လေးပါးကို သူတော်ကောင်းတို့ ဖတ်ပြီးလျှင်ဖြစ်နိင်၏ မဖြစ်နိင်၏ ကိုယ်တိုင်စဥိးစားတွေးခေါ် ဆုံဖြတ်နိင်ကြရန်မေတ္တာဖြင့် တင်ပြလိုက်ရပါသည်...။
၁။ ၀ိနိပါတဘေးခေါ်ခြင်းကား သေလျှင်ဘယ်ဘ၀ရောက်မည်မသိ ပရမ်းပတာ ကျချင်ရာကျ ဖြစ်ချင်ရာဖြစ် အစိုးမရ
မိုးဦးကျချောင်းရေနှင့် လေပွေ လေရူးတို့၌ ပါသွားသော သစ်ရွက်ခြောက် ကဲ့သို့ပေါက်လွတ်တလကြမ်း ပရမ်းပတာ ဖရိုဖရဲ
အမြဲသံသရာကြီးထဲ၌ကြဲ၍ကျရခြင်းကို ခေါ်သည်။
၂။ ဒုစရိတဘေး ခေါ်ခြင်းကား ဘ၀ကြီးငယ် အသွယ်သွယ်တို့၌ အသက်မွေးမှု လင်သား, မယားကျွေးမှုအတွက် ဒုစရိုက် ၁၀-ပါး
တရားတို့နှင့်ကြံစည်လုပ်ကိုင်နေထိုင်ရခြင်းကို ခေါ်သည်။
၃။ အပါယဘေးခေါ်ခြင်းကား သောတာပန်မဖြစ်သမျှ အပါယ်ကလွတ်မည်မဟုတ်၊ လောကီကုသိုလ်၊ ဒါန,သီလ,သမထ,
ဘာဝနာတရားတို့ကိုဘယ်လိုပင်ဆည်းပူးအားထုတ်သော်လည်း ၄င်းကုသိုလ်အတိုင်း လူ့ပြည်နတ်ပြည်ကိုသေလျှင်
ဧကန်ရောက်မည်ဟုမဆိုနိုင်၊ စိတ်မချရ မလိုလဲလိုလဲ ပြုကျင့်၍ နေရသော ကုသိုလ်မျိုး ဖြစ်၍ ကံကောင်းထောက်ပံ့ပါမှ
လူပြည်,နတ်ပြည် ကံချော်လျှင် အပါယ် ၄-ပါးသို့ကျရောက်တတ်သည်။ အကယ်၍ လူ,နတ် ချမ်းသာကို ရပါသော်လည်း အမြဲတမ်း
ရမည်မဟုတ်၊ နောက်ထပ် အသစ်တဖန်ထပ်၍ ဆည်းပူးရခြင်း တဘ၀ချမ်းချမ်းသာသာ နေဘို့ရာကို တဘ၀လုံး
ကုသိုလ်ကောင်းမှုပြုကျင့်မှ တဘ၀တနပ်စာကိုရသော ကုသိုလ်မျိုး အနိယတ မမြဲသောကုသိုလ်မျိုး ဖြစ်၍ အပါယိက
ဘေးတည်းဟူသော ငရဲ, တိရစ္ဆာန်,ပြိတ္တာ,အသူရကာယ်,အပါယ်ဘုံ ကျရောက်ရန် ဘေးအလွန်များခြင်းကို ခေါ်သည်။
၎။ အညသတ္ထဘေးခေါ်ခြင်းကား တဘ၀လျှင်အယူတမျိုးကိုးကွယ်ဆည်းကပ်ခြင်း၊ဘုရားတမျိုးပြောင်းလဲ၍ သွားရခြင်း၊ အယူမှန်ကို
မရခြင်း၊ ဘုရားအမှန်ကို မကိုးကွယ်မိခြင်းကိုခေါ်သည်။
ယခုဘ၀တွင်ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘုရား၊ တရား၊ သံဃာ တို့ကိုကိုးကွယ်သော်လဲ နောင်တဖန်ဘ၀၌ အစ္စလမ်ဘာသာ၊
ခရစ်ယန်ဘာသာ၊ အခြားနတ်ကိုးကွယ်သောဘာသာ ၀င်ဖြစ်သွားနိင်ခြင်းတို့ ဖြစ်သည်။
၎င်းဘေးကြီးလေးပါးမှာ ပုထုဇဉ်တို့သတိမမူဘဲ ဖာသိဖာသာ သေလွန်သွားခဲ့ပါမူ လွန်စွာကြောက်ဖွယ်ရာ ဘေးဆိုး ဒုက္ခတို့နှင့်
တွေ့ကြုံနိင်ကြောင်းကို မေတ္တာရှေ့ထား၍ အသိပေးနှိုးဆော်ရခြင်း ဖြစ်ပါသည် မျက်ကန်းတစ္ဆေမကြောက် ဟူသောစကားပုံ
မျိုးမဖြစ်ကြပါစေရေန်ဆုတောင်းရင်းဖြင့် သူတော်ကောင်းတို့ကို အသိပေးလိုက်ရပါသည်...။
ဓမ္မစေတီဆရာတော်၏ဟောကြားချက်များကိုထုတ်နှုတ်၍ ကိုယ်တိုင်ရေးသည်...။
No comments:
Post a Comment