“သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်။ ပြီးတော့
သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှ အပြစ်တွေလည်း ဆေးကြော ဖယ်
ရှားပေးမယ်။ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်။ ချမ်းသာသုခတွေနဲ့ ပြည့်စုံအောင်လည်း အစစ တာ
ဝန်ယူတယ်” ဆိုတဲ့ အာမခံချက် အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေအောင် ပြော
ပြကြပါတယ်။
ပြီးတော့ သူတို့က “မင်းတို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ဘုရားဆိုတာ လူကဖြစ်လာတဲ့ဘုရား
ဖြစ်လို့ လူတွေလိုပဲ သေသွားခဲ့ပြီ။ အခု မရှိတော့ဘူး။ အဲဒီတော့ မင်းတို့ဟာ မရှိတဲ့ ဘုရားကို ကိုး
ကွယ်နေကြသူတွေ ဖြစ်မနေဘူးလား?။ တို့ ဘုရားသခင်က တို့အတွက် လုံးဝအပြည့်အစုံ တာဝန်
ယူပြီး အာမခံချက်ပေးသလို မင်းတို့ ဘုရားသခင်ကကော မင်းတို့အတွက် ဘယ်လိုတာဝန်ယူသလဲ၊
ဘာတွေအာမခံချက် ပေးသလဲ?။ ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာတဲ့အခါ မိမိရှင်းပြခဲ့တာကတော့=
“လက်ရှိ ကိုးကွယ်နေကြတဲ့ ဘာသာတရားတွေကို ချမှတ်တည်ထောင်ခဲ့ကြတဲ့ ဦးစီးခေါင်း
ဆောင်ဆိုတဲ့ ပုဂ္ဂိုလ်တွေအားလုံးထဲမှာ ဘယ်ခေတ်က၊ ဘယ်အရပ်မှာ၊ ဘယ်မိ ဘယ်ဖက ဖွားမြင်
တယ်။ ငယ်နာမည်က ဘယ်လိုခေါ်တယ်။ ဘယ်အရွယ်မှာ ဘုရားဖြစ်တယ်။ ဘယ်လိုတရားတွေကို
ဘယ်အရပ် ဘယ်ဒေသမှာ ဘယ်ပုဂ္ဂိုလ်ကို အကြောင်းပြုပြီး ဟောခဲ့တယ်” စတဲ့ သေချာရေရာတဲ့
မှတ်တမ်းမှတ်ရာ သမိုင်းအထောက်အထား ခိုင်ခိုင်လုံလုံ ရှိတာဆိုလို့ ဗုဒ္ဓဘာသာဝင်တွေ ကိုးကွယ်
နေတဲ့ “ဂေါတမမြတ်စွာဘုရား” တစ်ဆူတည်းသာ ရှိတယ်ဆိုတာ ဒီနေ့ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်
နေတဲ့ ကမ္ဘာ့ပညာရှင်တွေ အားလုံကလည်း အလေးထား သိမှတ်ထားကြတာ အားလုံးအသိပါ။
ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တဲ့ မဇ္ဈိမဒေသ(အိန္ဒိယ၊ နီပေါနိုင်ငံတွေ) မှာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်
ထောင်ကျော်က အသောကမင်းကြီး ရေးထိုးစိုက်ထူခဲ့တဲ့ ဒီမှတ်တမ်း ကျောက်စာတွေ၊ ကျောက်
တိုင်ကြီးတွေကို ကမ္ဘာ့ပညာရှင်တွေ အားလုံတို့ကလည်း အလေးထား အသိအမှတ်ပြုကြတယ်ဆို
တာ အားလုံးသိကြမှာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ အရေရာဆုံး၊ အခိုင်မာဆုံး၊ အ
ထောက်အထားပြနိုင်တဲ့ ဘာသာတရားဖြစ်တယ်ဆိုတာ ဘယ်ပညာရှင်ကမှ မငြင်းဆန်ပါဘူး။
