Friday, May 24, 2013

ဆရာတော်ဦးဗုဓ်၏ ဂီဟိဝိနယ ဆုံးမစာ များ

cropped-pahtan_950x4251.png
ဒီတစ်ပတ်တော့ စာဖတ်သူတွေကို ဗဟုသုတ တိုးပွားပါစေခြင်း အကျိုးငှာ ဆရာတော် ဦးဗုဓ် ရဲ့ သိကောင်းစရာ ဆုံးမစာများကို တင်ပြပေးလိုက်ပါတယ် ။
ဘ၀ရဲ့ ကောင်းခြင်းဆိုခြင်းတွေကို စာဖတ်သူတို့ စံနမူနာ အတုယူနိုင်ကြပါစေ ။ ဘ၀တိုးတတ်ခြင်းအတွက် မကောင်းသော အကျင့်ဆိုးဝါသနာဆိုးများကို
အကျိုးအပြစ်အလိုက်ဆင်ခြင်နိုင်ပြီး မြင့်မားတဲ့ဘ၀ကိုပိုင်ဆိုင် နိုင်ပါစေ ။ စာပေကိုလေ့လာဖတ်ရူ့ရသော ကြောင့်လည်းကောင်းမြတ်အဘိုးတန်သော အမြင်
များကို ပိုင်ဆိုင်နိုင်ပါစေ ။

