သ က္ကောစ ။ ။စွမ်းနိုင် ရမယ်ဆိုတာသီလသိက္ခာ သမာဓိသိက္ခာပညာသိက္ခာကျင့်နိုင်
သူဖြစ် ရမှာပါ တနည်းပြောရရင် အကျင့်မြတ် တရားတွေကို
ယုံကြည်ချက်မရှိသူမစွမ်းဆောင်နိုင် ပါဘူး။ မကျန်းမာတဲ့သူ
လိမ်လည်လှည့်ဖြားတတ်တဲ့သူ ဝိရိယညံ့တဲ့သူ အသိ
ဥာဏ်မရှိတဲ့သူတွေမစွမ်းဆောင်နိုင်ပါဘူး။
ဒါကြောင့်ယုံကြည်ကျန်းမာ မာယာကင်းကာထက်သန်ဝိရိယ ဥာဏ်မြင့်မားရပါမယ်။ဒီအင်္ဂါ၅ပါး
ဟာစွမ်းဆောင်နိုင် တာပါဘဲ။
ဥဇူစ သုဟုဇူစက တော့မသိတာကို သိသ ယောင်ယောင် မတတ်တာကိုတတ် သ ယောင်ယောင် မရှိတာကိုရှိ သ ယောင်ယောင်
ဆောင်ပြီးမာယာပရိယာယ်မများရဘူးကောက်ကျစ်စဉ်းလဲမှုမရှိရပါဘူး။ မလှည်ဖျားရပါဘူး။ရိုးသားမှသာတရားကိုသိနိုင် ပါတယ်။
မရိုးသားရင်တော့တရားကိုမသိနိုင် ပါဘူး။ ဉဇုစ သုဟုဇုစလို့မြတ်စွာဘုရားရှင်နှစ်ကြိမ်ပင် ထပ်ကာ ဟောတော်မူခဲ့တာကိုကြည့်ခြင်း
အားဖြင့်မာယာပရိယာယ်ကင်းဘို့ဆိုတာ ရိုးသားဖို့ဆိုတာဘယ်မျှ အ ရေးကြီးသလဲလို့နှလုံးသွင်းစေချင် ပါတယ်။အသက်ထက်ဆုံးတိုင်
အောင် ပဲကိုယ်စိတ်နှစ်ပါးလုံးရိုးသားဖြောင့်မတ်အောင် စိတ်ထားကောင်းမွန်မြင့်မြတ်အောင်ပြုကျင့်နေခြင်းသာလျှင် သုဟုဇုစ
ဖြစ်ပါတယ်။
သုဝ
စောစ။ဆိုဆုံးမလွယ်သူဖြစ်
ရမယ်တဲ့။ ဆိုဆုံးမဖို့ခက်ခဲတဲ့သူဟာတရားမတိုးတတ်နိုင် ပါဘူး။တစုံတ
ယောက်သောပုဂ္ဂိုလ် ကမိမိကို ဆုံးမလာပါပြီတဲ့။
့မိမိကဆုံးမစကားနာယူလွယ်သူ မဟုတ်ခဲ့ရင်နောက်နောင်
အဖိုးတန်တဲ့ စကားတွေရမှာမဟုတ်တော့ပါဘူး။
ဆုံးမခက်တဲ့သူတွေရဲ့အကျင့်က 'ငါ့ကိုသက်သက်ဆရာလာလုပ်တယ်' ဆိုပြီးသွန်သင် ဆုံးမတဲ့ပုဂ္ဂိုလ်တွေကိုမနှစ်သက်ကြပါဘူး။အဲဒီလိုပုဂ္ဂိုလ်
တွေတရားရဘို့အလွန်ဝေးကွာလှပါတယ်။အလွန့်အလွန်ကိုမလွယ်ကူလှပါဘူး။ဆရာကောင်းသမားကောင်းတွေနဲ့တွေ့တာတောင်
မှ ဆိုဆုံးမမှုကိုမလိုက်နာလို့ရှိရင် လိုက်နာဘို့ ဝန်လေးနေမယ်
တွန့်ဆုတ်နေမယ် မနှစ်သက်ဘဲနေမယ် မျက်နှာမသာမယာဖြစ်နေမယ်ဆိုလို့
ရှိရင် ဒါဟာနိဗ္ဗာန်နဲ့ပိုလို့ဝေးကွာသွားပြီလို့ပြောရမှာပါဘဲ။