နောက်တချက်က “ဗုဒ္ဓမြတ်စွာ အခုဘယ်မှာရှိသလဲ?” ဆိုတဲ့ကိစ္စပါ။ ဂေါတမ မြတ်စွာဘုရား
ရှင်ဟာ (၄၅) ၀ါတိတိ သက်ရှိထင်ရှားနေထိုင်ခဲ့ပြီး တရားဓမ္မတွေကိုလည်း မရပ်မနားလို့ ဆိုရ
လောက်အောင်
ဟောတော်မူခဲ့တာပါ။ သက်တော် (၈၀) အရွယ်၊ ၀ါတော် (၄၅) ၀ါ ပြည့်ပြီးချိန်မှာ
ပရိနိဗ္ဗာန်စံသွားပါတယ်။ ပရိနိဗ္ဗာန်စံဝင်ခါနီးမှာ အလုပ်အကျွေးဖြစ်တဲ့
အရှင်အာနန္ဒာမထေရ်ကို
ဘုရားရှင် မိန့်ကြားခဲ့တဲ့စကား ရှိပါတယ်။ “ ငါ ဘုရားရှင် ပရိနိဗ္ဗာန်စံသွားပြီ၊ ခန္ဓာရုပ်ဒြပ်ကြီး ကွယ်
ပျောက်သွားပြီဆိုတာနဲ့ ကိုးကွယ်ရာမဲ့သွားပြီ၊ ဘုရားမရှိတော့ဘူးလို့ မမှတ်ယူပါနှင့်၊ ငါ ဘုရားရှင်
(၄၅) ၀ါပတ်လုံး ဟောကြားခဲ့တဲ့ တရားပုဒ်စု (ဓမ္မက္ခန္ဓာ) ရှစ်သောင်းလေးထောင်တို့ဟာ ငါဘုရား
ရှင်ရဲ့ ကိုယ်စားတွေပါပဲ၊ ဒီ တရားပုဒ်စုတွေ ထင်ရှားရှိနေသမျှ ငါဘုရား ထင်ရှားရှိနေတယ်လို့ ခံယူ
ကြပါ ” ဆိုတဲ့ မှာတမ်းစကားပါ။
ဒါကြောင့် “ မြတ်စွာဘုရား အခု ဘယ်မှာရှိသလဲ ” ဆိုရင် ဓမ္မက္ခန္ဓာ တရားတော်တွေရှိတဲ့
နေရာမှာ ရှိတယ်လို့ ပြောရမှာပါ။ ဒါကို ကြည့်လိုက်ရင် ဗုဒ္ဓဘာသာဝင်များဟာ မရှိတော့တဲ့ ဘုရား
ကို ကိုးကွယ်နေကြသူတွေ မဟုတ်ဘူး။ ထင်ရှားတဲ့ မြတ်ဗုဒ္ဓရဲ့ကိုယ်စား တရားတော်တွေကို လိုက်
နာကျင့်သုံး ပူဇော်နေကြသူတွေ ဖြစ်တယ်ဆိုတာကို အထူးသိမှတ်သင့်ပါတယ်။ ထပ်ပြီးသတိပေးလို
တာကတော့ “ ဗုဒ္ဓဘာသာဆိုတာ ကိုးကွယ်ပသရေး ဘာသာတရား မဟုတ်ဘူး၊ လိုက်နာကျင့်သုံး
ပူဇော်ရေး ဘာသာတရားသာ ဖြစ်တယ် ” ဆိုတာကို အလေးအနက် နားလည်ကြရမှာ ဖြစ်ပါတယ်။
{ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏ ဘယ်ကျောင်းနေမလဲ မောင်ရေခဲနှင့် အာခံတွင်းက ဖွားသူ
များ မှ ကောက်နုတ်ရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
--------------------------------------
“ ကုသိုလ်ရေးမို့ ကြိုးစားမည် ”
================
* ဗုဒ္ဓမြတ်စွာ၊ လောင်းလျာတုန်းက
နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ၊ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည်။
* ဗုဒ္ဓမြတ်စွာ၊ သာသနာအတွက်တော့
ငါပါအသက် ဆုံးစေမည်။
* စိတ်မပျက်ပေါင်၊ ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည်။
( မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
No comments:
Post a Comment