“ကာယကံ၊ ဝစီကံ၊ မနောကံရယ်လို့ ကံသုံးပါးမှာဘယ်ကံက အပြစ်ကြီးပါသလဲဆိုတော့…
ဒီကံသုံးပါးဟာ ကောင်းကျိုးပေးတဲ့ ကုသိုလ်ကံမဟုတ်ဘူး၊မကောင်းကျိုးပေးတဲ့ အကုသိုလ်ကံပဲ။
“ကာယကံဆိုတာ ကိုယ်ဖြင့် ပြုလုပ်တဲ့ အကုသိုလ်ကံကိုဆိုလိုတယ်၊ အဲ့ဒိ အကုသိုလ်ကံဟာ –
(၁) ပါဏာတိပါတ = သူ့အသက်ကိုသတ်တဲ့ကံ၊
(၂) အဒိန္နာဒါန =သူတစ်ပါးပစ္စည်းကို ခိုးယူတဲ့ကံ၊
(၃) ကာမေသုမိစ္ဆာစာရ = ကာမမှု၌ မှားယွင်းစွာ ပြုကျင့်မိတဲ့ကံရယ်လို့သုံးပါးရှိတယ်။