မုဒုစ။ဆက်ပြီတော့နူးညံ့သိမ်မွေ့မှုမရှိသူဟာလည်းပဲတရားရဖို့မလွယ်လှပါဘူး။မေတ္တာကိုပွားဖို့လဲခက်ခဲပါတယ်။
ကိုယ်အမူအရာနှုတ်အမူအရာာနူးညံ့တဲ့ ပုဂ္ဂိုလ်များဟာမျက်မှောင် မကြုံ့ဘူး။
ရွှင်ပြတဲ့မျက်နှာနဲ့နားချမ်းသာအောင် စကားပြောတတ်တယ်။ရိုးသားပွင့် လင်း
တဲ့မျက်နှာနဲ့ ပတ်ဝန်းကျင် ကိုဆက်ဆံတတ်တယ်။
ဒီဂုဏ်တွေကြောင့်မေတ္တာ ဘာဝနာဖြစ်ဖို့တရားထူးတရားမြတ်ရဖို့အကြောင်းအထောက်အပံ့
ကောင်းတွေဖြစ်နေပါပြီ။
အနတိမာနိ။ဒီနေရာမှာမာနကြီးတယ်ဆိုတဲ့သဘောက
မေတ္တာရဲ့ဆန့်ကျင် ဘက်တရားဖြစ်နေပြန်တယ်။တရားအားထုတ်တဲ့နေရာမှာလဲပဲ
တိုးတက်မှုမရနိုင်
ပါဘူး။မာနကြီးတဲသူဟာ မိမိထက်သီလသမာဓိပညာကြီးမြင့််တဲ့သူလေးစားအပ်တဲ့သူတွေကိုလေးစားဝပ်တွားဖို့
အလွန်ဝန်လေးတတ်ကြပါတယ်။ သူတို့ရဲ့ကာယကံဝစီကံမှုတွေဟာမေတ္တာနဲ့ဆန့်ကျင်
တတ်ပါတယ်။
တရားထူးတရားမြတ်နဲ့လဲဆန့်ကျင်နေပါတယ်။ ဒါ့ကြောင့်ဒီပုဂ္ဂိုလ်မျိုးဟာဆရာကောင်းနဲ့တွေ့ဖို့မလွယ်လှပါဘူး။ တရားအားထုတ်သူအ
နေနဲ့အလွန်ပဲဆင် ခြင် ဖို့လိုအပ်ပါတယ်။
အလွန်သိမ်မွေ့တဲ့မာနက လေးကပင်
တရားရ ရေးမှာအ နှောက်အယှက်ဖြစ်တတ်သေးတယ်ဆိုရင်ကြီးကျယ်တဲ့မာနဆိုရင်တော့
ဘယ်လိုမှပြောပြလို့မဖြစ်နိုင်တော့ပါဘူး။
သန္တုဿကောစ။ ရသမျှနဲ့မ
ရောင့်ရဲနိုင် သူဟာ ကြောင့်ကြဗျာပါရများတတ်ပါတယ်။မ ရောင့်ရဲနိုင် တဲ့အတွက်
လောဘတကြီး ရှာဖွေရပါတယ်။ ရှာလို့မရတဲ့အခါ စိတ်ဆိုးစိတ်မချမ်းသာဖြစ်
ရတယ်။ရပြန် ရင် လည်းငါမို့ရနိုင် တာဆိုပြီး
မာနတက်ပြန်တယ်။ဒါတွေဟာမေတ္တာနဲ့ဆန့်ကျင် ဖက်သဘာဝ
တွေပါဘဲ။ဒါ့ကြောင့်ရသမျှလေးနဲ့ ရောင့် ရဲတင်းတိမ်ပြီးနေနိုင်
အောင်ကြိုးစားရမယ်။ ပစ္စည်းလာဘ် လာဘ ရတာမရတာနဲ့စပ်လျဉ်းပြီး
တစုံတရာစိတ်မချမ်းမ မြေ့မဖြစ်တာသည်ပင် လျင် တရားတိုးတက်ဖို့ရာအတွက်အ
ထောက်အပံ့ကောင်း တစ်ခုပါဘဲ။ ဒါတွေကိုယောဂီပုဂ္ဂိုလ်အ နေနဲ့လိုက်နာကာ ဆန်းစစ်
ကာနေမှသာလျင် ကိလေသာတိုက်ပွဲမှာအသာစီး ရ နိုင် မှာဖြစ်ပါတယ်။
သုဘ
