၁။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။
၂။ အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
၃။ အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။
၎။ အကယ်၍ နတ်ပြည်၌ ရဟန္တာ မဖြစ်သေးပါမူ အရိမေတ္တယျဘုရား မပွင့်မီ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ ရောက်နိုင်သေး၏။
၅။ အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်သေးပါမူ ပွင့်တော်မူလတ္တံ့ ကုန်သော အရိမေတ္တယျ အစရှိကုန်သော ဘုရားသခင်ကိုယ်တော်မြတ် ခြေတော်ရင်း၌ ဒါရုစိရိယမထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာ ဖြစ်ရတော့သည်။
မဟာရာဟုလောဝါဒသုတ်(အကျဉ်း)
ရှင်းချက်။ ။ အာနာပါန ကမ္မဋ္ဌာန်းကို ရှုမှန်လျှင် ဒီဘဝတွင် ရဟန္တာ
ဖြစ်နိုင်သည်၊ အကယ်၍ ဒီဘဝ ရဟန္တာ မဖြစ်သေးပါမူ ဂေါမိကမထေရ်ကဲ့သို့
သမသီသိရဟန္တာ ဖြစ်ရသည်၊ ဘယ်လိုရဟန္တာ ဖြစ်သလဲဆိုတော့ ..ဂေါမိက-ဆိုတဲ့ ရဟန်းတစ်ပါးဟာ ဈာန်ကိုရသတဲ့။ ၄င်း ဂေါဓိကမှာ သူရသော ဈာန်ဟာ ခုနှစ်ကြိမ်တိုင်တိုင် လျှောလျှောကျ၍ ခဏခဏ ဈာန်ကို ပြန်ပြီးရအောင် အားထုတ်ရလေသည်။
တစ်နေ့သာအခါ ဂေါဓိကမထေရ်စိတ်၌ ဖြစ်ပေါ်လာသည်မှာ “ဈာန်လျောပြီး သေရပါမူ ဂတိမမြဲ၊ ငရဲသို့ပင် သွားမည် စိုးရိမ်လှ၍ ၄င်းဈာန်ရဆဲမှာပင် ငါ့သေတော့အံ့”ဟု အကြံအစီဖြစ်ကာ ဈာန်တန်းလန်းနှင့် မိမိလည်မျိုကို ထက်လှစွာသော သားလှီးဓားဖြင့် လှီးဖြစ်၍ သတ်ကာသေလေသည်၊ အမြဲတရား လက်ကိုင်ရှိပြီး ဖြစ်လေသောကြောင့် ရဟန္တာလည်းဖြစ်၊ သေလည်းသေ နှစ်ချက် တစ်ပြိုင်နက်တူညီကာ သမသီသိရဟန္တာ ဖြစ်ကာ ပရိနိဗ္ဗာန် ပြုရရှာသည်။
http://dhammapannkhinn.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
No comments:
Post a Comment