ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ စသည်တို့တွင် “အစဉ်အလာ” ဆိုသလို
ဆောင်ရွက်နေသည်များ ရှိပါ၏။ အစဉ်အဆက် အများသူငှာ ဆောင်ရွက်လာသည့် အတွက် အစဉ်
အလာဖြစ်တိုင်း မစူးစမ်း၊ မဆင်ခြင်၊ မဝေဖန်၊ မသုံးသပ်ဘဲ လိုက်နာဆောင်ရွက်ရန် မသင့်ပါ။
ထေရ၀ါဒ ပိဋကတ်တော်များကို မြန်မာပြန်ဆိုမှု အပြုနိုင်သေးသောအချိန်၊ ပြည်သူလူထုကြားဝယ်
ရှင်းလင်းသော မြန်မာစကားပြေ အရေးအသားဖြင့် ရေးသားထားသော ဓမ္မစာပေ၊ စာအုပ်များ ပျံ့နှံ့
မှု မရှိသေးချိန်၊ ဘာသာပြန် စာပေများ မဖွံ့ဖြိုးသေးချိန်၊ ခေတ်မီ အတွေးအခေါ် ဗဟုသုတတို့
ကျယ်ကျယ်ပြန့်ပြန့် မရှိသေးချိန်များက လက်ခံကျင့်သုံးခဲ့သော အစဉ်အလာများကို “အစဉ်အလာ”
ဆိုပြီး လိုက်နာဆောင်ရွက်ရန် မသင့်ပေ။
အစဉ်အလာတို့တွင် ထေရ၀ါဒ ဗုဒ္ဓ ဓမ္မနှင့် ကိုက်ညီသည်တို့လည်း ရှိမည်။ မကိုက်ညီသည်တို့
လည်း ရှိမည်။ အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်သည်တို့ ရှိသလို အကျိုးမဲ့စေနိုင်သည်တို့လည်း ရှိမည်။
မျက်မှောက် အခြေအနေ အချိန်အခါတို့အရ ဆောင်ရွက်သင့်သည်တို့ ရှိသလို မဆောင်ရွက်သင့်
သည် တို့လည်းရှိမည်။ ယင်းသို့ ရှိရာတွင် ဤ အစဉ်အလာကား ထေရ၀ါဒ ဗုဒ္ဓ ဓမ္မနှင့် ညီညွတ်၊ မညီ
ညွတ်။ ဤ အစဉ်အလာကား အကျိုးစီးပွားကို ဖြစ်စေနိုင်၊ အကျိုးစီးပွားကို မဲ့စေနိုင်။ ဤ အစဉ်အ
လာကား အခြေအနေ၊ အချိန်အခါနှင့် သင့်လျော်၏၊ ဤ အစဉ်အလာကား အခြေအနေ၊ အချိန်အခါ
နှင့် မကိုက်ညီ ဟူ၍ ဝေဖန်စီစစ် ရပေလိမ့်မည်။ အစဉ်အလာ ဟူသမျှကို ထေရ၀ါဒ မှတ်ကျောက်ပေါ်
တင်ပြီး လက်ခံသင့်သည်တို့ကို လက်ခံ၍ လက်မခံသင့်သည်ကို ပစ်ပယ်ရပေလိမ့်မည်။
အသိပညာ နည်းပါးသူများကလည်း စာအုပ်ထဲပါလျှင် အမှန်ဟု ထင်တတ်သည်။ မိမိ၏ အတ္တ
နောမတိဖြင့် ငွေကြေးအလို့ငှာ ပရိသတ်အကြိုက်လိုက်ပြီး ရေးနေသော ဂမ္ဘီရစာပေတို့ကို အမှန်ဟု
ထင်လျှင် တစ်ဘ၀တာ အတွက်သာမက တစ်သံသရာလုံး စုံးစုံးနစ်ပေတော့မည်။ အဓိကကျသည်မှာ
ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ခွဲခြားနိုင်ဖို့ လိုပါသည်။
အရာရာမှာ အသိဉာဏ် လိုလှကြောင်းကို ကျေးဇူးရှင် ဒီပဲယင်းဆရာတော်ကြီးက ဤသို့မိန့်
တော် မူပါ၏။ “ ရှင်ရောလူရော ရှေးအစဉ်အလာဆိုလျှင် အမှန်ချည်းပဲသာ ထင်တတ်၏။ လူတို့က
လည်း ဘုန်းကြီးများပြောလျှင် ကျမ်းဂန်ထွက် ထင်တတ်သည်။ ကျမ်းဂန်ဆိုလျှင် ဘုရားဟော ကျမ်း
ဂန်ကဲ့သို့ အလွန်အလေးပြုကြ၏။ ကျမ်းဂန်တွေကလည်းရှုပ်၊အသိဉာဏ်တွေကလည်း နုပ်ကြလှ၏။
အရာရာမှာ အသိဉာဏ် လိုလှ၏။ အစဉ်အလာ ဆိုသော်လည်း နဂိုမှန်မှ မှန်မည်။ ကျမ်းဂန်ဆိုသော်
လည်း ပါဠိတော် အဌကထာကိုချန် နဂိုမှန်မှ မှန်သည်။”
သူတော်ကောင်းတို့ကလည်း အစဉ်အလာဆိုတိုင်း လိုက်နာဆောင်ရွက်ရန်မသင့်ဟု သိရှိနား
လည်ပြီး အသိပညာ၊ ဗဟုသုတ ကြွယ်ဝကာ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ခွဲခြားနိုင်၍ နိဗ္ဗာန်သို့တိုင်
ရရောက်နိုင်ကြပါစေ။
{မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏ သြ၀ါဒများမှ ကောက်နုတ်ရေးသားပါသည်။}
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.facebook.com/damanady.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
---------------------------------------------------------------------------------------------------
“တို့လိုအပ်သည်။”
==========
ဘာသာအသိ၊ ဗလာရှိတော့
အားပျော့ခြံတိုင်၊ မတ်မခိုင်ဘဲ
ယိုင်လဲဖြိုကာ၊ တွန်းဝင်လာငြား
မိစ္ဆာမှားယူ၊ ထိုထိုသူတို့ကြောင့်.....
တို့ရဲ့ဘာသာ၊ သာသနာဟာ..
“ခြံမခိုင်လို့၊ ငိုမှာလား...?”
“ငေးငိုင်နေလို့၊ ငိုမှာလား...?”
ထိုသို့အခြေ၊ မဖြစ်လေအောင်
ဓမ္မ ဓမ္မ၊ စကူးလ်ကမှ
အခြေကျကျ၊ ဘ၀လှပြီး
ဆိုးစကိုဖယ်၊ ကောင်းဖွယ်ကိုကျင့်
ကြိုးစားနှင့်တော့၊ ရင့်ကျက်သိမှန်
အမှန်သိကာ၊ နောင်လာမျိုးဆက်
အကျိုးတွက်ကို................
တို့လိုလူကြီး....................
သတိကြီးစွာ၊ ဆောင်ရွက်ပါမှ
ဘာသာဂုဏ်ရောင်၊ ထွန်းပြောင်လာမည်။
ရင်မှာကိုယ်စီ .. သိစေသတည်း။
ရင်မှာကိုယ်စီ .. ရှိစေသတည်း။
( သိဒ္ဓိမောင်ဆွမ်းလောင်း၊ လက်ကမ်းစာစောင်မှ)
No comments:
Post a Comment