ရောစ။နောက်တစ်ခုက မွေးမြူလွယ်သူဖြစ် ရမယ်။ ရတာကအချို ကိုယ်ကအချဉ်စားချင်
နေတယ်။ ရတာကအချဉ် ဆိုတော့လည်း ကိုယ်ကအစပ်စားချင်
နေပြန်ရော။အဲဒါကကိုယ်ကကိုမွေးမြူရခက်နေ တာပါ။ ကိုယ်
ရတာကအဖြူပေမဲ့ကိုယ့်စိတ်ကအပြာဆိုမှ အပြာကိုလိုချင်နေတယ်။အပြာမရလို့ပူလောင်
နေရတယ်။ အဲဒီလိုစိတ်မျုးရှိသူဟာဘယ်လိုနည်းနဲ့မှစိတ်မချမိး သာနိုင်
တော့ပါဘူး။စိတ်မငြိမ်းချမ်းတော့ပါဘူး။
အပ္ပကိစ္စောစ။ကိစ္စနည်းသူဖြစ်
ရပါမယ်။သိပ်ပြီး တော့ကိစ္စ ဝိစ္စတွေများနေလို့ရှိ ရင် တရားတိုးတက်ဖို့
အတွက်အခက်အခဲရှိနိုင် ပါတယ်။ ဒါ့ကြောင့်စကားပြောတာကိုပျော် မွေ့နေသူ အ
ပေါင်း အသင်းတွေနဲ့ရှုတ်ထွေးနေသူကို အပ္ပကိစ္စ(ကိစ္စ
နည်းသူ)လို့ဆိုလို့မရပါဘူး။တတ်နိုင် သ လောက်
စကားနည်းအောင်နေခြင်းသည်ပင် လျင် တရား တိုးတက် ရာတိုးတက် ကြောင်းပါဘဲ။
သလ္လဟုကဝုတ္တိ။ဆက်ပြီးတော့
ပေါ့ပါးတဲ့အဖြစ် ရှိရမယ်တဲ့။ ဆိုလိုတာကမိမိမှာလိုအပ်တဲ့အသုံးအ ဆောင်
ထက်ပိုပြီးများနေရင် သိမ်းဆည်းရတဲ့ ပြုပြင် ရတဲ့ ကြောင့်ကျရတဲ့
စီမံခန့်ခွဲရတဲ့ ဒုက္ခတွေအလွန်များပြား
လှပါတယ်။အဲဒီဒုက္ဓတွေနဲ့ဖိစီးနေတဲ့သူဟာ ပေါ့ပါးတဲ့သူမဖြစ်နိုင် တော့ပါဘူး။
သန္တိန္ဒြိယောစ။ငြိမ်သက်တဲ့ဣနြေ္ဒရှိရပါမယ်။ ဣနြေ္ဒဆိုတာဒီနေရာမှာ ဒွါရ ခြောက်ပါးကိုဆိုလို တာပါ။ဘယ်အာရုံနဲ့ဆုံဆုံစိတ်မတုံလှုပ်ဖို့ပါဘဲ။
နိပ
ကောစ။ရင့်ကျက်တဲ့ပညာရှိရမယ်တဲ့။ တရားအားထုတ်တဲ့ သူတွေမှာမဖြစ်မ
နေလိုအပ်တဲ့ကိစ္စပါဘဲ။ မိမိကျင့်ရ မဲ့ပဋိပတ်ပါတ်သက်လာရင် ဒီအကျင့်မှန်သလား
မှားသလား။ တရားတိုးတက်မှုရှိမရှိ။ဒါတွေကိုအမြဲသိအောင်ကြိုးစား နေရမှာပါ။
အပ္ပဂဗ္ဘော။မကြမ်းတမ်းမရိုင်းပြသူဖြစ်
ရမယ်။ ဒီအချက်က တော့ရှင်းပါတယ်။ကာယကံ ဝစီကံတွေ
ကြမ်းတမ်းရိုင်းပြသူဟာလောထဲမှာတောင် နေစရာ
နေရာမရှိပါဘူး။အဲဒီလိုလူမျိုးကိုဘယ်သူမှမနှစ်သက်
ပါဘူး။ကြမ်းတမ်းတဲ့အမှုတွေကိုပြုနေ ပြောနေသူ
တစ်ယောက်မှာမေတ္တာတွေရှိနေတယ်ဆိုတာလည်း မဖြစ်နိုင်
