Saturday, May 25, 2013
ပုညကိရိယာဝတ္ထု (၁၀)ပါး
မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရားလည်း (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။ ထို(၁၀)ပါးကား - (၁) ဒါန – စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
(၂) သီလ – (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊
(၃) ဘာဝနာ – သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊
(၄) အပစာယန – ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊
(၅) ဝေယျာဝစ္စ – သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊
(၆) ပတ္ထိဒါန – မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊
(၇) ပတ္တာနုမောဒနာ – သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊
(၈) ဓမ္မသဝန – တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊
(၉) ဓမ္မဒေသနာ – တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊
(၁၀) ဒိဋ္ဌိစုကမ္မ – ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment