထဲမှာ (၁၂ ) နှစ်ပတ်လုံး တရားအားထုတ်နေခဲ့တယ်…
သားရဟန်းတောထွက်တဲ့နေ့က
စပြီး အမေဖြစ်သူ ဘိက္ခုနီမမှာ သားစိတ်ကြောင့် အမြဲငိုနေခဲ့တယ်၊
သားကိုတွေ့ချင် သားအသံကိုကြားချင်တဲ့ အမေရဲ့ အရောင်ခြယ်တဲ့ချစ်ခြင်းတွေက
စိတ်ကို ပင်ပန်းစေခဲ့တယ်၊ သားရဟန်းလဲ တရားထူးရလို့ ကျောင်းကိုပြန်ကြွအလာ
သားကိုမြင်တော့ မျက်ဝန်းက ထွက်ကျနေတဲ့ မျက်ရည်တွေကို ဂရုမစိုက်နိုင်ဘဲ
သားရေ သားရေ လို့ အော်ခေါ်ရင်း သားနောက်က ပြေးလိုက်သွားခဲ့တယ်…
သားဖြစ်သူ
ရဟန္တာအရှင်မြတ်က .အင်း ငါ့ရဲ့ချိုသာတဲ့ စကားသံကို ကြားရင် ငါ့အမေတော့
ဒီချစ်ခြင်းသံသရာက လွတ်နိုင်မှာ မဟုတ်တော့ဘူး- လို့တွေးမိပြီး
လေသံပြတ်ပြတ်နဲ့ ပြောထည့်လိုက်တယ်… အမေ..ဘာလို့ သားနောက်ကို လိုက်နေတာလဲ…
ချစ်ခြင်းတရားကို မဖြတ်တောက်နိုင်ဘူးလား..လို့ပြောပစ်လိုက်တော့.. အော်
ငါကတော့ သူတောထွက်တဲ့နေ့ကစလို့ ၁၂ နှစ်လုံးလုံး မျက်ရည်နဲ့မျက်ခွက်
ငိုနေခဲ့ရတာ…သူကတော့ ငါ့အပေါ် ပြောရက်တယ် …ရက်စက်လိုက်တာ သားငယ်…
အမေ့ရဲ့ချစ်ခြင်းကို ဥပေက္ခာပြုရက်တဲ့ သားငယ်.. ဆိုပြီး
အရောင်ခြယ်ချစ်ခြင်းကို ဖြတ်ပြီး တရားအားထုတ်လိုက်တာ အဲဒီနေ့မှာပဲ
တရားထူးတရားမြတ်ကို ရခဲ့ပါတယ်… သူ့နာမည်ကတော့ ကုမာရကဿပမာတုထေရီတဲ့.
သားရဲ့စိမ်းကားခြင်းက အမေ့အတွက် တရားထူးရသလို အရောင်ခြယ်အချစ်ကို
စနစ်တကျသုံးလိုက်တော့ သစ္စာတရားဆိုတာကို တွေ့သွားခဲ့ပါတယ်။ အမေရဲ့ အချစ်ကို
ဥပေက္ခာပြုရက်တဲ့ သားငယ်ရေ.. ကျေးဇူးအနန္တပါကွယ်...
ဘုန်းဘုန်းဦးတိက္ခဉာဏ(ယောအသင်း)
No comments:
Post a Comment