ပါဘူး။တရားအသိတွေဖြစ်ဖို့ဆိုတာလည်း အ ဝေးကြီးဝေးလှပါတယ်။ဝီတိက္ကမ
တွေအားရပါးရ ကြူးလွန်နေတဲ့သူဟာမြင့်မြတ်လှတဲ့တရားတွေနဲ့
ဘယ်လိုမှမထိုက်တန်ပါဘူး။
ကုလေသွနနုဂိဒ္စေါ။လူအများနဲ့သံယောဇဉ်ကြီးစွာ
မခင် တွယ် ရဘူးဆိုတာကလူအများနဲ့သားသမီးတွေ နဲ့သံယောဇဉ်ကြီးလွန်းလိုရှိရင်
သူတို့နဲ့ပါတ်သက်ပြီး ဝမ်းသာဝမ်းနည်းဖြစ် ရလွန်းနေတာနဲ့တရားတိုးတက်
ဖို့မလွယ်လှပါဘူး။သူတို့အ ပေါ်ဘက်လိုက်နေရတာမို့ မေတ္တာစစ်စစ်ပွားနိုင်
ဖို့ခက်ခဲတတ်ပါတယ်။
နောက်ဆုံးတစ်ခုက တော့ ပညာရှိသူတော်ကောင်း
တို့ရဲ့ အမြင် မှာပြစ်တင် ကဲ့ရဲ့စရာဖြစ်နေမဲ့ယုတ်ညံ့တဲ့ အကုသိုလ်အ သေးအဖွဲက
လေးကိုတောင် မပြုရ မ ပြောရပါဘူး။
သာသနာနဲ့ကြုံတဲ့အခိုက်မှာလုပ်ခွင့်ရှိတဲ့ကုသိုလ်
လုပ်နိုင် တဲ့ကုသိုလ်မှန်သမျှလုပ်ကိုလုပ်ထားသင့်ပါတယ်။
မေတ္တာကမ္မဋ္ဌါန်းလည်းအားထုတ်သင့်တာပါဘဲ။ အသုဘ ကမ္မဋ္ဌါန်းဘည်းအားထုတ်သင့်တာပါဘဲ။
ဗုဒ္ဓာနုဿတိ မရဏာနုဿတိ စာဂါနုဿတိ စတဲ့အနုဿတိ ဆယ်ပါးလည်းပွားသင့်တာပါဘဲ။
"သတိရှိရင်
အခါခပ်သိမ်းကောင်းမြတ်တယ်။သတိရှိ သူချမ်းသာရာရတယ်။သတိရှိသူရန်သူလည်းလွတ်
တယ်" လို့မြတ်စွာဘုရားထံပါးမှာမဏိဘဒ္ဒဘီလူးက လျှောက်ထားတာကိုဘုရားရှင် က
"သတိမ တော သဒါ ဘဒ္ဒံ သတိမာ သုခ မေဓတိ။ သတိမ တော သုဝေ သေ ယျော ဝေရာ စ
ပရိမုစ္စတိ။ လို့ဖြေကြားတော်မူပါတယ်။ ဆိုလိုတာကသတိရှိရုံနဲ့
ရန်ကမလွတ်မြောက်သေးဘူး သတ္တဝါတိုင်းအ ပေါ်မေတ္တာရှိမှသာဘယ်သူနဲ့မဆို ခိုက်
ရန်မရှိဘေးလွတ်နိုင် တာပါ။
ဒါကြောင့်မေတ္တာသုတ်ကိုရွတ်ဖတ်ပူဇော်ဖို့လည်း
ဘုန်းကြီးတိုက်တွန်းပါတယ်။ မေတ္တာကမ္မဋ္ဌါန်းကိုပွားများဖို့လည်းတိုက်တွန်းပါ
တယ်။ ဘဝမှာကျန် ရှိနေ သေးတဲ့အချိန်တွေမှာလည်း ဒါန သီလ သမထ ဝိပဿနာ
ကုသိုလ်တွေပြုဖို့ လည်းအထူးတိုက်တွန်းရပါတယ်။
်ီ
{အရှင်ခေမာနန္ဒ(ရန်ကင်းတောရ)၏ဥရောပ ယောဂီ၏ဘဝနိဂုံးစာအုပ်မှကူးယူပူဇော်ပါသည်။
http://yatanavasatemple.ning.com/မှတင်ပြသည်။
No comments:
Post a Comment