စာဖတ်သူ သုံးမျိုး ၇ှိတဲ့ ထဲမှာ မှ စာရေးသူထက်သာလွန်သော အတွေးသာလွန်သောအဆင့်ကို ပိုင်ဆိုင်သူ ဖတ်ကြားတွေးခေါ်နိုင်သူများ ဖြစ်ပါစေလို့ ဆုမွန်
ခြွေလျှက် ဒီနေ့ တင်ပြပေးလိုက်တဲ့ ရှေးပညာရှိသူတော်ကောင်း ဆရာတော်ကြီးများ ရဲ့ အဆုံးအမတွေကို ဒီနေ့ထိ အသုံးဝင်နေတယ် အကျိုးအပြစ်ကို ဆင်
ခြင်နိုင်သူဟာ ဘ၀တန်ဘိုးမြင့်မားသူတွေ ဖြစ်နိုင်ဘို့ရှေ့ဆောင်လမ်းပြ စာကောင်းပေမွန်တွေကို သိလည်းသိ မြင်လည်းမြင် လိုက်လည်းလိုက်နာနိုင်ပါစေ ။
ဥစ္စာပျက်ကြောင်း – ၆ – ပါး
သေစာသောက်စား ၊လမ်းသွားခါမဲ့ ၊ ရူ့ငဲ့သဘင် ၊ ပျော်ရွင်အန်လောင်း ၊ မကောင်းမိတ်ဖျင်း ၊ ပျင်းရိခြင်းကား ယိုယွင်းဥစ္စာပျက်ကြောင်းတည်း ။
သေအရက်သောက်စားခြင်း အပြစ် – ၆ – ပါး
ဥစ္စာယုတ်ခြင်း ၊ ငြင်းခုံများစွာ ၊ ရောဂါထူပြော ၊ ကျော်စောမဲ့တုံ ၊ မလုံအင်္ဂါ ၊ ပညာနည်းရှား ၊ ဤခြောက်ပါးကား သောက်စားသေစာအပြစ်တည်း ။
အခါမဲ့ သွားလာခြင်း အပြစ် – ၆ – ပါး
ကိုယ့်သားမယား ၊ တခြား ဥစ္စာ ၊ လုံရာမဲ့ရှောင်း ၊ မကောင်းအရာ ၊ ရွံ့ရှာလေအပ် ၊ ယိုး စွပ်ရောက်မူ့ ၊ ဆင်းရဲ့စု ၊ ခြောက်စု ခါမဲ့သွားပြစ်တည်း ။
သဘင်ပွဲလမ်း အပြစ် – ၆ – ပါး
ကခြင်း တလီ ၊ သီသည် တသီး ၊ မူတ်တီးတသင်း ၊ ပြိန်းဖျင်း တအုပ် ၊ လက်ခုပ်တတည်း ၊ အိုးစည်တဖြာ ၊ ရှိရာရှာ၍ ၊ ဥစ္စာပျက်မူ့ဤခြောက်ခုကား
ကြည့်ရူု့သဘင် အပြစ်တည်း ။
လောင်းကစားသူ အပြစ် – ၆- ပါး
အောင်သူရန်ပွား၊ ရူံးသားစိုရိမ် ၊ စည်းစိမ်လျော့ပါး ၊ တရားသဘင် ၊ မ၀င်သက်သေ ၊ မိတ်ဆွေနှိမ့်ဆို မလိုထိမ်းမြား ဤခြောက်ပါးကား ပျော်ပါး
ကြွေအံအပြစ်တည်း ။
မိတ်ဆွေပျက် – ၆ – ပါး
ကြွေအန်ကြူးထ ၊ မိန်းမကြူးထွေ ၊ သေစာကြူးမူ့ ၊ အတုပြုငြား လှည်းစား တထောက် ၊ မျက်မှောက်လှည့်ချက် နိုင်ထက်လုယူ ဤသူခြောက်ပါး
မိတ်ဖြစ်လားကြောင့် ပျက်ပြားမိတ်ဆွေ အပြစ်တည်း ။
ပျင်းရိခြင်း အပြစ် – ၆ – ပါး
အချိမ်းပြင်းဝှန် ၊ အလွန်ပူနိုး ၊ မိုးချုပ်လှမော ၊ စောလှလွန်းယောင် ၊ ဆာလောင်ပြင်းပြ ၊ ၀မ်းဝလွန်းထွေ ၊ နေကပညာ မပွားရာသည် ခြောက်ဖျာ
အပြစ်တည်း ။
အကြီးအကဲ အကျင့် – ၆ – ပါး
ထကြွ နိုးကြား သနား သည်းခံ ဝေဖန် ကြည့်ရူ့ ဤခြောက်ခုကား ကြီးသူ ကျင့်ရာ တရားတည်း ။
မိတ်ဆွေတု – ၁၆ – ပါး
ကိုယ်ကျိုးကိုသာငဲ့သော မိတ်ဆွေတု – ၄ – ယောက်
လက်ချည်းလာ၍ ဥစ္စာသယ်ဆောင် နည်းငယ် ဖြင့်သာ များစွာလိုရှိ ဘေးထိရောက်ခါ ပြုလာတုံဘိ မိမိကျိုးငှာ မှီလာပေါင်းယှဉ် လေးယောက်စဉ်ကား
အညဒတ္ထု ဟရတည်း ။
