၁။ ဟိတဖရဏ မေတ္တာ = သတ္တ၀ါ အပေါင်းတို့ ဘေးကင်းခြင်းကို လိုလားခြင်း။
၂။ ဥပစာရ မေတ္တာ = ရန်သူ၊ ချစ်သူ၊ လျစ်လှူရှုသူ၊ ဤ ၃- ယောက်တို့ကို ကိုယ်နဲ့ အတူ
ချစ်ခြင်း။
၃။ အပ္ပနာ မေတ္တာ = ဈာန်စိတ်နှင့် ယှဉ်သော ချစ်ခြင်း တို့ ဖြစ်ပါတယ်။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ တဆင့်ကူးယူရေးသားပါသည်။ }
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanadi.tk
http://www.damanadi.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
==============================
“ ဂုဏ်အလှ ”
=========
* ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။
* ရွှေဂုဏ်ငွေဂုဏ်၊ ရာထူးဂုဏ်သည်
လူ့ဘုံလောက၊ အကာမျှတည့်၊
သူက ငြူစူ၊ မကြည်ဖြူ၍
ခွာယူလိုက၊ ခွာ၍ရ။
* ရိုးဂုဏ်ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်
လူ့ဘုံလောက၊ နှစ်သာရတည့်
သူက ငြူစူ၊ မကြည်ဖြူလည်း
ခွာယူမရ၊ ကွာမကျ။ ။
(ဇော်ဂျီ)
No comments:
Post a Comment