ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏နေအိမ်တွင် မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်း
တုတော်များကို ထားရှိကိုးကွယ်ကြပါသည်။ မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါး
တို့မှ ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို အခြေခံပြီး လက္ခဏာတော်ငယ်
(၈၀) တို့မှ ဖေါ်၍ ရသမျှ လိုက်နာပြီး ရုပ်လုံးပေါ်အောင် ထုလုပ်ရပါသည်။ ဖူးမြော်ရသူများ ကြည်
ညိုသဒ္ဓါစိတ်များ ဖြစ်ပေါ်လာစေနိုင်မည့် သပ္ပါယ်မှုရှိဖို့လည်း လိုပါသည်။
မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ကိုယ်တော်စား ရုပ်ပွားရုပ်တုတို့ကို စိတ်ကူးထင်ရာ ထုလုပ်
ခြင်းမှာ မဖြစ်သင့်ပါ။ မှားယွင်းသော လောကီအစီအရင်များကို ဖန်တီးခြင်းဖြင့် ကိုယ်ကျိုးရှာအမြတ်
ထုတ်သော အင်အားစုများရှိပါသည်။ ယင်းအင်အားစုများက မည်သည့်အစီအရင်ဖြင့် ထုလုပ်သော်
စီးပွားတက်သည်၊ ရာထူးတိုးသည် ဟူ၍လည်းကောင်း၊ မည်သည့်နေ့သားသည် မည်သည့်အသား
ဖြင့် ထုလုပ်သော ရုပ်ပွားတော်ကို ကိုးကွယ်ပါ ဟူ၍လည်းကောင်း၊ အိမ်တွင် ကျောက်ဆင်းတု မကိုး
ကွယ်ကောင်း ဟူ၍လည်းကောင်း၊ လောကီအယူအစွဲနှင့် အစီအရင်တို့ကို ဖြန့်ဖြူးလျက်ရှိကြပါသည်။
ယင်းအစီအရင်နှင့် အယူအစွဲများသည် ထေရ၀ါဒပိဋကတ်တော်များနှင့် ဆန့်ကျင်ခြားနားနေပါသည်။
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်အခါက ဒေသစာရီ ကြွချီတော်မူရာတွင် ဆင်၊
မြင်း စသည်တို့ကို စီးနင်းတော်မူခဲ့ခြင်းမရှိပါ။ သို့ပါလျက် သာသနာတော်ကို ခုတုံးလုပ် အမြတ်ထုတ်
လျက်ရှိသော အင်အားစုများသည် ဆင်ခံဘုရား၊ မြင်းခံဘုရားတို့ကို ကိုးကွယ်လျှင် မည်သို့ကြီးပွား
အောင်မြင်မည်ဟု ၀ါဒဖြန့်ဖြူးကြပြန်သည်။ ဆင်ခံဘုရား၊ မြင်းခံဘုရား ကိုးကွယ်သောကြောင့်
စီးပွားတက်မည်ဟူ၍ ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် ဖေါ်ပြထားခြင်း လုံးဝ(လုံးဝ) မရှိပါ။
ဤသည်နှင့်စပ်လျဉ်း၍ ညောင်ဖြူပင်ရွာဓူဇင်ကျောင်းဆရာတော်ဘဒ္ဒန္တသုဇာတက မိန့်သည်
မှာ== “ ဒကာကြီးရယ် ထေရ၀ါဒ ဗုဒ္ဓဘာသာမှာတော့ ဆင်ခံဘုရား ကိုးကွယ်လို့ စီးပွားတက်မယ်၊
မြင်းခံဘုရား ကိုးကွယ်လို့ ရာထူးတက်မယ်ရယ်လို့ ဗုဒ္ဓကျမ်းဂန်မှာ မဖေါ်ပြခဲ့ပါဘူး။ ဝေဒကျမ်းတွေ
မှာတော့ ရှိကောင်းရှိမယ်။ လူတွေဟာ ခက်တယ် ဒကာကြီးတို့ရဲ့။ ဝေဒကျမ်းထွက်တွေရဲ့ အဆိုအ
တိုင်း တနင်္လာသားမို့ ကျားရုပ်ခံတဲ့ဘုရား ကိုးကွယ်ချင်တာနဲ့၊ ဗုဒ္ဓဟူးသားမို့ ဆင်ခံဘုရားထုလုပ်ပြီး
ကိုးကွယ်ချင်ရတာနဲ့ ကိုယ့်သဘော ကိုယ်ဆောင်တာပေါ့လေ။ လက်ရှိကမ္ဘာမှာ ထေရ၀ါဒဗုဒ္ဓဘာသာ
ဝင်တို့ရဲ့ တစ်ဆူတည်းသော ကိုးကွယ်ရာ ဘုရားဟာ ဂေါတမ လို့ အာရုံညွတ်ပြီးကိုးကွယ်ပါ။ ဂေါတမ
ဗုဒ္ဓရဲ့ လမ်းစဉ်ကို တတ်နိုင်သမျှလိုက်နာပါ။ အကျိုးထူးမှာ ဧကန်ပါ။ ”
ထေရ၀ါဒဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ကိုယ်ကျိုးရှာ အမြတ်ထုတ်သော လောကီအစီ
အရင် ဖန်တီးမှုများကို ရှောင်ရှားနိုင်ကြပြီး နိဗ္ဗာန်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။ ။
{မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒများမှ ကောက်နုတ်ရေးသားပါသည်။ }
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
-------------------------------------------------------------------------------------------
“တို့လိုအပ်သည်။”
==========
ဘာသာအသိ၊ ဗလာရှိတော့
အားပျော့ခြံတိုင်၊ မတ်မခိုင်ဘဲ
ယိုင်လဲဖြိုကာ၊ တွန်းဝင်လာငြား
မိစ္ဆာမှားယူ၊ ထိုထိုသူတို့ကြောင့်.....
တို့ရဲ့ဘာသာ၊ သာသနာဟာ..
“ခြံမခိုင်လို့၊ ငိုမှာလား...?”
“ငေးငိုင်နေလို့၊ ငိုမှာလား...?”
ထိုသို့အခြေ၊ မဖြစ်လေအောင်
ဓမ္မ ဓမ္မ၊ စကူးလ်ကမှ
အခြေကျကျ၊ ဘ၀လှပြီး
ဆိုးစကိုဖယ်၊ ကောင်းဖွယ်ကိုကျင့်
ကြိုးစားနှင့်တော့၊ ရင့်ကျက်သိမှန်
အမှန်သိကာ၊ နောင်လာမျိုးဆက်
အကျိုးတွက်ကို................
တို့လိုလူကြီး....................
သတိကြီးစွာ၊ ဆောင်ရွက်ပါမှ
ဘာသာဂုဏ်ရောင်၊ ထွန်းပြောင်လာမည်။
ရင်မှာကိုယ်စီ .. သိစေသတည်း။
ရင်မှာကိုယ်စီ .. ရှိစေသတည်း။
( သိဒ္ဓိမောင်ဆွမ်းလောင်း၊ လက်ကမ်းစာစောင်မှ)
No comments:
Post a Comment