နူတ်ဖြင့်ဟန်ဆောင်သော မိတ်ဆွေတု – ၄ – ယောက်
ရှေ့ဖြစ်စေ့စပ် တထပ်နောက်မှီး ချည်းနှီး သင်္ဂြိုဟ် ပေးလိုစဟန် ပစ္စပ္ပုန်မူ ပြညွန်ပျက်ပြား ဤလေးပါးကား မှတ်သား ၀စီပရမတည်း ။
ချစ်ဖွယ်ကိုဆိုသော မိတ်ဆွေတု – ၄ – ယောက်
မကောင်းခွင့်ပြု ကောင်းမူ့ကိုလျှင် ဆင်ခြင်မရူ ခွင့်ပြုသည်ပင် ရှေ့တွင် ချီးမွမ်း ဖုံးလွမ်းကွယ်လျှင် ကဲ့ရဲ့ချင်သည် လေးအင် ပီယ ဘာဏီတည်း ။
မကောင်းမူ့၌ ဖော်ပြုသော မိတ်ဆွေတု – ၄ -ယောက်
သောက်ထုပ်သေရက် ညဥ့်နက်လမ်းသွား ရူ့စားသဘင် ပျော်ရွင်အန်စာ လေးရပ်မှာပင် တကွထင်သည် လေးအင် အပါယ် သဟဲတည်း ။
မိတ်ဆွေစစ် – ၁၆ – ပါး
ကျေးဇူး ရွက်ဆောင် သော မိတ်ဆွေစစ် – ၄ – ယောက်
မေ့လျော့ စောင့်လာ ဥစ္စာစောင့်ရှောက် ဘေးရောက် ကိုးကွယ် ပြုဖွယ်ရှိက နှစ်ဆဥစ္စာ ချေးပေးလာသည် လေးဖြာ ဥပကာ ရတည်း ။
ဆင်းရဲ့ချမ်းသာ မပစ်ခွာ သောမိတ်ဆွေစစ် – ၄ – ယောက်
လျို့ဝှက်စကား ကြားစေတုံလျက် သူလျို့ဝှက် ၍ ဘေးတွေ့ မစွန့် မတွန့်တို ပါ သူ့ကိုညှာလျက် ကိုယ့်သက်စွန့်မြောက် ဤလေးယောက်ကား မျှလေ
ချမ်းသာ ဆင်းရဲတည်း ။
အကျိုးရှိရာ ပြေားကြားသော မိတ်ဆွေစစ် – ၄ -ယောက်
မကောင်မြစ်တာ ကောင်ရာသွင်းထား မကြားစတောင်း အကြောင်းကြားလာ နတ်ရွာလမ်းပြ ဤလေးဝကား မည်ရ အတ္ထက္ခကာယီတည်း ။
အစဉ်သနားတတ်သော မိတ်ဆွေစစ် – ၄- ယောက်
ဥစ္စာခမ်းနား မပွားသမြို့ မနှစ်မြို့ငြား ပွားကရွင်မြူး ကျေးဇူးမဲ့ကို ဆိုသောတားမြစ် ကျေးဇူးဖြစ်ကို ဆိုသော် ချီးမွမ်း သူတို့တမ်းကား မိတ်ကျွမ်းအနု
ကမ္ပတည်း ။
အလေးအမြတ်ပြုအပ်သော အရပ် – ၆ – ပါး
အရှေ့မိဘ တောင်မှ ဆရာ နောက်မှာ မယား မြောက်ကား မိတ်ဆွေ အောက်ခြေကျေးကျွန် များ အထက်ဖျားကား ပုဏ္ဏား ရဟန်းခြောက်ရပ်တည်း ။
အလောင်းအလျာတို့ အလိုတော် – ၆ – ပါး
လောဘ ဒေါသ မောဟ ကင်းလို တော်ခိုတဖြာ ဆိတ်ရာငြိမ်းသက် ၀ဋ်မှထွက် ခြောက်ချက်လျောင်းလျာ လိုတော်တည်း ။
မပြတ်ဆင်ခြင်အပ်သော တရား – ၅ – ပါး
အိုခြင်းတဖြာ နာခြင်းတထွေ သေခြင်းတခြား ကွဲပြား တတန် ကံလျှင် ဥစ္စာ ဤငါးဖြာကို မကွာနေ့ည ဥာဏ်သက်ဝင်င၍ ဆင်ခြင်ကြ ။
အကျိုးဆောင်သော တရား – ၁ – ပါး
သေခြင်းတပါး ဤတရားကား စီးပွား မြားမြောင် အကျိုးဆောင်သည် အိုအောင် အောက်မေ့ စီးဖြန်းကြ ။
စာဖတ်သူအပေါင်း အကျိုးအကြောင်းဆိုးကောင်း များစွာ ဝေဖန်အမူ့တွင်တွင်ပြု၍ မကောင်းရှောင်ရှား ကောင်းရာထား၍ ဘ၀ လိုအင် ဖြင်ချင်ဆန္ဒ
တလုံးတ၀ ပြည့်ဝ ရနိုင်ပါစေ ။
******* မေတ္ထာဖြင့် တော်ဝင်နှင်းဆီ *******

No comments:

Post a Comment